Cooking Oils စားသုံးဆီ

1. Tint Swe Trans Fats ကျန်းမာရေးနှင့် မသင့်သော စားသုံးဆီ

2. Tin Lay ရှေးက မြန်မာ ကုက္ကိုပင်စည် ကြီးတွေကို ဆီဆုံ လုပ်ခဲ့ကြတာ။ သင်္ဘော ကုက္ကို မဟုတ်ဘူးပေါ့။ ဆီဆုံနဲ့ ဆီကြိတ်တဲ့အခါ တချို့နွားက အသုံးပြုလို့ မရဘူး။ မူးနေတတ် လို့တဲ့။ လောကီ ဘုံသား ဆုံလည်နွားသို့ ဆိုတာလို တလည်လည် လှည့်နေ ရတာ။ ဆုံမှာထိုင်ပြီး နွားမောင်းနေရတဲ့ သူလည်း မူးတာပါပဲ။

3. Kyaw Ngwe ဆရာရေ ခုမင်းရွာမှာရော ဗန့်ချီက ရွာအတော် များများမှာ တစ်နိုင် ဆီကြိတ်ဆုံတွေ ထောင်ပြီး နဝလီ ကြိတ်နေကြတယ်ဗျာ။ နွားနဲ့မဟုတ်၊ တရုတ်အင်ဂျင်နဲ့။ ဆုံက နှစ်လုံးတွဲတွေ။ မရောမနှော ပဲဆီသန့်သန့် ကြိတ်သူရှိသလို စားအုံးဆီနဲ့ ပလေးပြီးရောင်းတဲ့ သူလည်း ရှိကြတယ်။ ကျွန်တော့မရီးမှာ အဲလိုဆီဆုံထောင်ပြီး လုပ်ကိုင် စားနေကြလို့ သန့်သန့်လုပ်ကြ၊ စားမကုန်နိုင်ဘူး လို့ပြောထားရတယ်။

4. Hla Myint ပြည်တွင်းကို တင်သွင်းနေတဲ့ စားအုန်းဆီတွေဟာ စားသုံဖို့ မသင့်မြတ်တဲ့ အကြောင်း လွှတ်တော်မှာ သက်ဆိုင်ရာဝန်ကြီး လာရောက် ရှင်းလင်းသွားကြောင်း သိရပါတယ်။ ဘယ်ဆီတွေ ဘယ်လိုကောင်းတယ်ပြောပြော ကျုပ်တို့ ပြည်တွင်းက ထွက်တဲ့ ဆီကို မမှီပါဘူး။ ဝန်ကြီးက စားသုံသင့် တယ်ပြောနေပေမဲ့ တဖက်နိုင်ငံက တရားမဝင် တင်သွင်နေတဲ့ ဆီတွေမှာ ဓါတုဗေဒဆေးတွေနဲ့  မွမ်းမံပြီး သူတို့ နိုင်ငံမှာအန္တရာယ်ရှိလို့ စွန့် ပစ်မဲ့ဆီတွေ ဖြစ်နေကြောင်း ကြားသိနေရတော့ ကျုပ်တို့ ဒီလိုဆီမျိုးကို စိတ်ချလက်ချဘယ်လို လုပ်စားချင် မလဲဗျာ။ အောက်ပိုင်းမှာ စားအုန်းဆီစိုက်ဖို့  ဆိုပြီး ခရိုနီခရိုစိမ်းတွေ အတွက် လယ်သမားတွေဆီက အဓမ္မသိမ်းပေးထားတဲ့ မြေယာတွေ ထဲကစီမံကိန်းတွေ ဘယ်ရောက် သွားလို့ ခုလို စားအုန်းဆီတွေ သွင်းနေကြရတာပါလဲ ဝန်ဂြီးမင်းများခင်ဗျား။

မြန်မာပြည်ထဲမှာနေကြတဲ့ မြန်မာနိုင်သားတွေ အတွက် စားသုံးဆီတွေကို သုတေသန လုပ်ထားတာ လိုက်ရှာပေမဲ့ ပြည်တွင်းထဲက လုပ်တာကို လက်လှမ်း မမီသေးလို့ နိုင်ငံတကာမှာ လုပ်ထားတာလေး ကိုသာ တင်ပြပါရစေ။

စားသုံးဆီတွေထဲမှာ အရောင်လှအောင် ဓါတုဆိုးဆေးတွေ ထည့်တဲ့သတင်း ကနေ့မနက် (ဘီဘီစီ) မှာတွေ့ လို့ မျှဝေလိုက်သေးပါတယ်။ ဓါတုဆေးက ဘေးဖြစ်စေနိုင်တယ်။ စားသုံးဆီ ကောင်း-မကောင်းဆိုတာ အနံ့အသက်နဲ့ အရောင်ကြည့်ပြီး ပြောမရပါ။ ဆီထဲမှာပါတဲ့ Total Fat (g) အဆီ (စုစုပေါင်း)၊ Saturated Fat (g) ပြည့်ဝဆီ ဘယ်လောက်လဲနဲ့ Calories (ကလိုရီ) ဘယ်လောက်ရစေသလဲဆိုတဲ့ အချက် (၃) ချက်ကိုကြည့်ရပါတယ်။

