ဆေးလိပ်ပြာက ရေထုထဲမှ အာဆင်းနစ် အဆိပ်ကို သန့် စင်ပေးနိုင်

ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကျောက်မီးသွေး တူးဖော်ခြင်းနှင့် အခြားမြေအောက် သတ္တုများ တူးဖော်ရာတွင် အသုံးပြုကြ သော စက်ယန္တရား များမှ စွန့် ပစ်ရည်များသည် မြေကြီးထဲ သို့ စိမ့် ၀င်ပြန့် နှံ့ ပြီး မြေအောက်ရေကြော ထဲသို့  ရောက်ရှိ သွားရာမှ မြေအောက်ရေထု ထဲတွင် အာဆင်းနစ် အဆိပ် ပမာဏကြီးမားစွာ ပါဝင်နေသည့် ပြဿနာကို စီးကရက်ပြာက အလွယ်တကူ ဖြေရှင်းပေးနိုင် သည်ကို တရုတ်နိုင်ငံ၊ ပေကျင်းမြို့ ၊ လျှပ်စစ်နှင့် စွမ်းအင် တက္ကသိုလ်မှ သုတေသီများ က အမှတ်မထင် ရှာဖွေတွေ့ ရှိခဲ့ကြောင်း သိရသည်။

စီးကရက်ပြာကို အလူမီနီယံအောက်ဆိုက်နဲ့ ရောပြီး ရေထဲကိုထည့်ပေးလိုက်တယ်ဆိုရင်ပဲ အဲဒီရေထဲက အာဆင်း နစ် အဆိပ် (၉၆) ရာခိုင်နှူန်း ပျောက်ကွယ်သွားတာကို တွေ့ ရပါတယ်ဟု သုတေသီတစ်ဦး က ပြောပြသည်။

တရုတ်၊ ချီလီ၊ ဟန်ဂေရီနှင့် မက္ကဆီကိုနိုင်ငံများ တွင် မြေအောက်သတ္တုနှင့် ကျောက်မီးသွေး တူးဖော်ရေး လုပ်ငန်းများ ကြောင့် မြေအောက်ရေတွင် အာဆင်းနစ် အဆိပ်ပါဝင်မှု အလွန်မြင့်မားနေသည်။ အာဆင်းနစ် သည် အနံ့ အရသာ မရှိသဖြင့် သာမန်လူများအဖို့  သိရှိရန်ခက်ခဲသည်။

အာဆင်းနစ် အဆိပ်ပါသော ရေကို သောက်သုံးမိလျင် အရေပြား အရောင်မည်းပုပ်သွားခြင်း၊ အစာအိမ် နာကျင်ခြင်း၊ ကိုယ်တစ်ပိုင်းသေခြင်းနှင့်အခြား ဆိုးရွားသော ကျန်းမာရေး ယို ယွင်းပျက်စီးမှုများ ဖြစ်ပေါ်နိုင် သည်။

ရေထုထဲမှာ အာဆင်းနစ် အဆိပ်ကို ဖယ်ရှားရန် နည်းပညာရှိပြီးဖြစ်သော်လည်း ကုန်ကျစရိတ်ကြီးမားသည့် အပြင် နည်းပညာကျွမ်းကျင် သူများကိုလည်း လိုအပ်သဖြင့် ကျေးလက်ဒေသများတွင် ထိရောက်မှု နဲပါး သည့် အတွက် သိပ္ပံ ပညာရှင်များက သဘာဝစွန့် ပစ်ပစ္စည်းများဖြစ်သော ငှက်ပျောသီး အခွံကို အသုံးပြုကာ အာဆင်းနစ် အဆိပ်ကို သန့်  စင်ရန် ကြိုးပမ်းခဲ့သော်လည်း ထိရောက်မှုမရှိဘဲ ဖြစ်နေပြန် သည်။

ထို့ ကြောင့် သုတေသီများက စီးကရက်ပြာကို အလူမီနီယံအောက်ဆိုက်နှင့် ရောလိုက်ကာ အာဆင်းနစ် အဆိပ်သင့် နေသော ရေထုထဲသို့ ထည့်သွင်းစမ်းသပ်ကြည့်ရာ အဆိပ် (၉၆) ရာခိုင်နှူန်းကို ဖယ်ရှားပေး နိုင်ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ၏ စံချိန်စံညွှန်းနှင့်ညီမျှသော သောက်သုံးရေ သန့် ကို ပြန်လည် ရရှိနိုင်ကြောင်း တွေ့ ရှိခဲ့ကြခြင်းဖြစ်သည်။

သို့ ဖြစ်ရာ ကမ္ဘာတစ်ဝှမ်းတွင် လက်လွတ်စပယ် လွှင့်ပစ်နေကြသော စီးကရက်ပြာများသည် မထင်မှတ်ဘဲ သဘာဝ ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်သည့် ပစ္စည်းများဖြစ်လာပြီး မြေအောက်ရေတွင် အာဆင်းနစ် အဆိပ် ပါဝင်မှုကို ပြန်လည်သန့် စင်ပေးနိုင်သည့် အစွမ်းသတ္တိရှိသည်ကို ထူးထူးခြားခြား ရှာဖွေစမ်းသပ်တွေ့ ရှိ ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ စီးကရက်အစီခံများသည် တန်ဖိုးရှိသော အဆိပ်သန့် စင်ပစ္စည်းများဖြစ်လာသည့်အတွက် ဖွံ့ ဖြိုး တိုးတက် ဆဲ နိုင်ငံများတွင် နေရာအနှံ တွေ့ ရှိရသော စီကရက်အစီခံနှင့်ပြာများကို တစ်ကူးတက လိုက်လံ သိမ်းဆည်းအသုံးပြု သွားကြတော့မည့် အလားအလာကို တွေ့ မြင်နေရကြောင်းသိရသည်။


သမန်းကျား
Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...