အိပ်ပျော်နေစဉ် ဘာ့ကြောင့်ဟောက်

အမျိုးသမီး များထက် အမျိုးသားများက အိပ်ပျော် စဉ် ဟောက်တတ်ကြပြီး၊ ပျမ်းမျှအားဖြင့် အ ရွယ်ေ ရာ က်သူ အမျိုးသား ၄၅% က ဟောက်လေ့ ရှိကြပါ တယ်။ အိပ်ပျော်နေစဉ် ကိုယ်ဟန် အနေအထား ပုံစံ မမှန်ခြင်းကြောင့် နှာချောင်း၊ လည်ချောင်းစတဲ့ အသက် ရှုလမ်းကြောင်း တလျှောက် တစ်ရှုးများ ကျဉ်းသွားကာ ဟောက်သံ ထွက်လာ ပါတော့တယ်။ အဲဒီလို ဟောက်သံ ကျယ်လောင်ခြင်း ကြောင့် အိပ်မောကျနေစဉ် မိမိ အသံကြောင့် ရုတ်တရက် လန့် နိုးခြင်း၊ အသက်ရှုလမ်းကြောင်းပိတ်၍ မွန်းကြပ် လန့် နိုးခြင်းဖြစ် ကာ၊ ကြာလာတာနဲ့ အမျှ နှလုံး ကိုပြသနာဖြစ် လာစေတတ်ပါတယ်။ ဒါ့ပြင် ဟောက်သံ နဲ့ အလေ့အကျင့် မရှိသူ ဥပမာ ကြင်စဦး ဇနီးမောင်နှံများမှာ ထိုဆူဆူညံညံ ဟောက်သံကြောင့် အိပ်စက်မှုကို အနှောင့် အယှက်ဖြစ်စေပြန်ပါတယ်။

ဒါ့ကြောင့် ဟောက်

(၁) လူလတ်ပိုင်း အရွယ်ရောက်တဲ့အခါ လည်ချောင်းကြွက်သားများ တင်းမာခြင်းမရှိဘဲ ပျော့တွဲ ကျဉ်းမြောင်း သွားလေ့ရှိလို့ ၊ အမျိုး သားများ သက်လတ်ပိုင်းအရွယ်မှာ စတင်ဟောက်တတ်ကြပါတယ်။ (၂*) *ကျားသဘာဝမျိုးရိုးဗီဇ ခန္ဓာကိုယ်ဖွဲ့ စည်းတည်ဆောက်* *ပုံအရ၊ အမျိုးသမီး များနဲ့ နှိုင်းယှဉ်ပါက အမျိုးသားတွေရဲ့ နှာခေါင်း နဲ့ လည်ချောင်းစပ်ကြားရှိ အရည်ကြိတ် ကကြီး မားနေတာ ကြောင့် လည်ချောင်း ထဲရှိလေလမ်းကြောင်းက* *ပိုကျဉ်းမြောင်းသွားရာ၊ ဟောက်ခြင်း ကြို ဖစ်လာစေပါတယ်။ (*၃*) နှာခေါင်းပေါက် နဲ့ ဆက်နေသော ဦးခွံရိုးအတွင်းမှအခေါင်းမှာ ပိတ်ဆို့ ၍ေ သ်ာလည်းကောင်း၊ ထိပ်ကပ်နာစတဲ့ နာတာရှည်နှာခေါင်းရောဂါ အမျိုးမျိုးတို့ ကြောင့် လည်း ဟောက်ေ စတတ်ပါတယ်။ (၄) အ၀လွန်ခြင်းကြောင့် ခန္ဓာကိုယ်ထဲရှိ အဆီများတဲ့တစ်ရှုးတွေ က အိပ် ပျော်နေစဉ် အသက်ရှုလမ်းကြောင်း ကို ပိတ်ဆို့ ထားလို့  ဟောက်ခြင်းကိုဖြစ်စေပါတယ်။ *(*၅*)* အရက် နဲ့ဆေးလိပ်အလွန်အကျွံ* *သောက်သုံးသူများက အတော်အသင့်သောက်သုံးသူတွေထက် ညအိပ် တဲ့အခါ ပိုမိုဟောက်တတ်ကြ ပါတယ်။* *

