အချိုရည်အန္တရာယ် အသိပညာပေး ဆိုင်းဘုတ်များက ဆယ်ကျော်သက် များအပေါ် အကျိုးသက်ရောက်မှုရှိ

အချိုရည်များတွင် ပါဝင်သော ကယ်လိုရီများ ကို ချေဖျက်နိုင်ရန် လေ့ကျင့်ခန်း မည်ရွေ့ မည်မျှ ပြု လုပ်ရမည်ကို ဖော်ပြ သတိပေး ထားသော ဆိုင်းဘုတ် များကို မြင်ရဖန် များလာသော ဆယ်ကျော်သက် များသည် အချိုရည်သောက်သုံးမှု ကို လျော့ချလာပြီး ကျန်းမာရေးနှင့် ညီညွှတ်သည့် အစား အသောက်များကို ရွေးချယ်ဝယ်ယူ စားသုံး လာကြောင်း အင်္ဂလန်နိုင်ငံ၊ ဂျွန်ဟော့ပကင်း တက္ကသိုလ်က ကြေငြာချက် တစ်ရပ် ထုတ်ပြန်သည်။

အချိုရည်တစ်ဗူးတွင် ကယ်လိုရီ ၂၅၀ ခန့် ပါဝင်ပြီး ယင်းကယ်လိုရီကို ချေဖျက်နိုင်ရန် အနည်းဆုံး (၅) မိုင်ခန့်  လမ်း လျှောက်ရ လိမ့်မည်ဟူသော သတိပေး ဆိုင်းဘုတ်ကြောင့် လူငယ်များသည် အချိုရည်ဗူး ၀ယ်ယူသောက်သုံးမှု လျော့ နဲသွားပြီး ရေကိုသာ ဦးစားပေးလာကြကြောင်း လေ့လာဆန်းစစ်မှု အရ သိရသည်။

သာမန်လူတွေက အချိုရည်ဗူးမှာရေးပြထားတဲ့ သကြားပါဝင်မှုနှူန်း နဲတယ်၊များတယ် ဆိုတာထက်ပိုပြီး နားမလည် နိုင်ပါဘူး။ ဒီတော့ ကယ်လိုရီ ၁၀၀ ကိုချေဖျက်နိုင်ဖို့  လမ်း (၂) မိုင်လျှောက်တာနဲ့ ညီမျှတဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ရတယ်လို့  အသိပေးလိုက်မှ လူငယ်တွေက အချိုရည်သောက်တာကို လျော့သွား ကြတာပါဟု သုတေသီ တစ်ဦး က ပြောပြသည်။

သုတေသီများက လူအများ ဖတ်မိအောင် ပြုလုပ်ထားသော ကယ်လိုရီ သတိပေး ဆိုင်းဘုတ်များကို တက္ကသိုလ်၊ ကျောင်း ပရ၀ုဏ်များအနီးတစ်ဝိုက်တွင် (၆) ပတ်ခန့် ဆက်တိုက် စိုက်ထူပြသထားခဲ့သည်။ ဆိုင်းဘုတ်ကို (၄) မျိုး အသုံးပြုသည်။

ကယ်လိုရီပမာဏနှင့် ပြုလုပ်ရမည့် လေ့ကျင့်ခန်းကို ဖော်ပြထားသော ဆိုင်းဘုတ် (၂) ခုအနက် (၁) ခုတွင် အသီးဖျော်ရည်၊ အားဖြည့်အချိုရည်၊ သံဗူး အစရှိသည်တို့ မှ အချိုရည် ၅၉၀ မီလီလီတာတွင် သကြား ၁၆ ဇွန်းပါဝင်ကြောင်း၊ ၂၅၀ ကယ်လိုရီနှင့်ညီမျှကြောင်း၊ မိနစ် (၅၀) ခန့် ပြေးပေးနိုင်မှသာ ယင်းကယ်လိုရီ ကို ချေ ဖျက်နိုင် မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အခြားဆိုင်းဘုတ်များတွင် အချိုရည်များတွင် ပါဝင်သော သကြား ပမာဏ နှင့် ယင်းသကြားတွင် ပါဝင်သော ကယ်လိုရီပမာဏကို တွက်ချက်ဖော်ပြထားသည်။ UK စံချိန်စံညွှန်းအရ ၃၃၀ မီလီလီတာ ပါဝင်သော သံဗူး အချိုရည်တစ်ဗူးတွင် သကြား (၉) ဇွန်းခန့်  ပါဝင်သည်။

ကယ်လိုရီ သတိပေး ဆိုင်းဘုတ်များ၏ သက်ရောက်အားကို သိရှိနိုင်ရန် သုတေသီများက ဈေးဝယ်ပြီး ထွက်လာသော ဆယ်ကျော်သက်များကို မေးမြန်းကြည့်ရာ ဆိုင်းဘုတ်များကို သတိပြုဖတ်မိသူ ၃၅ ရာခိုင်နှူန်းအနက် ထက်ဝက် ကျော်က ဆိုင်းဘုတ်ပါရေးသားဖော်ပြချက်များကို ယုံကြည်ကြောင်း ပြောပြခဲ့ပြီး ထက်ဝက်အောက်က အချိုရည်ကို မ၀ယ်ဖြစ်ပဲ ရေကိုသာ ၀ယ်သောက်မိကြောင်း ပြောပြသည်။

ယင်းဆိုင်းဘုတ်များ မရှိမှီ စတိုးဆိုင်များတွင် ရောင်းချနေသော သောက်စရာ ၉၈ ရာခိုင်နှူန်းမှာ သကြားဓါတ် လွန်ကဲ သော သောက်စရာ များဖြစ်သော်လည်း ဆိုင်းဘုတ်များ ချိတ်ဆွဲပြသထားသော ရက်သတ္တပါတ် (၆) ပါတ်နောက်ပိုင်း ဆိုင်များတွင် ရောင်းချနေသော အချိုရည်ပမာဏမှာ ၈၉ ရာခိုင်နှူန်းအထိ ကျဆင်းသွား သည်ကို တွေ့ ရကြောင်း သိရသည်။


 သမန်းကျား
Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...