ဆီးချိုရောဂါ ကုထုံးသစ်

ရုံးပိတ်ရက်ဖြစ်၍ Dagon Cnetre II တွင် ဈေးဝယ်သူများဖြင့် စည်ကား လျက် ရှိ၏။

နေ့လယ်စာ စားသုံးရန် ချိန်းထား၍ ဒေါက်တာ ကျော်ဆွေသိန်းသည် ငါးလွှာရှိ IT Cup စားသောက်ဆိုင်တွင် ထိုင်ကာ စောင့်မျှော်နေ၏။

ထိုဆိုင်တွင် သီချင်း နားထောင်ရင်း အေးဆေးစွာ စာဖတ် နေ၏။

ဝိုင်ဖိုင်သုံး၍ ရသဖြင့် Laptop လည်း ဖွင့်ထား၏။

စာအုပ်မျိုးစုံရှိ၍ အချစ်ဝတ္ထု တစ်ပုဒ်ကို ရွေးယူကာ မြည်းစမ်းနေ၏။

ထိုဆိုင်တွင် ကော်ဖီမျိုးစုံ၊ သစ် သီးဖျော်ရည်မျိုးစုံ၊ Sandwidch မျိုးစုံ၊ Salad မျိုးစုံ၊ ဝေဖာမျိုးစုံ ရရှိ နိုင်၏။

မကြာမီ ဒေါက်တာပွင့်သက် တင်၊ ဒေါက်တာယုစန္ဒာ၊ ဒေါက် တာမြမြအေးနှင့် ဒေါက်တာတင် တင်ဦး တို့ ရောက်ရှိ လာ၏။

''ဆရာကျော်၊ လူစုံပြီလား''

''ဆရာဆွေနဲ့ ဆရာလင်း ကျန်သေးတယ်''

''ကဲ- မှာပေတော့။ ဒါမှ သူ တို့လည်း ရောက်၊ စားစရာလည်း အဆင်သင့် ဖြစ်မှာ''

''တရုတ်ဟင်း အမယ်ပေါင်း ငါးဆယ်ရှိတယ်။ အစုံရတယ်''

''ဆရာကျော်ပဲ ကြည့်မှာပေး ပါ။ ရာသီပေါ်သီးနှံကို အထူးလုပ် ထားတဲ့ အချိုပွဲလည်း မှာပေးပါ''

''သိပြီ၊ သိပြီ။ ရေခဲမုန့်ရယ်၊ ဂျယ်လီရယ်၊ ကောက်ညှင်းရယ်၊ မုန့်ကြာစိရယ်၊ သာကူစေ့ရယ်၊ အဲဒါတွေကို သုံးပြီး ရာသီပေါ်သီးနှံ တစ်မျိုးမျိုးနဲ့ အထူးအချိုပွဲ လုပ်တယ်လေ။ ဥပမာ- သရက်သီးပေါ့ ကွာ''

''ဟုတ်တယ်၊ ဟုတ်တယ်။ ဒါ က IT Cup ရဲ့ အထူးအချိုပွဲပဲ''

''ရပါတယ်၊ မှာပေးပါ့မယ်''

''ဆရာကျော်က လိမ္မာသားပဲ''

''ဟဲ ဟဲ- မမိုက်ဝံ့ပါဘူး။ သိ နေတယ်လေ''

ထိုစဉ် ဒေါက်တာတင်မောင် ဆွေနှင့် မုံရွာသား ဒေါက်တာလင်း နိုင်ထွန်းတို့ ရောက်ရှိ လာကြ၏။

''ဆရာဆွေတို့၊ ဆရာလင်း တို့ ထိုင်ကြဗျာ''

''ဆရာဆွေ၊ လျူဂါပစ္စတို မပါဘူးလား''

နာမည်ကျော် စုံထောက်ဝတ္ထု ရေးဆရာကြီး မိုးဝေ၏ ပင်တိုင် ဇာတ်ကောင်က တင်မောင်ဆွေ ဖြစ်၏။ သွားလေရာတွင် လျူဂါပစ္စတို ပါ၏။

ထိုအချက်ကို မူတည်၍ ဒေါက်တာပွင့်သက်တင်က နောက် ပြောင်လိုက်၏။

''ပစ္စတိုတော့ မပါဘူး။ နီဂရိုး ပီကေတော့ ပါတယ်''

''ဟာ- နောက်နေပြန်ပါပြီ။ နီဂရိုးပီကေ ဝယ်လို့ရသေးလို့လား''

