ဆီးချို သွေးချို ကာကွယ်ဖို့ သင်္ဘောသီးစိမ်းရေနွေး နေ့စဉ်သောက်ကြစို့

ယခု ရက်ပိုင်းအတွင်း ခေတ်စား လာသော ဆေးမီးတို(ဆေးနည်းတို) တစ်ခု အကြောင်းတင်ပြ လိုက်ပါသည်။ ပုပ္ပားတောင်သို့ ဘုရားဖူးသွားရင်း ဆီးချို တက်၍ မေ့လဲကျ သွားသော အမေသိန်း(နန်းရှေ့ ကန်ကောက်သစ်ရွာ)မှ ဤနည်းကို ပြောပါသည်။

အမေသိန်းသည် ဆီးချိုသွေးချိုရောဂါနှင့် အထူးကု ဆရာဝန်ကြီး များ ပြပြီး ဆေးစားနေသည်မှာ၂နှစ်ကျော် ရှိပြီဖြစ်ပါသည်။ ခါတိုင်းလည်း ဆီးချိုတက်လျှင် မူးလဲနေကျ ဖြစ်ပါသည်။ ပုပ္ပားတောင်စောင်းတန်းမှ အမေကြီး တစ်ဦးမှ သူ့ကိုပွေ့ချီ ထားခိုင်းပြီး သင်္ဘောသီးစိမ်း အဆင်သင့် ကို ခေါင်းပိုင်းမှဖြတ် အတွင်းမှ အစေ့နုများကို ဇွန်းဖြင့် ခြစ်ထုတ်ပြီးနောက် ဆူနေသော ရေနွေးအဖြူ လောင်းထည့်ပြီး ပိတ်ထားပါသည်။ ၁၅ မိနစ်ခန့် ထားပြီးနောက် သွန်ငှဲ့ပြီး အနည်းငယ် အအေးခံ၍ တိုက်ပါသည်။ သင်္ဘောသီးကို လွှင့်မပစ် ရပါ ရေနွေး ပြန်ပြန်ဖြည့်ပြီး တစ်နေကုန် ၄ကြိမ် ၅ကြိမ် အထိ သောက်နိုင်ပါသည်။ ဤနည်းဖြင့် အမူးရောဂါ အမျိုးမျိုး သက်သာသည့် အပြင် သွေးယားရောဂါ၊ အိပ်မပျော်သော ရောဂါနှင့် အစာအိမ်ရောဂါ အချို့တို့ပါ ပျောက် ကင်းသူများ ရှိသည်ဟု ဆိုပါသည်။

အမေသိန်းသည် ဤနည်းကို ယုံယုံကြည်ကြည်ဖြင့် တစ်လစွဲစွဲမြဲမြဲ သောက်ပြီးနောက် နေ့စဉ် စစ်ဆေး နေသော ဆီးချို မှာ လုံးဝ မတက်တော့ဟု ဆိုပါသည်။ ဤနည်းအတိုင်း လုပ်ဆောင်ပုံကို တင်ပြပေးသူ ဆရာမဒေါ်ကြည်ကြည်သန်းနှင့် အမေသိန်းတို့ပုံကို တင်ပြထားပါသည်။ ဘေးထွက်ဆိုးကျိုး မရှိသောနည်းဟု ယူဆ၍ တင်ပြပါသည်။


ကြည်လွင်မြင့် မုဒြာ
https://www.facebook.com/kyilwinmyint.mudra/posts/302761496596998?pnref=story
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...