သဘာဝနည်းဖြင့် ဒီလိုကုသ

(၁) **ကိုယ်အလေးချိန်လျော့ချပါ။** *ပိန်တဲ့သူတွေလည်း ညအိပ်တဲ့အခါ ဟောက်တတ်ကြပါ တယ်။ ဒါပေမယ့် ကိုယ်အလေးချိန်များ* *ပြီးဝလာတဲ့အခါ၊ လည်ပင်းတ၀ိုက် ၀ိတ်တက်လာလို့  နေ့ ဘက်မှာ မသိသာပေမယ့် ညအိပ်တဲ့အခါ လည်တိုင်ကြွက်သားများကို ညှစ*်*၍အသက်ရှုရ*ခြင်း*ကြောင့်
ဟောက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။
(၂) *အရက် နဲ့ စိတ်ငြိမ်ဆေးဝါးများ မမှီဝဲရ။* ဟောက်တတ်သူများ ညအိပ်ယာဝင်ချိန်ထက် ၄ (သို့ မဟုတ်) ၅-နာရီကြို၍ အရက် မသောက်သင့်ပါဘူး။ အရက်သောက်ခြင်းကြောင့် လည်တိုင် အတွင်းပိုင်းကြွက်သား များကိုလှုပ်ရှားစေကာ သိသိသာသာပို ဟောက်စေပါတယ်။ ထို့ နည်းတူ စိတ်ငြိမ်ဆေးဝါးများကလည်း လည်တိုင် အတွင်းပိုင်း ကြွက်သားကို လှုံ့ ဆော်ပေးလို့ မမှီဝဲသင့် ပေ။
(၃) အိပ်စက်ပုံ မှန်ကန်ပါစေ။** *ပက်လက်လှန်အိပ်ခြင်းက လျှာတိုဝင်သွားပြီး၊ လည်ပင်းရဲ့  အတွင်း နံရံကို သွားထောက်မိကာ၊ အိပ် ပျော်သွားတဲ့အခါ ဟောက်သံထွက်ပေါ်လာပါတော့တယ်။ ဒါ့ကြောင့် ပက်လက် မအိပ်ဘဲ ဘေးသို့ စောင်းအိပ်ပေးပါ။
(၄) ပလုပ်(**အာလုပ်**)**ကျင်းပါ။** *ညအိပ်ခါနီး ရေအေး ၁*-*ဖန်ခွက်ထဲမှာ ပူစီနံရွက်အဆီ တစ်စ က်ချ၍ ပလုပ်*(*အာလုပ်*)*ကျင်းခြင်းက မဟောက်နိုင်အောင် အထောက်အပံ့ဖြစ်စေပါတယ်။**
(၅) **အိပ်ခန်းသန့် ရှင်းရေးလုပ်ပါ။** *ခေါင်းအုံးစွပ်၊ အိပ်ယာခင်း၊ စောင်များ လျှော်ဖွပ်သန့် စင်ခြင်း နဲ့  အိပ်ခန်းအတွင်း အနံ့ အသက် ကောင်းမွန်းအောင် ထားခြင်းဖြင့် ဟောက်ခြင်းကို ကြိုတင်ကာကွယ် ရာရောက်ပါတယ်။ အိပ်ခန်းထဲမှာ ခွေး၊ ကြောင်တို့ ဝင်ရောက် နေထိုင်ခွင့်မပြုပါနဲ့ ။
(၆) **ဆေးလိပ်ဖြတ်ပါ။** *ဆေးလိပ်သောက်ခြင်း ကလည်း လည်မြိုတ၀ိုက် အမြှေးပါးများကို ရောင်ရမ်း ပိတ်ဆို့ စေပါတယ်။ ညအိပ်စဉ် ဟောက်လေ့ရှိသူ အများစုဟာ ဆေးလိပ်ကြ သူများဖြစ်လို့ ၊ ကျန်းမာရေးကို ဘက်စုံကောင်းမွန်စေအောင် ဆေးလိပ်ဖြတ်ပါ။
