ညလိမ်းခရင်မ်နဲ့ ဆောင်းရာသီ အသားအရေ ထိန်းသိမ်း စောင့်ရှောက်မှု

အချိန်တန်ရင် နုပျိုခြင်းတွေ အိမ်ပြန် ရမယ်ဆိုတာ လက်ခံပေမယ့် အချိန်တန် အရွယ် မတိုင်ခင်မှာပဲ ရင့်ရော်ခြင်းတွေက လက်မခံနိုင် စရာပါပဲ။ ဒါ့အပြင် အချိန်တန်ပေမယ့် အရွယ်တင်ပြီး နုပျိုနေတာဟာ အားကျချင် စရာပါပဲ။ ဒါတွေဟာ ဘာကြောင့်လဲလို့ ဘဇာထုတ်ခဲ့မယ် ဆိုရင် အသားအရေကို အချိန်မှန်မှန် ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်တဲ့ အခါမှာ နေ့ခင်း အလင်းထွက်တဲ့ အချိန်မှသာ ညအမှောင် ဆိုက်လို့နေ အလင်းသုဉ်း ချိန်မှာလည်း ကာကွယ် စောင့်ရှောက်မှသာ ကောင်းမွန်စွာ ထိန်း သိမ်းစောင့်ရှောက် ရာကျတယ်လို့ မည်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အရေပြားရဲ့ နုပျိုမှုအတွက် လုပ်ဆောင်တဲ့ လုပ်ငန်းဆောင် တာတွေကို ညဘက်ကျမှသာ လုပ်ဆောင်လေ့ ရှိပြီး တခြားအချက် များစွာကြောင့်လည်း ပါဝင်တဲ့အတွက် ဖြစ်တယ်။

နေ့ခင်းဘက်ကာလမှာ အသားအရေဟာ နေရောင်ခြည်ဒဏ်၊ လေဒဏ်၊ အပူဒဏ်၊ ပတ်ဝန်းကျင်က ညစ်ညမ်းမှု အမျိုးမျိုးဒဏ်စတဲ့ အချက်များစွာဟာ အသားအရေအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်လာပါတယ်။ ဒါကြောင့် အလင်းဖြာတဲ့ ညအခင်းလေးမှာလည်း အသားအရေ ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ကြောင်း ပြောဆိုရင်း သိသင့်သမျှကို ရွေးချယ်ဖော်ပြ လိုက်ပါတယ်။

ညဘက် အသားအရေ ထိန်းသိမ်းခြင်း ဆိုင်ရာ သိသင့်သည်များ

၁။ ညစဉ် အိပ်ရာမဝင်ခင် မျက်နှာကို ဆေးကြောပြီးမှ အိပ်ပါ။ မိတ်ကပ် လိမ်းထားတာ ရှိရင်လည်း မိတ်ကပ်ဖျက်တဲ့ ဟာနဲ့ ဖျက်ပြီးမှ အိပ်ရာဝင်ပါ။ Cleanser ဆိုရင်လည်း Mild cleanser ကိုသုံးပေးပါ။

၂။ Toner လည်းသုံးပေးပါ။ ဘာကြောင့်လဲ ဆိုတော့ မိတ်ကပ် လိမ်းထားတဲ့သူကို Makeup remover နဲ့ ဖျက်တာတောင် တခြားအညစ်အကြေး တစ်ချို့ တင်ကျန်နိုင်သေးလို့ ဖြစ်ပါတယ်။Toner က ဒီပြဿနာအတွက် အကောင်းဆုံး ဖြေရှင်းပေးပါလိမ့်မယ်။

၃။ ညလိမ်း moisturizer ကို လိမ်းပေးပါ။ အသားအရေရဲ့ နုပျိုမှုနဲ့ တင်းရင်းမှုကို အထောက်အကူပြုစေ ပါတယ်။

