ရန်ကုန်စီးပွားရေး တက္ကသိုလ် ဆရာအဆောင်နှင့် ကျောင်းသား၊ ကျောင်းသူ အဆောင်များကို သီးသန့်စီ ထားရှိသွားမည်

ရန်ကုန် စီးပွားရေး တက္ကသိုလ် ဆရာ အဆောင်နှင့် ကျောင်း သား၊ ကျောင်းသူ အဆောင် များကို သီးသန့်စီ ထားရှိသွား မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်စီးပွားရေး တက္ကသိုလ်အပိုင် ကျောင်းသူ အဆောင်များတွင် ယခင်နှစ်မှ စတင်ကာ ကျောင်းသူ များကို စတင် ထားရှိခဲ့ပြီး ဆရာများအတွက် သီးသန့် အဆောင်များ မရှိသည့်အတွက် ကျောင်းသူများ နှင့် တွဲဖက်နေ ထိုင်နေရကြောင်း၊ ယင်းအတွက် ဆရာ အဆောင်များကို ဆောက်လုပ်ပေးပြီး၊ သီးသန့် ထားရှိသွား မည်ဖြစ်ကြောင်း ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ သိရသည်။

“ရန်ကုန်စီးပွားရေး တက္ကသိုလ်မှာ ကျောင်းသူအဆောင် လေးဆောင် လက်ရှိရှိနေပါတယ်။ မနှစ်ကစပြီး အဆောင်တွေမှာ ကျောင်းသားတွေ ထားတော့မယ်ဆိုတော့ အားချင်းစီစဉ် ရတဲ့အခါကျတော့ ဆရာတွေ အတွက် အဆောင်တွေ မဆောက်ရသေးဘူး။ အဲ့ဒီအတွက် ကျောင်းသူတွေနဲ့ အတူတူထားရ တယ်။ အခုကတော့ ဆရာအဆောင်အတွက် ဘတ်ဂျက်လဲ ကျနေပြီဖြစ်တဲ့အတွက် ဆောက်နေပါပြီ။ နောက်ဆိုရင် ဆရာအဆောင် ကျောင်းသူ အဆောင်သပ်သပ်စီ ထားရှိသွားမှာပါ” ဟုပါမောက္ခချုပ် ဒေါက်တာ  ခင်နိုင်ဦး က ပြောသည်။

ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် ယခင်က အဆောင်ဆယ်ဆောင်အထိ ရှိနေပြီး ယောက်ျားလေး ဆောင် ငါးဆောင်နှင့် မိန်းကလေးဆောင် ငါးဆောင်တို့ဖြစ်ကြောင်း၊ အပိုင်အဆောင် များဖြစ်သည့် အုန်း တောဆောင်၊ ဇွဲကပင်ဆောင်၊ မေခဆောင်၊ ခပေါင်းဆောင်တို့မှာ ပြန်လည်မရှိသေးကြောင်း သိရ သည်။

“ယောက်ျားလေးဆောင်ဖြစ်တဲ့ ဟန်လင်းဆောင်မှာ လက်ရှိကဝန်ထမ်းတွေနဲ့ ဆရာတွေနေနေတယ်။ အဲ့ဒီမှာလဲ အဆောင်အသစ်တွေဆောက်ပြီးရင် ယောက်ျားလေးတွေကို ပြန်ထားမယ်။ မရသေးတဲ့ အဆောင်တွေကိုလဲ ပြန်ရအောင်တာဝန်ရှိသူတွေက စီစဉ်နေကြပါတယ်” ဟု ပါမောက္ခချုပ် ဒေါက်တာ ခင်နိုင်ဦးက ပြောသည်။

အဆင့်မြင့်ပညာဦးစီးဌာနမှ ရန်ကုန်စီးပွားရေးတက္ကသိုလ်အပိုင်ဖြစ်သည့် မာလာဆောင်ကို ကျောင်း သူ များပြန်လည်ထားရှိနိုင်ရန်အတွက် မာလဆောင်တွင် ဖွင့်လှစ်ထားသော အင်္ဂလိပ်စာဌာနကို ပြည် လမ်းဆေး တက္ကသိုလ် (၁)ရှိ လိပ်ခုံးအဆောက်အအုံ သို့ ပြန်လည်ပြောင်းရွှေ့မှုများ ပြုလုပ်ပေးနေ ပြီဖြစ် ကြောင်း သိရသည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်ရှိ မိန်းကလေးဆောင် လေးဆောင်တွင် လက်ရှိကျောင်းသူ ၁၇၇ ဦးကို ထားရှိပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ အဆောင်ဝင်ဆံ့အင်အားမှာ ၂၀၀ ကျော်ဖြစ်ကြောင်း သိရ သည်။

Democracy Today Daily
နိုဝင်ဘာ (၂) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...