သင့်ကိုယ်ခန္ဓာ အတွင်းမှာ အညစ်အကြေးတွေ ဘယ်လောက်တောင် စုပုံနေပြီလဲ

သွေးအတွင်းမှ အညစ်အကြေးတွေ ကိုလည်း သန့်စင်ပေးဖို့  မိမိကိုယ်တိုင် စွမ်းဆောင်နိုင် ပါတယ်။ ဒါကတော့ Detox Water ပြုလုပ်ပြီး သောက်လိုက် ရုံပါပဲ။ ရနိုင်တဲ့ အကျိုးတွေ ကလည်း အများကြီးပါ။

Detox Water လုပ်ဖို့ ဘာတွေ လိုအပ်သနည်း

- ရေသန့် ၂လီတာ လိုပါတယ်။
- သံပရိုသီး ( သို့ ) သံပရာသီး ၁လုံး ( သို့ ) Apple Cider Vinegar ဟင်းခပ်ဇွန်း ၁-၂ခွန်း ( မိမိ လိုအပ်သလောက် အနည်း အများ ချိန်နိုင်သည်။ အရမ်း ချဉ်အောင်တော့ မထည့် သင့်ပါဘူး။
- ပူစီနံရွက် ၁၀ရွက် မှ ၁၅ရွက်
- သခွားသီး အလတ် ၁လုံး ( သို့ ) ဖရဲသီး အနည်းငယ်
- လိမ္မော်သီး အနည်းငယ်
- ရေ ၂လီတာဆံ ဖန်ခွက်ကြီးတစ်လုံး

အထက်ပါ လိုအပ်တာ အားလုံးတို့အား ဖန်ခွက်အတွင်း ပေါင်းထည့်ပါ။ ကြိတ်ဖို့ မလိုပါဘူး။ ထို့နောက် ရေခဲသေတ္တာထဲတွင် ထည့်ပြီးနောက်နေ့ မနက်မှ စတင်ကာ ၁ရက်လုံး သောက်သုံးနိုင်ပါပြီ။ ၂၄နာရီ ထက်ကျော်ပြီးတော့ မသောက်သုံး သင့်ပါ။ ထိုသို့နေ့စဉ် ဆက်တိုက် သောက်သုံးနိုင်သလို ၁ပါတ် အတွင်း ၂ရက် ၃ရက် အဆင်ပြေသလို သောက် သုံးနိုင်ပါတယ်။ ၁ လလောက်သောက် သုံးပြီးသွား ရင်တော့ အနည်းငယ် ထူးခြား လာပါလိမ့်မယ်။

ရလာဒ်တွေ အနေနဲ့ကတော့ 

-သွေးအတွင်းမှ အညစ်အကြေးများကို သန့်စင် သွားပါလိမ့်မယ်။
-ကျောက်ကပ်နှင့် အသည်း အတွင်းမှ အညစ်အကြေးများကို သန့်စင် သွားပါလိမ့်မယ်။
- မလိုတဲ့ အဆီတွေကိုလည်း ကျစေပါတယ်။
- ကိုယ်ခန္ဓာရဲ့ ခုခံစွမ်းအားလည်း တက်လာပါမယ်။
- အသားအရေ ဟာလည်း ၀င်းပလှပ လာပါလိမ့်မယ်။
- နေ့တိုင်းလည်း ရေကို ပိုသောက်ဖြစ်စေတာပေါ့။

သင်လည်း စမ်းသောက်ကြည့် လိုက်ပါအုံး။ ရေကတော့ ၁လီတာပဲ သောက်မယ်ဆိုရင် လိုအပ်တာတွေ ကိုလည်း လျှော့ထည့်ဖို့ မမေ့နဲ့အုံး။

Happy Mom Pregnancy Pillow
https://www.facebook.com/redhotcompany
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...