OS X Yosemite တင်တော့မလား ဒါအရင်ဖတ်ပါ

 
အပိုင်း ၁

ယခုအခါမှာ Mac user တွေအတွက် OS X Yosemite ထွက် ရှိလာပါပြီ
ကိုယ် Mac မှာ OS X အသစ်တင်ဖို့ ဘာတွေပြင်ဆင် ထားရမလဲ ဆိုတဲ့ အကြောင်းကို OSXDaily မှာ ဆောင်းပါးမှ စီလျှော်အောင် ထုတ်နှုတ်ရေးပေး လိုက်ပါတယ်။
1: Should you update your Mac to Yosemite?
os x အသစ်ကို တင်သင့်သလား ဆိုတဲ့အချက်က ပထမဆုံး မေးသင့်တဲ့ မေးခွန်းပါ။
သိပ်မကြာခင်ကမှ ထုတ်ခဲ့တဲ့ iOS8 မှာထုတ်ခါစ bug များစွာနဲ့ မတည်ငြိမ်သေးတာ ကြုံခဲ့ကြရတော့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

အတော်အတန် စမ်းသပ်မူတွေပြုလုပ်ခဲ့တဲ့ OSDaily ကဆောင်းပါးရှင်ကတော့ Maverick user များကတော့ တင်သင့်ပါတယ်လို့ဆိုပါတယ်။ ယခု ကိုယ့်စက်မှာ Maverick တင်ထားရင် Maverick လိုပဲ Performance ကောင်းတယ် တည်ငြိမ်ပါတယ် ဒါကြောင့် အသစ်တင်ခြင်းဖြင့် new feature များကို mac user တွေအနေနဲ့ စောစောသုံးနိုင်မှာဖြစ်ပါတယ်။

Mavericks မှာကောင်းကောင်း run တဲ့ app တွေဟာ Yosemite မှာ ကောင်းကောင်း အလုပ်လုပ်ပါတယ်။ Maverick အောက် osx verson တွေဆိုရင်တော့ သုံးလက်စ applicaion တွေဟာ run ပါ့မလားဆိုတာ စစ်ဆေးဖို့လိုပါတယ်။ နောက်တစ်ချက်က user interface ပါ သိပ်မပြောင်းလည်းဘူး ဆိုပေမယ့် ပိုတောက်ပပြီး ပိုဖြူလာတဲ့အတွက် တချို့မှာ စိတ်ထဲ အပြောင်းအလဲဖြစ်စေမှာပါ။ အချို့ font တွေက ပါးလျားတဲ့အတွက် 11လက်မ Macbook Air သုံးသူတွေအနေနဲ့ အမြင်တမျိုးဖြစ်နေပေမယ့် 22လက်မ Mac သုံးသူတွေအနေနဲ့ကတော့ ကြည့်ရကောင်းပါတယ်လို့ဆိုပါတယ်။
ဒါကြောင့် ခုပုံကို download လုပ်ပြီး wall paper full အနေနဲ့တင်ကြည့်ပါ။ စာလုံးတွေပုံတွေကြည့်ကောင်းရင် Yosemite design ကိုသဘောကျမှာပါ။
 
အပိုင်း ၂

2: Confirm System Requirements Compatibility
ဘယ်လို model တွေနဲ့ ဘာလို system တွေလိုအပ်သလဲကြည့်ရအောင်
အလွယ်ဆုံးပြောရရင် Maverick တင်လို့ရတဲ့ စက်တိုင်း update လုပ်နိုင်ပါတယ်
အသေးစိတ်ပြောရရင် ..
The minimum hardware list as determined by developer versions is as follows:
iMac (Mid-2007 or newer)
MacBook (13-inch Aluminum, Late 2008), (13-inch, Early 2009 or newer)
MacBook Pro (13-inch, Mid-2009 or newer), (15-inch, Mid / Late 2007 or newer), (17-inch, Late 2007 or newer)
MacBook Air (Late 2008 or newer)
Mac Mini (Early 2009 or newer)
Mac Pro (Early 2008 or newer)
Xserve (Early 2009)
ဆိုလိုတာကတော့ Core 2 Duo နဲ့ အထက် processor တပ်ဆင်ထားတဲ့ 15GB free space ရှိတဲ့ စက်တွေအားလုံးမှာ Yosemite ကို တင်နိုင်ပါတယ်။
 
