အချစ်နဲ့ နားလည်မှု

သင့်ကို နားလည်မှု ပေးနိုင်သူ တစ်ယောက်က အချင်းချင်း စိတ်လက် ချမ်းသာစေတဲ့ အချစ်ကို သယ်ဆောင် ပေးလာနိုင်သတဲ့။

သင့်ကို နားလည်မှု မပေးနိုင်သူ တစ်ယောက်က နောက်ဆုံးမှာ သင့်ကို ဆင်ခြေတွေးတောစရာ တစ်ခုပေးပါသတဲ့။ အဲဒီတွေးတော စရာက "လူ့ဘဝမှာ ချစ်တာထက် နားလည်မှု ရှိတာဟာ ပိုအရေး ပါတယ်" ဆိုတာ ပဲဖြစ်တယ်။

"သင့်ကို နားလည်တဲ့သူ ချစ်ပါစေ"ဆိုတဲ့ သီချင်းဟောင်း တစ်ပုဒ်မှာ သီချင်း စာသားတစ်ခုက.....

"ချစ်တယ် ကြိုက်တယ် ဆိုတာ တစ်ဘက်သားရဲ့ နေထိုင်မှုထဲ ဝင်ရုံတင် မဟုတ်ဘူး.. အချင်းချင်းရဲ့ဘဝထဲ ပိုဝင်နိုင်ရမယ်" လို့ ဆိုထားပါတယ်။ အချစ်ရဲ့ အမြင့်ဆုံး အဆင့်က "နားလည်မှု "ဖြစ်တယ်။

"နားလည်တာလား၊ ချစ်တာလား"ဆိုတာကို လူတွေက ရွေးချယ်မှုပုစ္ဆာအဖြစ် သဘောထားပြီး လူအများက "ချစ်တယ်"ဆိုတာကို ရွေးချယ် တတ်ကြတယ်။ နားလည်တာထက် ချစ်ရတာဟာ လူကို ပိုကြည်နူးစေတယ် လို့ သူတို့ထင်ကြ လို့ဖြစ်တယ်။

တကယ်တမ်းတော့ ဒီလိုမဟုတ် ခဲ့ပါဘူး...

မကြာခဏမြင်တွေ့နေရတဲ့ မပျော်ရွှင်တဲ့ ချစ်သူရည်းစားတွေ၊ လမ်းခွဲပြတ်စဲသွားကြတဲ့ ချစ်သူ ရည်းစားတွေ ဟာ အချင်းချင်း မချစ်ကြလို့မဟုတ်ဘူး။ အချင်းချင်း နားလည်မှုမပေးနိုင်ကြလို့ဖြစ်တယ်။ လူ့လောကထဲမှာ အချင်းချင်းနာကျင်အောင် ညှင်းပန်းနှိပ်စက်နေကြတဲ့ လင်မယား၊ ချစ်သူစုံတွဲတွေဟာ မချစ်ကြလို့ မဟုတ် ဘူး။ နားလည်မှုမရှိကြလို့ဖြစ်တယ်။

ချစ်သူဖြစ်ချိန်မှာ မိန်းကလေးတွေက ယောက်ျားလေးတွေကို နားလည်မှုပေးနိုင်တယ်လို့ သူတို့ကိုယ်သူတို့ ထင်ခဲ့ကြတယ်။ အသည်းကွဲလမ်းခွဲချိန်ရောက်မှ အရင်ကနားလည်ခဲ့တဲ့ "နားလည်မှုတွေ"ဟာ "နားလည်မှု အလွဲ"တွေဆိုတာကို သူတို့သိကြရတယ်။

မိန်းကလေးတွေက နားလည်မှု မရှိဘူးလို့ ယောက်ျားလေးတွေက ထင်ကြတယ်။

မိန်းကလေးတွေ ကိုယ်တိုင်က သူတို့ကိုယ်သူတို့ နားလည်မှု ရှိတယ်လို့ ထင်ကြတယ်။

ယောက်ျားလေးတွေရဲ့စိတ်ကို မိန်းကလေးတွေ နားမလည်ကြဘူးလို့ ယောက်ျားလေးတွေက ထင်ကြတယ်။ ဒါဟာ မိန်းကလေးတွေရဲ့ စိတ်ဒုက္ခကို ယောက်ျားလေးတွေ နားမလည်လို့လို့ မိန်းကလေးတွေက ထင်ကြ တယ်။ ဒါကြောင့် နှစ်ယောက် ကမ္ဘာမှာ နားလည်မှုရှိဖို့က ချစ်ဖို့ထက် ပိုလုပ်နိုင်ဖို့ ခက်ခဲခဲ့တယ်။

သင့်ကို နားလည်မှုပေးနိုင်သူ တစ်ယောက်က သင်လိုချင်တဲ့ ပုံစံနဲ့ သင့်ကို ချစ်တယ်။

သင့်ကို နားလည်မှု မပေးနိုင်သူ တစ်ယောက်က သူလိုချင်တဲ့ ပုံစံနဲ့ သင့်ကို ချစ်တယ်။

သင့်ကို နားလည်မှု ပေးနိုင်သူ တစ်ယောက်က တစ်ဝက်လုပ်ပြီး ဆတိုးခံစားတယ်၊ ချစ်ရတာလည်း သက်တောင့်သက်သာ ရှိပြီး စိတ်ချမ်းမြေ့စေတယ်၊ သင့်ကိုလည်း ပျော်ရွှင်မှုတွေ ခံစားစေတယ်။

သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က ဆတိုးလုပ်ပြီး တစ်ဝက်ပဲ ခံစားတယ်။ ချစ်ရတာလည်း စိတ်ပင်ပန်း၊ လူပင်ပန်းစေတယ်၊ သင့်ကိုလည်း ပျော်ရွှင်မှုမပေးနိုင်ဘူး။

သင့်ကို နားလည်မှု ပေးနိုင်တဲ့သူ သင့်ကို ချစ်ပါစေ...
ချစ်တယ်ဆိုတိုင်း နားလည်မှုပေးနိုင်သူ မဟုတ်ပါဘူး။
အချစ်ကို အညံ့ခံ၊ အရှုံးပေးလိုက်ရတဲ့ လူတွေ အများကြီးပါ။ ဒါပေမဲ့ အဲဒီလို အညံ့ခံပြီးနောက် နောက်ဆုံးမှာ သူတို့သဘောပေါက် လိုက်တာက "နားလည်မှု မပေးနိုင်သူ တစ်ယောက်ရဲ့ အချစ်ဟာ ချစ်လေ နာကျင် ညှင်းပန်းမှုများလေ" ဆိုတာပဲဖြစ်တယ်။

မူရင်းလင့် --- http://www.duwenzhang.com/wenzhang/aiqingwenzhang/ganwu/20110822/197585.html

နိုင်းနိုင်းစနေ(Sunday, August 28, 2011)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...