အရေပြား ကျန်းမာရေး နှင့် အလှအပ ထိန်းသိမ်းစောင့်ရှောက်မှု

ဧည့်သည် အယ်ဒီတာ – မေသန်းနု

အမျိုးသမီး တိုင်းဟာ တစ်ကိုယ်ရည် ကျန်းမာရေး နဲ့ ကိုယ်ခန္ဓာ သန်စွမ်း ကျန်းမာဖို့ အရေပြား အလှအပ ထိန်းသိမ်း စောင့်ရှောက်မှု တွေကို အမြဲမပြတ် အလေး ထား ဆောင်ရွက် သင့်ပါတယ်။ မဆင့် တို့ မြန်မာ အမျိုးသမီး တို့က ရုပ်ဆင်း ရူပကာ ချောမော လှပမှုနဲ့ ဝတ်စား ဆင်ယင် ထုံးဖွဲ့မှုကို တန်ဖိုးထား ချစ်မြတ်နိုးကြ သူတွေဖြစ်လို့ ပိုလို့တောင် ဂရုစိုက် လုပ်ဆောင် ရမယ့် အရာလည်း ဖြစ်ပါတယ်။ မဆင့် ကိုယ်တိုင်လည်းပဲ အမျိုးသမီး တစ်ယောက် အနေနဲ့ရော ပင်ကိုယ် သဘာဝ အလှ တန်ဖိုးထား ထိန်းသိမ်းတဲ့ အနေနဲ့ပါ တစ်ကိုယ်ရေ ကျန်းမာရေး အတွက် ခန္ဓာကိုယ် အရေပြား ထိန်းသိမ်း ကာကွယ်စောင့်ရှောက်မှု လေးတွေ အ ကြောင်း က စပြောချင် ပါတယ်။ မဆင့်က ညဘက် ဆိုလည်း Night Cream တွေ လိမ်းအိပ်တယ်။ ပြီးတော့ သနပ်ခါး လိမ်းတယ် ။နေ့ဘက်မှာ ကျတော့ မိတ်ကပ်တွေ လူး ထားရ တယ်။ တစ်နေကုန် နေရဲ့ အပူဒဏ်လည်း ရှိတော့ ညပိုင်းဆို သနပ်ခါး လိမ်းတယ်။ ဆိုင်မှာသွား ပြီးတော့ တစ်ကိုယ်လုံး treatment လုပ်တာ မျိုးတော့ မလုပ်ဖြစ်ဘူး။ လိုရှင်း လိမ်းတယ်။ အဲဒီနည်းလေး တွေနဲ့ မဆင့်ရဲ့ အသားအရေကို ထိန်းတယ်။ နေပူထဲ ထွက်ရတဲ့အခါ မျိုးကျတော့ မဆင့်က ထီးအမြဲ ဆောင်းတယ်။ Skin Care တွေ သုံးတယ် ဆိုရင် မဆင့် က ဘော်ဒီ အတွက် ရွေးသုံးတယ် ဆိုတာမျိုးတော့ မရှိဘူး။ ဘယ်လိုရှင်းမ ဆိုလိမ်းတယ်။ မရွေးဘူး။ မျက်နှာအတွက် ကျတော့ ရွေးသုံးတယ်။ ကိုယ် နဲ့ အဆင်ပြေမယ် ထင်တဲ့ Day Cream၊ Night Cream တွေ ပဲ သုံးတယ်။ မဆင့်တို့က အနုပညာ သမားတွေဆို တော့ အရိပ်ထဲ မှာလည်း ရိုက်ရတာ ရှိသလို နေပူထဲ မှာ ရိုက်ရတာတွေ လည်း ရှိတော့ UV ပါတဲ့ လိုရှင်းတွေ ကိုတော့ အဓိက သုံးတယ်။ ချောင်းသာတွေဘာ တွေ သွားရင်လည်း UV Lotion တွေသုံးတယ်။ အသားအရေ အတွက် အလှကုန် ပစ္စည်းတွေ နဲ့လည်း မဆင့် တို့က ပြုပြင် ထိန်းသိမ်းဖြစ်သလို အစားအ သောက် နဲ့လည်း ထိန်းသိမ်း ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အပူအစပ်တွေ ကို စားရင်း မျက်နှာမှာ အဖုအပိန့်တွေ၊ ဘုတွေ ထွက်တတ်တာမျိုး ရှိတယ်လေ။ အမ ကိုယ်တိုင် ကလည်း အပူအစပ်တွေဆို ရှောင်တယ်။ အသီးအ နှံ၊ အရွက်များများ စားတယ်။ လူတစ် ယောက် အတွက် အသားအရေ ဆိုတာကလည်း အခြေခံကျတဲ့ အချက် တစ်ခုပါပဲ။ အသားအရေ လှတော့ ပို ကောင်း တာပေါ့။ အသားအရေ မှာဆို လည်းဖြူတဲ့သူ ရှိတယ်။ ညိုတဲ့သူ ရှိတယ်။ မည်းတဲ့သူ ရှိရင်ရှိမယ်။အားလုံးက သူ့အလှနဲ့ သူပါပဲ။ ညိုတဲ့သူ ဆိုရင် လည်း အသားရေ ညိုညိုလေးနဲ့ စိုနေ တယ်ဆိုရင် ဒါ လှတာပဲလေ။ အဓိက ကိုယ့်အသားအရေ နဲ့ လိုက်ဖက်တဲ့ ဝတ်စား ဆင်ယင်ပုံ၊ ကိုယ့်အသားအရေ နဲ့ လိုက်ဖက်မယ့် အရောင်ရွေးချယ်မှု ကလည်း လိုပါတယ်။ ကိုရီးယား သူ လေးတွေ ဝတ်ကြတာ ကိုမြင်ပြီး ဟယ်လှ လိုက်တာ ဆိုပြီး ကိုယ်တွေဆီမှာ အဲဒီလို လိုက်ဝတ်လို့ မရဘူး လေ။ သူတို့ဆီမှာ က သူတို့ ရာသီဥတု နဲ့လိုက်ဖက်တဲ့ အဝတ်အစား ကိုရွေးချယ်ပြီး ဝတ်ကြ တာ။ မြန်မာနိုင်ငံမှာ ကျတော့ ရာသီ ဥတုက ပူတယ်လေ။ သူတို့ မာဖလာ ဝတ်ကြတာကို ကြည့်ပြီး ကိုယ်တွေဆီ မှာ လိုက်ဝတ်။ ရာသီဥတု ကပူ ၊ချွေးတွေက ကျတော့ ကိုယ့်အသားအရေ က ချွေးထွက် လွန်တာတွေ ရှိတယ်လေ။ ဒီမှာက အဲဒီ အဝတ်အစား ရွေးချယ်ပြီး ဝတ်တတ်ဖို့ နည်းနည်း လိုနေသေးတယ်။ မဆင့်တို့ အတွေ့အကြုံ အရပြောရရင် မဆင့်တို့ ပြည်ပကို အလည်အပတ် သွားတယ်။ ရှောပင်းထွက် တဲ့အခါ ကျတော့ သူတို့နိုင်ငံတွေ မှာ ဘာတွေ့ ရလဲ ဆိုတော့ ရာသီ အလိုက်အဝတ် အစားတွေ ကိုရောင်းကြတယ်။ ဆောင်း ရာသီရောက်နေတဲ့ အချိန်မှာ နွေရာသီ ဝတ်ဖို့ ဆိုပြီး အင်္ကျီ လိုက်ရှာမတွေ့ဘူး။ ဆိုင်တိုင်း ဆိုင်တိုင်း အကုန်လုံးက ဆောင်းရာသီ ဆိုရင် ဆောင်း ရာသီဝတ်မယ့် အဝတ်အ ထည်တွေ ကိုပဲရောင်းကြ တယ် ။နွေရာသီ ဆိုရင်လည်း နွေရာသီပေါ့။ အဲဒီလိုရောင်း ကြတာ။ အဲဒီတော့ အဲဒီမှာနေ တဲ့သူတွေ ကလည်း ဝယ်ဖို့အ တွက် ဖက်ရှင်တွေကို သိပ်စဉ်း စားစရာ မလိုတော့ဘူး။ ဆိုင်တွေမှာ တင်ထားတဲ့ အင်္ကျီတွေထဲက ကိုယ် အ ဆင်ပြေတာကို ရွေးချယ်ပြီး ဝတ်ရုံဘဲ။ ဒီမှာကျတော့ အဲဒီလို မဟုတ်ဘူး။ နွေရာသီ၊ မိုးရာသီ၊ ဆောင်းရာသီ ပဲဖြစ်ဖြစ် အဝတ်အစား စုံတယ်။ ရာသီနဲ့ လိုက်တာ ဝတ်ဖို့ စဉ်းစားရတယ်။ ဒီမှာ များနေတော့ဘာကို ဘယ်လို ဝယ်ရမှန်း မသိတော့ဘူး။ ဝေဝေဝါးဝါး ဖြစ်နေတာ။ အဲဒီတော့ ဖက်ရှင် ကျနေဖို့ကလည်း ကိုယ် နဲ့ လိုက်ဖက်မယ့် အဝတ် အစားကို ရွေးချယ်ပြီး ဝတ်တတ်ဖို့ လိုတယ်။ ပြည် ပ မှာကျတော့ ဆောင်းရာသီ ကုန်တာနဲ့ ဆောင်း ရာသီ အဝတ်ဒီဇိုင်း သွားရှာ တွေ့ဖို့ မလွယ်ဘူး။ ဆိုင်တွေက အစ ဖက်ရှင်တွေ ကို လိုက်လျော ညီထွေစွာ ရောင်းချကြတယ်။ အဲဒီတော့ customer တွေကလည်း ရာသီ အလိုက် ဆောင်းဆို ဘာဝတ် ရမလဲ။ နွေဆို ဘာဝတ်ရမလဲ။ အဲဒီလို ချိန်ပြီး ဝတ်ကြတာ။ အဲဒီလိုဆိုတော့ ပိုကောင်း တာပေါ့။ အသား အရေ နဲ့ လိုက်ဖက် ပြီး အဆင်ပြေမယ့် အဝတ်အစားတွေ ဝတ်ဆင် သင့်ပါတယ်လို့ ပြောချင်ပါ တယ်။ ပြီးတော့ ကျန်းမာရေး နဲ့ ညီညွတ် တဲ့အသားအရေ ရရှိဖို့ကလည်း အရေး ကြီးပါတယ် လို့ မဆင့်ပြော ကြားရင်း ဆောင်းရာသီ ဖက်ရှင်နဲ့ အရေပြား ကျန်းမာရေး အပါ အဝင် အလှအပ ထိန်း သိမ်းစောင့်ရှောက် မှု အထူးပြုကဏ္ဍ အတွက် ဧည့်သည် အယ်ဒီတာ စကားကို အဆုံးသတ် လိုက်ရပါတော့တယ် ။

မေသန်းနု
Popular Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...