အပိုင်း ၃

3: Update Apps & Install Lingering Software Updates
စက်က အခြေခံလိုအပ်ချက်တွေပြည့်စုံနေပြီ တင်မယ် ဆုံးဖြတ်လိုက်ရင် ပထမဆုံးလုပ်ထားရမယ့် အချက်ကတော့.
၁. Head to the Apple menu and choose “Software Update”
၂။ Install whatever updates are waiting within the Updates tab of the Mac App Store
စက်အတွင်းရှိ update မလုပ်ရသေးတဲ့ app တွေ system os x update တွေကို အားလုံး update ဖြစ်အောင်လုပ်ထားပါ။
 
အပိုင်း ၎

4: Perform General System Maintenance
နောက်တဆင်လုပ်ဆောင်သင့်တာကတော့ system maintenance ပါ။ free space 15GB လောက် လိုတယ်ဆိုပေမယ့် free space ပိုရအောင်လုပ်ထားရပါမယ်။
၁။ hdd ကို disk utility သုံးပြီး verify disk လုပ်ထားပါ လိုအပ်ပါက repair လုပ်ထားပါ
၂။ old app တွေကို uninstall လုပ်ထားပါ။
၃။ dmg တွေ disk image တွေ mount လုပ်ထားပါက unmount လုပ်ထားပါ
၎။ trash ကို clear လုပ်ထားပါ
၅။ အကောင်းဆုံးကတော့ clean my mac လို app မျိုးသုံးပြီး system ကို clean လုပ်ထားသင့်ပါတယ်။
 
အပိုင်း ၅

5: Back Up the Mac
နောက်အရေးကြီးဆုံးအပိုင်းကတော့ ထုံးစမ်းအတိုင် backup လုပ်ဖို့ပါပဲ။
data backup
၁။ hdd ကို disk utility သုံးပြီး partition ပိုင်းပြီး data backup လုပ်ထားနိုင်ပါတယ်။
၂။ ပိုအရေးကြီးတဲ့ data များကိုတော့ external hdd သုံးပြီးကူးထားနိုင်ပါတယ်။
app backup
၁။ Yosemite မတင်ခင် လက်ရှိ system (maverick) မှ time machine သုံးပြီး external hard disk ထဲ ကို backup လုပ်ထားတာ အကောင်းဆုံး အစီအစဉ်တစ်ခုပါ။
time machine backup app တွေကို လိုအပ်ရင် Yosemite မှာ ပြန် restore လုပ်နိုင်မယ်လိုဆိုပါတယ်။

အပိုင်း ၆ / နိဂုံး

6: Download Yosemite & Install
Mountain Lion မှ Maverick အကူး Apple က free update ပေးခဲ့သလို ခုလည်း Apple Store မှာ free တင်ပေးထားပါတယ်။
မြန်မာနိုင်ငံလို connection နှေးတဲ့ နိုင်ငံများမှ user တွေ သတိထားရမယ့် အချက်က Apple Store မှာသာ down ပါ။ file size ကြီးမှာဖြစ်တဲ့အတွက် အချိန်ပေး down ရမှာပါ။
ဒါကြောင့် download လုပ်ပြီးပြီးချင်း download file ကို install မလုပ်ခင် external hdd ထဲကူးထားရင် အကောင်းဆုံးပါ။ applicaiton folde ထဲမှာရှိမှာပါ။ နောက်ပိုင်း ကိုယ်တိုင် ထပ်အသုံးပြုနိုင်သလို။ အခြားသူကို share ပေးလို့လည်းရတာပေါ့။

ပြီးမှ နောက်ဆုံးအနေနဲ့ install လုပ်ပါ။ OS X အသစ်လေးနဲ့ … OK ကြမယ်…

မှတ်ချက်အနေနဲ့ ရေးပေးထားတာကတော့ OS X မြင့်သလို တွဲသုံးမယ့် iDevice တွေဟာလည်း iOS 8.0.2 နဲ့ အထက် latest version တင်ထားမှ new feature များကို အပြည့်အဝ အသုံးချနိုင်မှာဖြစ်ပါတယ်။

Ref:
http://osxdaily.com/2014/10/13/prepare-mac-for-os-x-yosemite-update/
မှ သင်တော်သလို ထုတ်ယူရေးသားပေး လိုက်ပါတယ်။

C@Apple4MM
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...