''ရန်ကုန်မှာ မရှိဘူး။ မလေးရှားက ရောဂါဗေဒ ပါမောက္ခကြီး ပို့လိုက်တာ။ ဟဲ ဟဲ''

ထိုစဉ် သူနာပြုဆရာမလေး နွဲ့ယမင်း ပြူးပြူးပြာပြာဖြင့် ရောက်လာ၏။

''ဆရာ ဆရာ၊ အဘွား Sugar အရမ်းကျသွားလို့ သတိ လစ်သွားတယ်''

''ဟာ- အရေးကြီးတယ်။ ကဲ- သွားပြီဗျို့''

ဒေါက်တာကျော်ဆွေသိန်းသည် ကမန်းကတန်း ထကာ ဒရောသောပါး ဆင်းပြေးသွား၏။

''သွားပါစေဗျာ၊ ဒါဟာ ပါရမီ ဖြည့်ခြင်း တစ်မျိုးပဲ။ ဟဲ ဟဲ''

''Sugar ဆိုလို့ နွဲ့ယမင်း အဘွားက ဆီးချိုထင်တယ်''

''ဟုတ်တယ်၊ ခုဖူးစာက ဆီးချို ဖူးစာဗျ''

''ဘယ်လို ဘယ်လို၊ မြားနတ် မောင် ဆီးချို ဖြစ်နေတယ်။ ဟုတ် လား''

''ဟာ- ဆရာလင်းကလည်း ဒီလိုဗျ။ အဘွားက နာတာရှည် ဆီး ချိုရောဂါသည်ဗျ။ ဆရာကျော်က အိမ်သွား သွားကုနေရတယ်။ ဆီးချို အဓိကပေါ့ဗျာ။ အဘွား ဆီးချို မပျောက်ပေမယ့် ဆရာကျော်ရဲ့ နှလုံးရောဂါ ပျောက် သွားပါလေ ရော။ ဟဲ ဟဲ''

''အားကျတယ်ဗျာ''

''ဆီးချိုဆိုလို့ ပြောရဦးမယ်။ ကုထုံးသစ် စမ်းသပ်နေပြီတဲ့''

''အေး- ပြောပြပါဦး''

''ဒီလိုလေ။ BMC Medicine ဆိုတဲ့ ဆေးပညာဂျာနယ်မှာ ဖတ် လိုက်ရတယ်။ ဆီးချိုမှာ Type One က Autoimmunity ကြောင့် ဖြစ် တာ။ ဒါကို ထိန်းချုပ်နိုင်ရင် ကုနိုင် ပြီ။ အရင်က ဒီအတားအဆီးကို မကျော် လွှားနိုင်ခဲ့ဘူး။ ခု လမ်းစရ လာပြီ''

''ဟာ- စိတ်ဝင်စားစရာပဲ''

''Human Cord Blood ကရတဲ့ပင်မမူလဆဲလ်တွေကိုသုံးပြီး သုတေသနလုပ်တာကွ။ ဒီဆဲလ်တွေကို CB-SC လို့ အတိုကောက် ခေါ် တယ်။ ဒီဆဲလ်တွေက အစွမ်း ထက်တယ်။ ဒီဆဲလ်တွေက Regulatory T-Cell တွေ ရယ်၊ Human Islet Beta-Cell Specific T-Cell ကို ထိန်းကျောင်းပြုပြင်ပေးတယ်''

''ဘယ်လို ထိန်းကျောင်းပြုပြင် တာလဲ။ ရှင်းပြပါဦး''

''သုတေသီတွေက Stem Cell Education Therapy အတွက် နည်းပညာသစ်တစ်ခု တီထွင်လိုက် တယ်။ ဒီနည်းပညာမှာ ပထမ အဆင့်က Whole Blood ကနေ Lymphocyte ကို သီးသန့်ခွဲထုတ် လိုက်တယ်။ ပြီးတော့ ဒုတိယ အဆင့်က Lymphocyte ရယ်၊ CB-SC ရယ်ကို Co-Culture လုပ် တယ်။ ပြီးတော့ တတိယအဆင့်က Lymphocyte တွေကို Circulation ထဲ ပြန်ထည့်တယ်။ ဒီသုတေ သနမှာ စမ်းသပ်ခံ လူနာ ၁၅ ဦး ရှိတယ်။ အသက်က ၃၅ နှစ်ကနေ ၄၁ နှစ်ကြားရှိတယ်။ ရောဂါသက် တမ်းက တစ်နှစ်ကနေ ၂၁ နှစ် ရှိ တယ်။ လူနာတွေက အမှတ် ၁ အမျိုးအစားတွေချည်းပဲ''

