Apollo ငါးအစပ်ကြော်

နေ့လည်စာ၊ အစောပြေ အဖြစ်လုပ်စားနိုင်တဲ့ Apollo ငါးအစပ်ကြော်ပါ။ ငါးကို အသားလွှာပြီမှ ဂျုံ၊ ကော်မှုန့်ကပ်ကာ အကြွပ်ကြော်၍ မဆလာ အချက်နဲ့ ရောချက် ထားတာပါ။ ထမင်းနဲ့လည်း လိုက်ဖက်တာမို့ ခုပဲ တူတူ ချက်ကြည့်ရအောင်…

ငါးကြော်ရန် ပါဝင်ပစ္စည်းများ

ငါးကြင်း (သို့) တာလာဗီယားငါး – ၂၅၀ ဂရမ်
ဆား – လက်ဖက်ရည်ဇွန်း တ၀က်
နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ကြက်သွန်ဖြူ၊ ဂျင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်း (ရောထောင်းထားပါ)
ငရုတ်သီး(အရောင်တင်)မှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
သံပရာရည် – စားပွဲတင်ဇွန်း တ၀က်
ကြက်ဥ – ၁လုံး (ခလောက်ထားပါ)
ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
ဂျုံမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း

မဆလာချက်ရန် ပါဝင်ပစ္စည်းများ

ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
ဂျင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းပါ)
ငရုတ်သီးအနှစ် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ(ငရုတ်သီးပွပုနီကို ပြုတ်ပြီ အစေ့ထုတ်၊ ညက်အောင် ထောင်းပါ)
ငရုတ်သီးစိမ်း – ၃ခု (ထပ်ခြမ်းခြမ်းပါ)
ပျဉ်တော်သိမ်းရွက် – ၈ရွက်
နံနံစေ့မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း တ၀က်
ငရုတ်ကောင်းစေ့ – လက်ဖက်ရည်ဇွန်း တ၀က် (မညက်တညက်ထောင်းပါ)
နံနံပင် – စားပွဲတင်ဇွန်း ၁ဇွန်း (ပါးပါးလှီးပါ)
ဒိန်ချဉ် – စားပွဲတင်ဇွန်း ၄ဇွန်း
သံပရာရည် – စားပွဲတင်ဇွန်း ၁ဇွန်း



ငါးကြော်နည်း

၁။ အရင်ဆုံး ငါးကို အရိုး၊ အရေခွံဖယ်ပြီ အသားလွှာပေးပါ။

၂။ ပြီလျှင် ငါးကို (ဆား၊ နနွင်းမှုန့်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်၊ သံပရာရည်)တို့ဖြင့် သမအောင် ရောနုယ်ပေးပါ။



၃။ ပြီနောက် ကြက်ဥ(တ၀က်) ထည့်ပြီ ရောမွှေလိုက်ပါ။

၎။ ထို့နောက်(ဂျုံ၊ ကော်မှုန့်) ထည့်ကာ ငါးကို ဂျုံ၊ကော်မှုန့်၊ ကပ်ပေးပါ။



၅။ ထို့နောက် ဒယ်ထဲ ဆီများများထည့်ပြီ ဆီပူလာလျှင် ငါးများကို ရွှေညိုရောင်သန်းသည် အထိ ကြော်ပေးပြီ ပြန်ဆယ်ပေးပါ။





ငါး၊ မဆလာကြော်နည်း

၁။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ကာ ကြက်သွန်ဖြူ၊ ဂျင်း ဆီပူထိုးပေးပါ။

၂။ ပြီနောက် ငရုတ်သီးနှစ်၊ ငရုတ်သီးစိမ်း၊ ပျဉ်တော်သိမ်းရွက်များကို ၁မိနစ်ခန့် ဆီသပ်ပေးပါ။



၃။ ပြီလျှင် နံနံစေ့မှုန့်၊ ဆား၊ ပဲငံပြာရည်၊ ဒိန်ချဉ်၊ ငရုတ်ကောင်း၊ နံနံပင် တို့ကို ထည့်ပေးပါ။

၎။ ပြီမှ ကြော်ထားသော ငါးဖြင့် သမအောင် ရောမွှေပြီ နောက်ဆုံးမှ သံပရာရည် ဆမ်းပေးပါ။



၅။ အရသာရှိသော ငါးအစပ်ကြော်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…




Wutyee Food House
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...