ဆမ်ဆောင်း စမတ်ဖုန်းများ အရောင်းကျ

ဆမ်ဆောင်း အီလက် ထရောနစ် ကုမ္ပဏီက ထုတ်လုပ်တဲ့ စမတ်ဖုန်းတွေ အရောင်းကျနေ တာကြောင့် ၃ နှစ်အတွင်း အမြတ်ငွေ အနိမ့် ဆုံးဖြစ်နေတယ်လို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။

၃ လအတွင်း ကုမ္ပဏီ အမြတ်ငွေ ၆၀ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ ၃.၈ ဘီလီယံအထိ ကျဆင်းခဲ့ တယ်လို့ ဆမ်ဆောင်းက ဆိုပါတယ်။

အမြတ်ကျမယ် ဆိုတာကို အခုလအစောပိုင်းက ဆမ်ဆောင်း ကုမ္ပဏီကလည်း ခန့်မှန်း ထားပါတယ်။

ဆမ်ဆောင်း ကုမ္ပဏီရဲ့ အစုရှယ်ယာဈေးတွေလည်း အခုနှစ်အတွင်း ၂၀ ရာခိုင်နှုန်း လောက် ကျဆင်းခဲ့ ပါတယ်။

ပြိုင်ဘက် Apple ကုမ္ပဏီက ပြီးခဲ့တဲ့လက iPhone 6 တွေကို ထုတ်ရောင်းခဲ့ပြီးနောက် ဆမ်ဆောင်းကုမ္ပဏီ ရဲ့ စမတ်ဖုန်းဈေးကွက်ကို ဆက်ထိန်းနိုင်ရေး အသည်းအသန် ကြိုးစားနေရတာပါ။

ကုမ္ပဏီရဲ့ အဓိက ထုတ်ကုန်ဖြစ်တဲ့ ဂလက်ဆီစမတ်ဖုန်း ဈေးကွက်ဟာ တရုတ်ကုမ္ပဏီတွေဖြစ်တဲ့ Xiaomi နဲ့ Lenovo တို့ကိုလည်း ခွဲပေးခဲ့ ရပါသေးတယ်။

ဒီတရုတ် စမတ်ဖုန်းတွေဟာ အရည်အသွေးရော၊ အရွယ်အစားပါ ဂလက်ဆီကို ယှဉ်နိုင်ပြီး ဈေးကလည်း ပိုသက်သာပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်း၊ စမတ်ဖုန်း ဈေးကွက်ပြိုင်ဆိုင်မှုဟာ လာမယ့်နှစ်တွေအတွင်း ပိုမိုပြင်းထန် လာနိုင်တယ်လို့ ဆမ်ဆောင်း ကုမ္ပဏီက ပြောပါတယ်။

 DVB News
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...