၎။ မျက်နှာပြင် အရေပြားကို ထိန်းသိမ်းစောင့်ရှောက်နေသူများ အတွက် အထူး သတိပေးချင် တာကတော့ လည်ပင်း အရေပြားကိုလည်း အလားတူ ထိန်းသိမ်းစောင့်ရှောက်ပေး ဖို့ပါပဲ။ နို့မဟုတ်ရင် ဗစ်တိုးရီးယား ဘက်ခမ်းလို ရွက်တွတွ လည်ပင်း အရေပြားကြီး ဓာတ်ပုံအရိုက်ခံ နေရပါလိမ့်မယ်။

ညဘက် အသားအရေ ထိန်းသိမ်းနည်း အဆင့်ဆင့်

အဆင့် ၁

ညဘက် အသားအရေ ထိန်းသိမ်းဖို့အတွက် cleanser နှစ်မျိုးနှစ်စား လိုအပ်ပါလိမ့်မယ်။ ဟဲဗီး ခရင်မ် cleanser ကတော့ မိတ်ကပ်ဖျက်ဖို့အတွက်ပါ။ မိတ်ကပ်နေ့တိုင်း လိမ်းလေ့ရှိတဲ့ သူတွေ အတွက်ပေါ့။ နောက်တစ်မျိုးကတော့ မနက်ဖက်ကျရင် သစ်တဲ့ cleanser ပဲသုံးလို့ရပါတယ်။ cleanser ယူပြီးသွားရင် မျက်နှာ စသစ်တော့မယ်။ အရင်ဆုံး ဆံပင်တွေကို မျက်နှာပေါ် မကျလာအောင် သပ်တင်ထား လိုက်ပါ။ ခရင်မ်cleanser နဲ့ မျက်နှာ တစ်ပြင်လုံးကို လိမ်းလိုက်ပါ။ လိမ်းရင်းနဲ့ မျက်နှာပြင်ကို နှိပ်နယ်ပေးပါ။ ပြီးရင်တစ်သျှူးနဲ့ ပွတ်ပြီး သုတ်ပေးပါ။ အပေါ်ပိုင်းကို ပွတ်ပြီး သပ်တင်တဲ့ အနေအထားမျိုး ဖြစ်ရပါမယ်။ ပြီးတော့မှ ကိုယ်သုံးနေကျ cleanserနဲ့ သစ်ပြီး ရေအေးနဲ့ တစ်ဖန်ပြန်ဆေး ကြောပေးရပါမယ်။

အဆင့် ၂

Toner ကို cleanser သုံးပြီးတော့မှ သုံးပေးရမှာ ဖြစ်ပါတယ်။ Tonerကို သုံးတဲ့ အခါမှာလည်း မိမိ အသားရေနဲ့ လိုက်ဖက်တဲ့ အမျိုးအစားကိုသာ ရွေးချယ်သုံးစွဲရမှာ ဖြစ်ပါတယ်။ (ဒါမှ မဟုတ် Toner မသုံးချင် ရင်လည်း ရပါတယ်။ ရိုးရိုးရေအေးနဲ့ပဲ ဆေးကြောပေးပါ။ ဘာကြောင့်လဲ ဆိုတော့ cleanser နဲ့ သစ်ထားပြီး လို့ဖြစ်တယ်။) တခြား Tonerတွေကိုလည်း တို့ဖတ်လေးတို့နဲ့ သုံးစွဲနိုင်ပါသေးတယ်။ Toner သုံးတဲ့ သဘော က ပိုပြီး သန့်စင်ချောမွေ့သွားအောင်လို့ ဖြစ်တယ်။

အဆင့် ၃

ညလိမ်း moisturizerဟာ နေ့လိမ်း moisturizer ထက်ပိုပြီး heavier ဖြစ်ရပါလိမ့်မယ်။ ပြီး၇င် moisturizer နည်းနည်းလောက်ယူပြီး မျက်နှာ စက်ဝိုင်း ပုံသဏ္ဍာန် လိမ်းပေးပါ။ ပြီးရင် နှိပ်နယ်ပေးရပါမယ်။ နှိပ် နယ်ပေးပြီး သွားရင် အိုင်းခရမ်လ် လေးလိမ်းပေးရပါမယ်။ (အိုင်းခရမ်ဟာ အသက် နှစ်ဆယ့်ငါးနှစ်ကျော် တာနဲ့ စလိမ်းသင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီ့ အသက်အရွယ်က စပြီး အရေးအကြောင်းတွေ တွန့်လာ တတ်တယ်လို့ ပါပဲ။)