မြန်မာပြည်မှာ စားသုံးနေကြတဲ့ စားအုန်းဆီကနေ ပြည့်ဝဆီ အများကြီးရစေတယ်။ ပြည့်ဝဆီ နည်းတာက ကျန်းမာရေးအရ ကောင်းတယ်။ အုန်းသီးကနေ ထုတ်တဲ့ ဆီက ၃ မျိုး ရှိတယ်။

ဆီအမျိုးအစား၊ (ကလိုရီ)၊ အဆီ (စုစုပေါင်း)၊ ပြည့်ဝဆီ၊
- Coconut oil (ကလိုရီ) ၁၁၇၊ အဆီ (စုစုပေါင်း) ၁၃့၆၊ ပြည့်ဝဆီ ၁၁့၈၊ ပြည့်ဝဆီ အများဆုံး၊
- Palm kernel oil ၁၁၆၊ ၁၄၊ ၁၁၊ ပြည့်ဝဆီ အများဆုံး၊
- Palm oil ၁၂ဝ၊ ၁၃့၆၊ ၆့၇၊ Palm oil ၁၂ဝ၊ ၁၃့၆၊ ၆့၇၊ ပြည့်ဝဆီများတယ်၊

မြန်မာတွေ အသုံးများတဲ့ တခြားဆီတွေ
- Flaxseed oil ပန်းနှမ်းဆီ ၁၂ဝ၊ ၁၃့၆၊ ၁့၃၊ ပြည့်ဝဆီအနည်းဆုံး၊
- Sunflower oil နေကြာဆီ ၁၂ဝ၊ ၁၃့၆၊ ၁့၈၊ ပြည့်ဝဆီနည်းတယ်၊
- Sesame oil နှမ်းဆီ ၁၂ဝ၊ ၁၃့၆၊ ၁့၉၊ ပြည့်ဝဆီနည်းတယ်၊
- Soybean oil ပဲပုပ်ဆီ ၁၂ဝ၊ ၁၃့၆၊ ၂၊ ပြည့်ဝဆီနည်းတယ်၊
- Peanut oil မြေပဲဆီ ၁၁၉၊ ၁၃့၅၊ ၂့၃၊ ပြည့်ဝဆီနည်းမပါ၊
- Cottonseed oil ဝါစေ့ဆီ ၁၁၉၊ ၁၄၊ ၃၊ ပြည့်ဝဆီမနည်းပါ၊

မြန်မာတွေ အသုံးနည်းတဲ့ဆီတွေ
- Vegetable oil အသီးအနှံဆီ ၁၂၄၊ ၁၄၊့ ၉၊ ပြည့်ဝဆီအနည်းဆုံး၊
- Almond oil မက်မွန်ဆီ ၁၁၉၊ ၁၄၊ ၁၊ ပြည့်ဝဆီအနည်းဆုံး၊
- Grapeseed oil စပျစ်စေ့ဆီ ၁၂ဝ၊ ၁၃့၆၊ ၁့၃၊ ပြည့်ဝဆီအနည်းဆုံး၊
- Hemp seed oil ဆေးခြောက်စေ့ဆီ ၁၂၆၊ ၁၄၊ ၁့၅၊ ပြည့်ဝဆီနည်းတယ်၊
- Walnut oil သစ်ကြားသီးဆီ ၁၂ဝ၊ ၁၄၊ ၁့၅၊ ပြည့်ဝဆီနည်းတယ်၊
- Avocado oil ထောပတ်သီးဆီ ၁၂၄၊ ၁၄၊ ၁့၆၊ ပြည့်ဝဆီနည်းတယ်၊
- Olive oil သံလွင်ဆီ ၁၁၉၊ ၁၃့၅၊ ၁့၉၊ ပြည့်ဝဆီနည်းတယ်၊
- Corn oil ပြောင်းဆီ ၁၂ဝ၊ ၁၄၊ ၂၊ ပြည့်ဝဆီနည်းတယ်၊
- Smart Balance Margarine မာဂျရင်း ၈ဝ၊ ၉၊ ၂့၅၊ ပြည့်ဝဆီမနည်းပါ၊
- Butter ထောပတ် ၁ဝ၂၊ ၁၁့၅၊ ၇့၃၊ ပြည့်ဝဆီများတယ်၊

Cholesterol in Cooking Oils စားသုံးဆီထဲမှာ (ကိုလက်စထော) ဘယ်လောက် များသလဲကလဲ ကျန်းမာရေးအတွက် အလွန် အရေးကြီးတယ်။ များလေ မကောင်းလေ။ ယူနစ်အဖြစ် parts per million (ppm) နဲ့တွက်ပါတယ်။
- Soybean ပဲပုပ်ဆီ (26 ppm)
- Canola ပန်းနှမ်းဆီ (53 ppm)
- Corn ပြောင်းဆီ (57 ppm)
- Sunflower နေကြာဆီ (26 ppm)
- Safflower ပန်းစေ့ဆီ (7 ppm)
- Peanut မြေပဲဆီ (54 ppm)
- Palm စားအုန်းဆီ (16 ppm)
- Coconut စားအုန်းဆီ (15 ppm)
- Palm kernel စားအုန်းဆီ (25 ppm)


ဒေါက်တာတင့်ဆွေ
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...