ကလေးများ လည်ပင်း အကျိတ်ထွက်ခြင်းမှာ ရောဂါပိုးကြောင့်သာ ဖြစ်နိုင်ခြေများ

ကလေးများ လည်ပင်း အကြိတ် ထွက်ခြင်းသည် များသော အားဖြင့် ရောဂါပိုးကြောင့် ဖြစ်ပြီး ကင်ဆာဖြစ်နိုင်ခြေ နည်းကြောင်း နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဝင်းထိုက် ကြည်က ပြောသည်။

''ကင်ဆာ ဟုတ်မဟုတ်ကို ဘယ် အပေါ်မှာ မူတည်ပြီးတော့ စဉ်းစားလဲ ဆိုတော့ အသက် အရွယ်ပေါ်မူတည် ပြီး ကလေးဘဝမှာလား၊ လူကြီးဘဝ မှာလား၊ အမျိုးသမီးမှာလား၊ အမျိုး သားတွေ မှာလားဆိုတာ ထည့်စဉ်းစား ဖို့လိုတယ်။ ကလေးတွေမှာဆိုရင်တော့ လည်ပင်းအကျိတ်ထွက်ရင် များသော အားဖြင့် ရောဂါပိုးတွေကြောင့် ဖြစ် တာများတယ်။ မွေးရာပါအကျိတ်တွေ ကြောင့်ဖြစ်တာ များတယ်။ ကလေး တွေမှာတော့ လည်ပင်း အကျိတ်ကြောင့် ကင်ဆာဖြစ်တာတော့ ရှိတယ်။ ရှားပါတယ်'' ဟု ဒေါက်တာ ဝင်းထိုက် ကြည်က ဆက်လက်ပြောသည်။

ကလေးများတွင် အဖြစ်များသော ရောဂါပိုးသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ကြောင်း၊ ဗက်တီးရီးယားရောဂါ ပိုးကြောင့်ဖြစ်သည်ဆိုပါက ပြည်တည် ခြင်းပါ တွဲဖြစ်လာတတ်ကြောင်းနှင့် အများစုသည် ဗိုင်းရပ်စ်ကြောင့်ဖြစ် ကြောင်း သိရသည်။

''များသောအားဖြင့် ကလေး တွေ နှာစေးတယ်။ ချောင်းဆိုးတယ်။ လည်ပင်းနာတယ်ဆိုရင် အကျိတ် ထွက်လာတတ်တယ်။ လည်ပင်းအ ပေါ်ဘက် ဘေးဘက်မှာ အကျိတ် ထွက်လာတယ်။ ကိုင်လိုက်ရင် နာလာ တယ်။ အဲဒါမျိုးကတော့ နီးစပ်ရာ ဆေးခန်းမှာ ဆေးပြပြီး ဆေးဝယ် သောက်လိုက်ရင် သက်သာပျောက် ကင်းသွားနိုင်တယ်။ ဗက်တီးရီးယား ကြောင့်ဖြစ်ရင်တော့ ဆေးသောက်ပေ မယ့် မပျောက်ဘဲ ပြည်တည်တာနဲ့ပါ တွဲပြီးတော့ ဖြစ်တတ်တယ်''ဟု ဆိုသည်။

တစ်ခါတစ်ရံတွင် ကလေးများ ၏ လည်ပင်းဘယ်ညာတစ်ဘက်စီ တွင် သေးငယ်သောအကျိတ်များ ရှိ တတ်ပြီး ယင်းအကျိတ်များသည် တစ်စင်တီမီတာထက် မကြီးပါက စိုးရိမ်ရန်မလိုကြောင်း၊ အကယ်၍ လည်ပင်းအကျိတ်သည် လနှင့်ချီ ကြာပြီး ယင်းအကျိတ်သည် ကြီးမည် ဆိုပါက တီဘီအကျိတ်ဖြစ်နိုင်ချေ ရှိကြောင်း သိရသည်။

''အကျိတ်အရွယ်အစားပေါ် မူ တည်တယ်။ တစ်ခါတလေမှာတော့ အကျိတ်က ရောဂါပိုးဝင်ပြီးသွားပြီဆို ရင် လုံးဝအရှင်းပျောက်သွားတာမျိုး လဲရှိတယ်။ အရှင်းမပျောက်ဘဲ အထဲ မှာ ကျောက်နည်းနည်းတည်သွားတာ လဲ ရှိတယ်။ အဲအခါမျိုးဆိုရင်တော့ မပျောက်ဘဲ ကြာနေတတ်တယ်။ ဒီ အလုံးက ကြီးလဲ မကြီးလာဘူး။နာ လဲ မနာဘူးဆိုရင်တော့ ကိစ္စမရှိပါဘူး'' ဟု ဒေါက်တာဝင်းထိုက်ကြည်က ထပ်မံပြောကြားခဲ့သည်။

လည်ပင်းတွင် အကျိတ်ထွက် လာသည့် အသက်လေးဆယ်ကျော် အမျိုးသားများ၏ ရှစ်ဆယ်ရာခိုင်နှုန်း မှာ ကင်ဆာဖြစ်နိုင်ခြေများပြား ကြောင်း သိရသည်။

''လည်ပင်းအကျိတ်က လူကြီး တွေမှာဆိုရင် ပိုးကြောင့်လဲ ဖြစ်နိုင် သလို ကင်ဆာကြောင့်လဲ ဖြစ်နိုင်တယ်။ အာခေါင်၊ အသံအိုး၊ အစာမျြို>ွပန် တို့ကလာတဲ့ ပိုးတွေကြောင့် ကင်ဆာ ဖြစ်နိုင်တယ်။ ဆေးလိပ်တို့၊ အရက် တို့ သောက်တဲ့သူတွေဆိုရင် ပိုပြီး သတိထားရမယ်''ဟု ယင်းက ဆိုသည်။

အသက်လေးဆယ်အထက် အမျိုးသားများ လည်ပင်းအကျိတ် ထွက်ပါက ကင်ဆာဖြစ်ဖို့ရန်အတွက် ၈ဝရာခိုင်နှုန်းခန့် သေချာသည့်အ တွက် တတ်ကျွမ်းနားလည်သည့် ဆရာဝန်များနှင့် သေချာစွာ စစ်ဆေး မှုများခံယူသင့်ကြောင်း သိရသည်။

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...