''အတော် ရှုပ်ထွေးတယ်နော်''

''ဟုတ်တယ်၊ ခုပြောတာက အကျဉ်းချုပ်ကွ။ အသေးစိတ်ပြော ရင် သူငယ်ချင်းတို့ Dgaon Centre II မှာ ညအိပ်ရလိမ့်မယ်''

''ကဲပါ၊ ညလည်း မအိပ်ပါရ စေနဲ့။ အတိုချုပ်ပဲ ပြောပါ''

''ဒီကုထုံးက ဘေးထွက်ဆိုးကျိုး နည်းတယ်။ Venipuncture လုပ်လို့ နာတာ၊ ကျင်တာပဲ ရှိ တယ်။ တခြား ဆိုးကျိုး ကြီးကြီးမား မား မရှိဘူး။ ကုထုံးပြီးတော့ လူနာကို ပြန်စမ်းတာပေါ့ကွာ။ တိုးတက်မှု ရှိ၊ မရှိပေါ့ကွာ။ သုတေသီတွေက သွေးထဲက ဓာတု ဓာတ်ပေါင်းတွေကို တိုင်းတယ်။ C-Peptide Level တိုင်းတယ်။ သိသိ သာသာ တိုးတက်လာတာ တွေ့ရတယ်။ Median Glycated Hemoglorin နည်းသွားတယ်''

''HbAC ပေါ့နော်''

''ဟုတ်တယ်၊ HbAC ကို ဆို လိုတာ။ ပြီးတော့ Median Daily Insulin Dose လည်း နည်းသွား တယ်''

''အင်ဆူလင် ထိုးနေရတာ လျှော့ထိုး ရတာပေါ့နော်''

''ဟုတ်တယ်၊ ဒါက တချို့လူနာမှာ တွေ့တာ။ အဲဒီလူနာတွေ မှာက Come Residual Beta-Cell Function ရှိသေးတယ်။ ပြီး တော့ Glucose-Stimulated C- Peptide Level ရယ်၊ Basal C-Peptide Level ရယ် တက်လာတယ်''

''အင်း- အတော်ထူးခြားတာ ပဲ''

''သုတေသီတွေ တွေ့တာက အစမ်းသပ်ခံ လူနာတွေမှာ Costimulating Molecule တွေလည်း Increased Expression ဖြစ်လာ တာ တွေ့တယ်။ အဲဒါတွေက CD 28 ရယ်၊ C10S ရယ်။ တခြားဟာ တွေလည်း ရှိသေးတယ်''

''အထောက်အထားတွေ အတော်ခိုင်လုံတာပဲ''

''ဆရာကြီးတွေ ပြောပြောနေ တဲ့ Evidence-Based ပေါ့ကွာ။ ပြီး တော့ CD4+ CD25+ Foxp3+Tregs တွေလည်း များလာတယ်။ ကိုယ်ခံစွမ်းအား ကောင်းလာတဲ့ သဘောပဲ။ Th1/ Th2/ Th3 Cytokine Balance လည်း ပြန်ကောင်း လာတယ်''

''Immunology က အတော် ရှုပ်ထွေးတဲ့ ဘာသာရပ်ပဲနော်''

''ဟုတ်တယ်၊ စကားလုံးတွေက အတော်ခက်တယ်။ စကားလုံး တစ်လုံး အဓိပ္ပာယ်သိဖို့ ဧရာမစာ အုပ်ကြီးတွေ လှန်ရ၊ လှောရ၊ ဖတ် ရ၊ ရှုရပေါ့ကွာ။ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်''

''Text Book နဲ့တင် မပြီးဘူး ကွ။ အသစ်အဆန်းတွေကျတော့ ဆေးပညာဂျာနယ် နောက်ဆုံး ထုတ်တွေပါ ဖတ်ရတယ်''

''ဒါပေါ့ကွာ၊ ပညာနယ်က အရမ်းကျယ်တယ်။ တိုးတက်မှုက လည်း အရမ်းမြန်တယ်''

''နိဂုံးချုပ်လေး ပြောပါဦး''