အသားအရေပိုင်ရှင် အားလုံးအတွက် ရန်သူများ

၁။ အသားအရေအတွက် နေရောင်ခြည်ဟာ နံပါတ်တစ် ကာကွယ်ထား၇မယ့် ရန်သူဖြစ်ပါတယ်။ (၁၁) နာရီကြားနဲ့ နေ့ခင်း(၂) နာရီ ကြားတို့ဟာ အသားအရေ အတွက် အန္တရာယ် အရှိနိုင်ဆုံး အချိန်တွေပဲ ဖြစ် ပါတယ်။ အဲဒီ့အချိန်တွေ အပြင်ထွက်ရင် Sum screen လေးလိမ်းသွားပေးပါ။

၂။ စိတ်ဖိစီးမှုကြောင့်လည်း အသားအရေရဲ့ အရောင်အဆင်းဟာ စကားပြောနိုင်ပါတယ်။ စိတ်ဖိစီးမှု ခံစားလာ ရရင်လည်း အသားအရေရဲ့ အရောင်အဆင်းဟာ များစွာ ပြောင်းလဲ လာနိုင်ပါတယ်။

၃။ အောက်ဆီဂျင်မှ လွဲ၍ တခြားဓာတ်ငွေ့တွေဟာ အသားအရေအတွက် အန္တရာယ် ရှိစေနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်ခြင်းနဲ့ တခြား လေထု ညစ်ညမ်းတဲ့ နေရာတို့မှာ နေထိုင် ကျင်လည်ခြင်း တို့ကို ရှောင်ရှားပေးပါ။

၎။ လက်များနဲ့ မျက်နှာကို ပွတ်သပ်ခြင်းဟာလည်း မျက်နှာ အသားအရေတွက် အန္တရာယ် ရှိစေနိုင်တဲ့ အကျင့်တစ်ခု ဖြစ်ပါတယ်။ လက်ဖဝါးတွေဟာ ပိုးမွှားတွေနဲ့ တခြား အညစ်အကြေးတွေကို အလွယ်တကူ သယ်ဆောင်လာနိုင်တဲ့ နေရာဖြစ်ပါတယ်။ ဒီပိုးမွှားတွေနဲ့ တခြား အညစ်အကြေးတွေကို ရောက်ရှိစေနိုင်တဲ့ အဖြစ်မျိုးကို ရင်မဆိုင်ရအောင် မျက်နှာကိုလက်ဖြင့် ပွတ်သပ်တဲ့ အကျင့်မျိုးကို ရှောင်ရှားပေးပါ။

၅။ သင့်ရဲ့ ခေါင်းအုံးကို တစ်ပတ်တစ်ကြိမ် လဲလှယ်ပေးပါ။ ဆေးကြောပေးပါ။ ခေါင်းအုံးမှာလည်း ဆံပင်နဲ့ လေထဲက အညစ်အကြေးတွေက တစ်ဆင့် ကူးစက်ရောက်ရှိ နိုင်ပါတယ်။

၆။ အလှကုန်တို့ သုံးစွဲတဲ့ အခါမှာ သက်တမ်းကျော်လွန်နေတဲ့ အလှကုန်တွေကို မသုံးစွဲမိစေပါနဲ့။ ဝယ်ယူ လာတဲ့ အခါမှာလည်း ကိုယ့်အသားအရေနဲ့ လိုက်ဖက်သင်တော်တဲ့ အလှကုန်ကိုသာ ရွေးချယ်သုံးစွဲခြင်း ဟာ အကျိုးအာနိသင်ကို ပိုပြီး ထိရောက်စေပါတယ်။


Mg Mandalay
https://www.facebook.com/mg.mandalay
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...