ကမ္ဘောဒီးယားစတိုင် တမာဖူး(ရွက်) ချဉ်စပ်သုပ်

တမာရွက်ကို သုပ်ထားတာမို့ ခါးခါးလေး ဆိုတာကို မမေ့စေချင် ပါဘူးရှင်….း)

***... အချဉ်ရည် အတွက် လိုအပ် တာလေးတွေ….

1. မန်ကျီးသီး အနှစ် – ထမင်းစားဇွန်း ၂ ဇွန်း
2. ရေ – ထမင်းစားဇွန်း ၂ ဇွန်း
3. ငါးငံပြာရည် – ထမင်းစားဇွန်း ၁ ဇွန်း
4. သကြား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
5. ဆား – လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ
6. ငရုတ်သီးစိမ်း – ၈ တောင့် (စပ်ရင် ပိုစားကောင်းပါတယ်)
7. ကြက်သွန်ဖြူ အတက်ကြီး – ၅ တက်

ငရုတ်သီး နှင့် ကြက်သွန်ဖြူကို ကြိတ်ပြီး (သို့) ထောင်းပြီး ကျန်ပါဝင်ပစ္စည်း များဖြင့်ရောကာ အချဉ်ရည်ဖျော် ထားပါ။

***... ကမ္ဘောဒီးယားစတိုင် တမာဖူး(ရွက်) ချဉ်စပ်သုပ် အတွက် လိုအပ်တာလေးတွေ….

1. အစေ့ထုတ်ကာ ပါးပါးရှည်ရှည်လှီးထားသော သခွားသီး – တရုတ်ထမင်းစားပန်းကန်လုံး တစ်လုံး
2. ကျက်သွားအောင် microwave ထဲ ၂ မိနစ်ခန့်ထည့်ကာ (သို့) ပြုတ်ကာ ထက်ခြမ်းလှီးထားသော လက်ညှိုးအရွယ် ပုဇွန် – ၁၀ ကောင်
3. ပြုတ်ပြီး ပါးပါး လှီးထားသော ဝက်အသား (သို့) ဝက်သုံးထပ်သား – တရုတ်ထမင်းစား ပန်းကန်လုံး တစ်ဝက်ခန့်
4. အရိုးနွှင်ထားသော ငါးကင် – တရုတ်ထမင်းစား ပန်းကန်လုံး တစ်ဝက်ခန့်
5. ပါးပါးလှီးထားသော နံနံပင် – တရုတ်ထမင်းစား ပန်းကန်လုံး တစ်ဝက်ခန့်
6. အပေါ်တွင် လုပ်ထားသော အချဉ်ရည် – အားလုံး
7. တမာဖူး(ရွက်) (frozen, pickled အလျင်းသင့်ရာကို သုံးနိုင်ပါတယ်။) – တရုတ်ထမင်းစား ပန်းကန်လုံး တစ်ဝက်ခန့်

အနည်းငယ် အခါးသက်သာစေရန် ရေဆေးထားသော တမာဖူး(ရွက်) ကို ဆူနေသောရေထဲ ထည့်ကာ ၃၊၄ ခါမွှေပြီး ချက်ချင်းရေပြန်စစ်ထားပါ (တမာခါးတာကိုကြိုက်သူများ ဒီအတိုင်းသုပ်လည်းရပါတယ်။)။ ပြီးလျှင် မာသောအရိုးများကို ဖယ်ထုတ်ထားပါ။

ပြီးလျှင် ပါဝင်ပစ္စည်းအားလုံးကို ဇလုံထဲထည့်ကာ ဖွဖွလေးရောနယ်သုပ်လိုက်လျှင် တမာ၏ ခါးသက်သက် အရသာ၊ ငရုတ်သီးစိမ်း နှင့် မန်ကျီးသီး၏ ချဉ်ချဉ်စပ်စပ်အရသာ၊ ပုဇွန် နှင့် ဝက်သား၏ ချိုသောအရသာ၊ ငါးကင်၏ မွှေးပျံ့သော အနံ့တို့ပေါင်းစပ်ထားသည့် ကမ္ဘောဒီးယားစတိုင် တမာဖူး(ရွက်) ချဉ်စပ်သုပ်လေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...