ပုဇွန်ဆိတ် စပ်ဆီးအုပ်

ဒီဟင်းလေးက ကျွန်မတို. တစ်အိမ်လုံး ကြိုက်တဲ့ အင်းလေးရိုးရာ ဟင်းတစ်မျိုးပါ။ အင်းလေးမှာတော့ အရမ်းကို သေးတဲ့ ငါးသေးသေး လေးတွေကို အခြောက် ခံထားတဲ့ ငါးသဖွဲခြောက်လို. ခေါ် တာလေးတွေနဲ. ချက်ပါတယ်။ ကျွန်မကတော့ ငါးသဖွဲခြောက် မရှိလို. အခွံ မချွတ်ထားတဲ့ ပုဇွန်လေးတွေကို အစားထိုးပြီး ချက်ထားပါတယ်။ ခရမ်းချဉ်သီး အနည်းငယ် ပိုထည့်ပြီး ပုဇွန်အစိုကို အစားထိုး ချက်ထား တာကြောင့် ငါးသဖွဲခြောက်နဲ့ ချက်သလို ခြောက်ခြောက်လေး မဟုတ်ပဲ အရည် စပ်စပ်လေးနဲ့ တစ်မျိုးစားလို့ကောင်းလှပါတယ်။

***... ပုဇွန် စပ်ဆီးအုပ် အတွက် လိုအပ်တာလေးတွေ…

1. ဆီ – ဟင်းခပ်ဇွန်းကြီး ၂ ဇွန်း
2. အကွင်းလိုက်လှီးကာ ၂ ပိုင်းဖြတ်ထားသော ခရမ်းချဉ်သီး – တရုတ်ထမင်းစား ပန်းကန်လုံး ၁ လုံးခွဲ
3. လက်တစ်ဆစ် အရှည်ခန်.လှီးထားသော ကြက်သွန်ပင် – တရုတ်ထမင်းစား ပန်းကန်လုံး ၂ လုံး
4. နနွင်းမှုန်. – လက်ဖက်ရည်ဇွန်း တစ်ဝက်
5. ငရုတ်သီးအခြောက် အကြမ်းမှုန်. – ထမင်းစားဇွန်း ၃ ဇွန်း
6. ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
7. အရသာမှုန်. – လက်ဖက်ရည်ဇွန်း ၄ ဇွန်း
8. အခွံမချွတ်ပဲ ခေါင်းဖြုတ်ထားသော ပုဇွန်အသေး – တရုတ်ထမင်းစား ပန်းကန်လုံး ၁ လုံးခွဲ (အရသာမှုန်. (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) နှင့် နယ်ထားပါ။

ပုဇွန်မှ လွဲ၍ ပါဝင်ပစ္စည်းအားလုံးကို ဒယ်အိုးထဲထည့်ကာ ခရမ်းချဉ်သီးဖတ်များ တတ်နိုင်သမျှ ကြေအောင် နယ်ထားပါ။

ပြီးလျှင် high heat နှင့် ၁၀ မိနစ်ခန်.(သို.)ခရမ်းချဉ်သီးဖတ်များ နွမ်းကြေ သွားအောင် မွှေကြော်ပေးပါ။

ပြီးလျှင် အရသာမှုန်.(လက်ဖက်ရည်ဇွန်း ၄ ဇွန်း)၊ ဆား နှင့် ပုဇွန်များကိုထည့်ကာ နောက်ထပ် ၁၀ မိနစ်ခန်. မွှေကြော်ပြီးလျှင် အရသာရှိလှသော ပုဇွန် စပ်ဆီးအုပ်လေး စားရန် အသင့်ဖြစ်ပါပြီ။

https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...