လွယ်ကူသက်သာ အသားအရေ ပြုပြင်နည်း

www.greendrinkreviews.com
လူသားတိုင်း အတွက် အသားအရေ လှပစေဖို့ အတွက် ငွေကြေး သက်သာ လွယ်ကူတဲ့ အသား အရေပြုပြင် နည်းလမ်း အချို့ကို ဖော်ပြပေး လိုက်ပါတယ်။ ဒီနည်းလမ်းဟာ မိမိအိမ်မှာရှိတဲ့ ပစ္စည်းတွေကို အသုံးပြု ထားတာ ဖြစ်တဲ့အတွက် အလွန်ထိရောက် အကျိုးရှိစေပါတယ်။

အသားမာတက်ပြီး အမည်းစွဲနေရင် ။ ။ ဒူး တံတောင်ဆစ် ခြေမျက်စိတွေဟာ အသားမာတက်ပြီး အမည်း စွဲနေရင် သံပရာသီးကို ထက်ပိုင်းပိုင်းပြီး အဲဒီသံပရာခြမ်းနဲ့နေ့စဉ် ပုံမှန်ပွတ်တိုက်ပေးပါ။ နေ့စဉ်မပျက်မကွက် လုပ်ပေးရင် ထူးခြား သိသာစွာ အညိုအမည်း အသားမာတွေ လျော့ပါးပျောက်ပျက် သွားပါလိမ့်မယ်။

မျက်ကွင်းညိုရင် ။ ။ မျက်ဝန်းတဝိုက် ညိုပြီး အကြည့်ရဆိုးနေရင် အာလူးကို အခွံနွှာ အသားတွေကို ပါးပါး လှီး နုတ် နုတ်စဉ်းပါ။ ပြီးရင် လက်နဲ့ ဆုပ်ပြီး အရည် ညှစ်ပြီးရင် အာလူး ဖတ်တွေကို မျက်လုံး တဝိုက်ကို အုံပေးပါ။ ၁ဝ မိနစ်လောက် တော့ ကြာအောင်ထားပါ။ အဲဒါကို နေ့ စဉ် အုံပေးရင် မျက်ကွင်းညိုခြင်းကနေ ကင်းဝေး သက်သာ သွားပါလိမ့်မယ်။

ရင်းနေတဲ့ ဝက်ခြံများ ညှိုးသွားအောင် ။ ။ ရင်းနေတဲ့ ဝက်ခြံထိပ်ကို ပျားရည်စွတ် ထားတဲ့ ဂွမ်းလေးနဲ့ တို့ပေးပါ။ ဒါဆိုရင် ဝက်ခြံက ညှိုးခြောက်ပြီး သူ့အလိုလို အဆံ ထွက် သွားပါလိမ့်မယ်။ အသားပတ်တဲ့အခါ ခရမ်းချဉ်သီးကို သတိရပါ ။ ။ ဆောင်းမှာ အသားပတ် ရင်ခရမ်းချဉ်သီးကို ထက်ခြမ်းခြမ်း အထဲက အဆန်တွေ ကိုထုတ် အနှစ်ချည်း သီးသန့်နဲ့ မျက်နှာကို ပွတ်တိုက် လိမ်းကျံပေးပါ။ ၁ဝ မိနစ်လောက်နေ ရင် ရေနွေးနွေးနဲ့  ဆေးချပါ။ ဒီနည်းကို အသားပတ်တဲ့ အခါတိုင်းလုပ်ပေးရင် မျက်နှာ အသား အရေပါ ကြည်လင်ချောမွေ့ သွားပါလိမ့်မယ်။

နေလောင်ရင် နွားနို့သုံး ။ ။ နေလောင်ရင်၊ နေပူထဲသွားလို့ အသားမည်းရင် နွားနို့ကို ကျွက်ကျွက် ဆူအောင် ကြိုပြီးရင် အအေးခံ မလိုင်ကိုစားပစ်ပါ။ ပြီးမှဂွမ်း စလေး နဲ့ နေလောင်တဲ့ နေရာကို ပွတ်သပ် လိမ်းကျံပေးပါ။ မိနစ် အနည်းငယ်ကြာရင် ရေဆေးလိုက်ပါ။

SKT
ရည်ညွှန်း ။ ။ Beauty Tips
Popular Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...