3D ပရင်တာဖြင့် အစားအစာကိုလည်း ပုံနှိပ်ထုတ်လုပ်နိုင်

သမန်းကျား၊ ရတနာပုံ သတင်းစာ
3D Printer တစ်ခေတ် ဆန်းလာပြီး သည့်နောက် လူသုံးကုန် ပစ္စည်း အမျိုးမျိုးကိုပင် ပရင့်ထုတ် လာ ကြရာဝယ် ယခုအခါ အိုင်ရာလန်နိုင်ငံ အခြေစိုက် Natural Machines ကုမ္ပဏီ က အစားအစာများကို ပရင့်ထုတ်ပေးနိုင် မည့် 3D Printer Foodini ကို ထုတ်လုပ် လိုက်ပြီဖြစ်ကြောင်း သိရသည်။

Foodini သည် အခြား 3D ပရင်တာများနှင့် ကွာခြားလှသည် မဟုတ်ဘဲ ပလတ်စတစ် အသုံးပြု ပုံနှိပ်သောနေရာတွင် အစားအစာများကို အသုံးပြုခြင်းဖြစ်သည်။ နည်းပညာခြင်းက တူပါမယ်။ ဒါပေမယ့် ပလတ်စတစ်ဆိုရင်တော့ အရည် ပျော်မှတ် တစ်ခုပဲရှိတာပေါ့။ အစားအစာတွေ အတွက်ကျတော့ အပူချိန် အမျိုးမျိုးကိုသုံးရသလို အဆင်းလှဖို့ လည်း လိုပါသေးတယ်။ ဒါ့အပြင် အစားအစာတွေဟာ ပလတ်စတစ်လောက်လည်း ပုံသွင်းရမလွယ်ပါဘူးဟု Natural Machines ၏ တွဲဖက်တည်ထောင်သူ လင်နက်ကူစမာ က ပြောပြသည်။

အိုင်ရာလန်နိုင်ငံ မြို့ တော်ဒပ်ဘလင်တွင် မကြာမှီကျင်းပပြုလုပ်သွားမည့် Web Summit နည်းပညာ ညီလာခံတွင် Natural Machines က ၄င်းတို့ ၏ Foodini အစားအစာပရင်တာကို မိတ်ဆက်သွားမည်ဖြစ်ပြီး အစားအစာနှင့် ဟင်းလျာအမျိုးမျိုးကို ပုံနှိပ်ထုတ်လုပ်ပေးနိုင်သော တစ်မျိုးတည်းသော 3D ပရင်တာအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ဖော်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ခြုံပြီးပြောရမယ်ဆိုရင် ဒါဟာ အစားအစာ ထုတ်လုပ်ရေး စက်ရုံတစ်ခုကို ဟင်းအိုးတစ်လုံး စာလောက်ချုံ့  လိုက်တဲ့ သဘောပါပဲ။ Foodini ကို စားသောက်ဆိုင်တွေကိုဦးစားပေးရောင်းချသွားမှာဖြစ်ပြီး မိသားစုတွေ ကိုတော့ နောက် ပိုင်းမှာ ရောင်းချပေးသွားမှာဖြစ်ပါတယ်ဟု ကူစမာ က ဆက်လက်ပြောပြသည်။

အချို့ ကလည်း Foodini သည် ပျင်းသည့်စိတ်ကို အလိုလိုက်ပေးရုံ သက်သက်သာဖြစ်သည်ဟု ဝေဖန်သည်။ သို့ သော် Foodini ဖြင့် လက်တွေ့ ချက်ပြုတ်ရန်ခက်ခဲသော အစားအစားကို စားသောက်ခွင့် ရရှိစေရန် အထောက် အကူ ပြုသွားမည်ဖြစ်သည့်အပြင် အသုံးပြုမည့် ဟင်းသီးဟင်းရွက်အစရှိသည်တို့ မှာလည်း သန့် ရှင်းလတ်ဆတ် ရမည်ဖြစ်သည့်အပြင် ဓါတုဗေဒပစ္စည်းများ အသုံးပြု၍ မရနိုင်သည့်အတွက် တစ်ဖက် တစ်လမ်းက ကျန်းမာရေးကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

Natural Machines သည် အစားအသောက် ထုတ်လုပ်ရေး ကုမ္ပဏီကြီးများနှင့်ချိတ်ဆက်ကာ အစား အသောက် အမျိုးအစားအလိုက် 3D ပရင်တာတွင် ကြိုတင် ထည့်သွင်းထားရမည့် Capsule စတီးအခန်း ငယ်လေးများကို ပုံစံ ရေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် Foodini သည် အစားအစာကို စပ်ဟပ် ထုတ်လုပ်ပေးမည်ဖြစ်ပြီး အသင့် စားသောက်နိုင်ခြင်း မရှိသေးဘဲ ချက်ပြုတ်ရ အုံးမည်ဖြစ်ပြီး နောက်ပိုင်းတွင် အသင့်စားသောက်နိုင်သော အစားအစာများကို ဤပရင်တာမှ တိုက်ရိုက် ထုတ်လုပ်ပေး သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

 Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...