Apple Logo မှာပဲ ရပ်နေတဲ့ iDevice တွေကို Advance Safe Mode ထဲဝင်ပြီး ပြန်လည် ဖြေရှင်းနည်း


Firmware တတ်မလာတော့ပဲ Apple Logo မှာပဲ ရပ်နေတဲ့ iDevice တွေကို
Advance Safe Mode ထဲဝင်ပြီး ပြန်ဖြေရှင်းနည်း

၁ iDevice ကို လုံးဝ Power ပိတ်သွားအောင် လုပ်ဖို့ အရေးကြီးပါတယ်

- Power Button + Volume Down + Home ကို စုံဖိထားပါကလည်း power ပိတ်လို့ ရပါတယ်

- Power ကျသွားရင် အားလုံး လွှတ်လိုက်ပါ

- Power ပိတ်လို့ မရရင် အားကုန်သွားအောင် စောင့်ပါ

၂ iDevice က Power ပြန်တတ်တဲ့အချိန် Apple Logo ပေါ်တဲ့ အချိန်မရောက်ခင် သတိတရနဲ့ စောင့်ကြည့်ပါ

- အားကုန်ပြီး Power ပိတ်တဲ့သူများ အတွက် အထူး  အရေးကြီးပါသည်

- အားသွင်းရင်း Power auto ပြန်တတ်လာတဲ့ အချိန်ကို အလွတ် မခံပါနဲ့

၃ Apple Logo ပေါ်လာပြီ ဆိုတာနဲ့ Volume Up ကို ချက်ချင်းဖိထားပါ

- Power တတ်တဲ့ အချိန်နဲ့ Volume Up နှိပ်တဲ့အချိန် မှာ အချိန်တွေ အများကြီး ကွာလို့မရပါ

- Lock Screen ကို ရောက်တဲ့အထိ တစ်ချက်မှ ပြန်မလွှတ် သွားမှာသာ စိတ်ချရမည်

- Lock Screen စပြီးအလုပ်လုပ်ရင်တော့ Volume Up ကို လွှတ်လိုက်လို့ရပါပြီ

၎ အခုရောက်သွားတဲ့ နေရာကို Advance Safe Mode လို့ သတ်မှတ်ပါ

- Jailbreak မလုပ်ခင်က ရှိတဲ့ Normal Mode ကို ရောက်သွားတာဖြစ်ပါတယ်

- အခုတော့ Firmware ကို ပြန်တတ် မလာအောင် ဒုက္ခပေးတဲ့ Error ကို ခဏတာ အနိုင်တိုက်လို့ ပြီးပါပြီ

၅ အခု ပြန်တတ် မလာတော့တဲ့ Firmware ကို ပြန်ကယ်တင်ဖို့ ဒုတိယအကြိမ် အခွင့်အရေး ရနေပါပြီ။


Credit > Original Author
Via;Mobilemother
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...