(၇) **ရေနွေးငွေ့ ရှုပါ။** *အသက်ရှု လမ်းကြောင်း ပွင့်နေအောင် ညအိပ်ခါမ၀င်ခင် ရေနွေးငွေ့ ရှုပါ (သို့ မဟုတ်) ရေနွေးပူပူထဲမှာ ဆား ခတ်၍ အငွေ့ ရှုရိုက်ပါ။
(၈) **ခေါင်းအုံးကိုဂရုစိုက်ပါ။** *မမြင့်လွန်းမနိမ့်လွန်းဘဲ ဦးခေါင်း- လည်ပင်း-ဇက်တို့ နဲ့  အဆင်ပြေ တဲ့ ခေါင်းအုံးမျိုးကို ရွေးချယ်တတ် ဖို့ လိုပါတယ်။ ကြာလာတဲ့အခါ ခေါင်းအုံးပျော့ပြီး အိပ်စက်ပုံ အနေအထား မမှန်တော့ဘဲ ဟောက်ခြင်းကို ဖြစ်စေတဲ့အပြင် ဇက်ကြောတက်-အုံးလွဲ-လည်ပင်းနာ စသည့်နောက်ဆက် တွဲ ဝေဒနာများ မဖြစ်ရအောင် ၆-လတစ်ကြိမ် ခေါင်းအုံးအသစ် လဲသင့်ပါတယ်။ အထူးသဖြင့် ပန်းဂျုံ(ခေါ်) အမည်းရောင်နှံစားအစေ့တို့ ဖြင့် ပြုလုပ်ထားတဲ့ ခေါင်းအုံးက ဟောက်ခြင်းကို အထိုက်အလျောက် သက် သာစေပါတယ်။
(၉) **အားကစား လေ့ကျင့်ခဏ်း လုပ်ပါ။** **လမ်းလျှောက်*/*စက်ဘီးစီး စတဲ့ ပေါ့ပေါ့ပါးပါး လေ့ကျင့် ခဏ်းကစားခြင်းကလည်း ညဘက် ဟောက်ခြင်းကို လျော့ပါး သက်သာစေပါတယ်။
(၁၀)** ညအိပ်ယာ မ၀င်ခင်အစား များများမစားရ။** *ညစာလျော့စားပါ။ အိပ်ယာဝင်ခါနီး ဗိုက်ပြည့် တဲ့ အစာများစားခြင်းက ကျယ် လောင်စွာဟောက်တတ်လို့  ဆင်ဆင်ခြင်ခြင် စားသောက်ပါ။
(၁၁) **ရေသောက်ရင်းဖြင့် နှာခေါင်းထဲကိုရေဖြင့်မှုတ်ပါ။** *ညအိပ်ယာမ၀င်ခင်(သို့ မဟုတ်) တရေးနိုး ထလာတဲ့အခါများမှာ ရေ သောက်ရင်း နှာခေါင်း အတွင်းပေါက်ရှိရာ အာခေါင်အပေါ်ပိုင်းကို ရေဖြင့် မှုတ် ထုတ်ပေးပါ။
(၁၂) **ဆရာဝန်ဖြင့်တိုင်ပင်ပါ။** *အကယ်၍ အထက်ပါ နည်းလမ်းများဖြင့် ထိန်းမထားနိုင်သေးဘဲ၊ မိမိကိုယ်တိုင်ရော ဘေးလူကိုပါ အအိပ်ပျက်လောက်အောင် ဆူညံ၍ဟောက်မြဲတမ်းဟောက်ေ နသေးပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လိုအပ်ပါက CPAPစက် (ခေါ်)ညအိပ်စဉ် အဆက်မပြတ် လေလမ်းကြောင်း ပွင့်စေသောစက်ဖြင့် တပ်ဆင်ရန် ဆရာဝန်ကညွှန်ကြားပါလိမ့်မယ်။

(ဆောင်းပါးရှင်…ပေါက်ပေါက်..ရေးသားမျှဝေသည်)
--
promise.pauk
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...