''သုတေသီတွေ ကောက်ချက် ချတာက Stem Cell Educator Therapy ဟာ အန္တရာယ် ကင်းပါ တယ်တဲ့။ အမှတ် ၁ အမျိုးအစား ဆီးချိုရောဂါအတွက် အကျိုးရှိပါ တယ်တဲ့။ Metabolic Control ရပါစေတယ်တဲ့။ ဒီကုထုံးက Autoimmunity ကို ထိန်းချုပ်တယ်။ Islet Beta-Cell တွေ ပြန်ပြီး ပွားများလာစေတယ်။ CB-SC တွေကို အသုံးချပြီး Immune Modulation လုပ်တာ အောင်မြင် တယ်။ ဆေး လက်တွေ့ ရလဒ်တွေ ကောင်း တယ်''

''ဒါဆို တခြားရောဂါတွေ အတွက်ရော''

''အလားအလာ ကောင်းတာပေါ့ကွာ။ အထူးသဖြင့် Autoimmune Disease တွေ၊ Immune နဲ့ ပတ်သက် တဲ့ရောဂါတွေ၊ Inflammation - Related Disease တွေ အတွက် အလားအလာ ရှိတယ်''

''ကောင်းတယ်ကွာ''

''သုတေသီတွေ အုပ်စုနဲ့ အလုပ်လုပ်တာ။ ဦးဆောင်တာက Yong Zhao တဲ့။ စုစုပေါင်း သုတေ သီ ၁၈ ယောက် ပါတယ်''

''Clinical Trial ဆိုတော့ Trial Registration လုပ်ရမှာပေါ့''

''ဒါပေါ့၊ လုပ်ရတာပေါ့။ Clinical Trials-Gov Number က NCT 01350219 တဲ့ကွ''

''ဒါဆိုတော့ Evidence-Based ဖြစ်သွားပြီ''

''ဒါပေါ့၊ တရားဝင် လုပ်တာ ပဲ။ ဆေးပညာ ကျင့်ဝတ်သိက္ခာ၊ စည်းမျဉ်း စည်းကမ်းတွေနဲ့လည်း ညီပါတယ်''

''ဘယ်ဂျာနယ်မှာ ပါလာတာ လဲ''

''BMC Medicine ဆိုတဲ့ ဂျာနယ်မှာကွ''

''ရှာဖတ်ဦးမှပဲ''

''ရှာလို့ မလွယ်ဘူး။ သူငယ် ချင်းကို တို့ပေးမယ်''

''ဟာ- ဆရာဆွေက ဘယ်က ရတာလဲ''

''ရောဂါဗေဒ ပါမောက္ခကြီး နိုင်ငံခြားကနေ ပို့လိုက်တာ။ ဟဲ ဟဲ''

''သြော်- နီဂရိုးပီကေနဲ့ အတူ တူပါလာတယ် ထင်တယ်''

''ဟဲ ဟဲ- ပွင့်က ပြန်နောက် နေပြန်ပါပြီ။ ဆရာကြီးက ပြောတယ်။ ဟိုမှာ ဦးအဝှာ-ဒေါ်အကျို့ တော့ မရှိဘူး တဲ့။ ရန်ကုန်မှာပဲ ရှာ ဝယ်တဲ့''

''ကဲပါ- ဗိုက်ဆာလာပြီ။ တရုတ်ဟင်း အမျိုးငါးဆယ် မလာ သေးပါလား''

''အဆင်သင့်ပါပဲ ပွင့်ရယ်၊ ရောက်လာပါပြီ''

ဆရာဆွေ မျက်ရိပ်ပြလိုက် သည်နှင့် ဟင်းပန်းကန်များ ချက် ချင်းရောက်ရှိလာရာ စားပွဲတစ်ခု လုံး ပြည့်ကျပ် သွားလေ၏။

ထိုစဉ် Sound Box မှ ကိုင်ဇာ၏ 'မနိုးပါစေနဲ့ မိုးရယ်' သီချင်းသံက ငြိမ့်ညောင်းသာယာစွာ ထွက်ပေါ်လာရာ ငယ်စဉ်ဘဝ ကို ပြန် လည်လွမ်းဆွတ် တသမိလေ တော့၏။

အောင် (ဆေး-၁)

ရည်ညွှန်းချက် ။ ။ BMC Medicine ဆေးပညာဂျာနယ်မှ "Reversal of Type 1 Diabetes Via Islet Beta Cell Regeneration Following Immune Modulation by Cord Blood-Derived Multipotent Stem Cell" ဆေးပညာဆောင်းပါးကို မှီငြမ်းကိုးကား ပါသည်။





ဈေးကွက်ဂျာနယ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...