နွားနို့သည် အရိုးများကို သန်မာစေခြင်းမရှိဘဲ အသက်အရွယ် ကြီးရင့်စေကြောင်း အသစ်လေ့လာတွေ့ ရှိ

By သမန်းကျား

နွားနို့ သည် အရိုးများကို ကြီးထွား သန်မာစေသည် ဟု မူလက ယုံကြည် ထားချက်သည် မှား ယွင်းနေပြီး နွားနို့ တွင် ပါရှိသော သကြားဓါတ်များ က အသက်အရွယ် ကြီးရင့်မှုကို မြန်ဆန်စေကြောင်း ဆွီဒင်နိုင်ငံ အပ်ပဆာလာ တက္ကသိုလ် မှ သုတေသီ များက အသစ်လေ့လာတွေ့ ရှိ ထုတ်ပြန်ကြေငြာ ထားသည်။

ဆွီဒင်နိုင်ငံတွင် လူပေါင်း (၁)သိန်းထက်မနည်းတို့ ၏ နွားနို့ နှင့်နို့ ထွက်ပစ္စည်း စားသုံးခြင်းကို သုတေသီ များက စောင့်ကြည့်လေ့လာခဲ့ကြသည်။ ၁၉၈၇ ခုနှစ်မှ ၁၉၉၀ အတွင်း အမျိုးသမီး ၆၁၄၀၀ ဦး ကို လည်းကောင်း၊ ၁၉၉၇ နောက်ပိုင်းတွင် အမျိုးသား ၄၅၃၀၀ ဦးကိုလည်းကောင်း နွားနို့ ၊ ဒိန်ခဲနှင့် နို့ ချဉ် မည်ရွေ့ မည်မျှသောက်သုံးသည် ကို မေးမြန်းစာရင်းပြုစုထားရှိခဲ့ပြီး အမျိုးသမီးများကို နောက်ထပ် (၂၀) နှစ်၊ အမျိုးသားများကို နောက်ထပ် (၁၁) နှစ် စောင့်ကြည့်လေ့လာခဲ့ကြရာ တစ်ရက်လျင် နွားနို့  (၃) ခွက်ထက် ပို၍သောက်သော အမျိုးသမီးများသည် နွားနို့  အသောက်နည်းသော အမျိုးသမီး များထက် အရိုးကျိုး သည့်နှုန်းပိုသည်ကို တွေ့ ရှိခဲ့ကြခြင်းဖြစ်သည်။

နွားနို့ အသောက်များတဲ့ အမျိုးသမီးတွေက အရိုးကြွပ်ပြီး ပိုကျိုးလွယ်ပါတယ်။ နွားနို့ အသောက်များတဲ့ အမျိုးသား တွေရော၊ အမျိုးသမီးတွေပါ သေဆုံးချိန်ပိုစောတာကို တွေ့ ရပါတယ်။ တစ်ရက်ကို နွားနို့  (၃) ခွက်နဲ့ အထက် သောက်တဲ့ အမျိုးသမီးတွေဟာ တစ်ရက်ကို နွားနို့ တစ်ခွက်ပဲသောက်တဲ့ အမျိုးသမီးတွေ ထက် အချိန်မတိုင်မှီ သေဆုံးနိုင်ခြေ ၂-ဆပိုပါပြီး တင်ပဆုံရိုးကျိုးဖို့ ရာနှုန်း (၅၀) ပိုပါတယ်ဟု သုတေသီ တစ်ဦးက ပြောပြသည်။

သို့ သော် နို့ ချဉ်ကဲ့သို့  နို့ ထွက်ပစ္စည်းများကို စားသုံးသူများတွင်မူ အရိုးခိုင်မာလာသည်ကို တွေ့ ရှိရသည့် အတွက် နွားနို့ တွင်ပါရှိသော လက်ခတို့ စ်နှင့် ဂလက်တို့ စ် သကြားဓါတ်ပါဝင်မှုသည် နို့ ချဉ်တွင် လျော့နဲ သွားခြင်းကြောင့် ဖြစ်နိုင်ကြောင်း၊ သို့ သော် နွားနို့ ဖြစ်စေ၊ နို့ ချဉ်ဖြစ်စေ အိုမင်းရင့်ရော်ခြင်းကို မြန် ဆန်စေနိုင်ကြောင်း ဤသုတေသန စာတမ်းတွင် ဖော်ပြပါရှိသည်။

သို့ သော် နွားနို့ သောက်သုံးသူများသည် အယ်လကိုဟောသောက်သုံးခြင်း၊ ကျန်းမာသော ကိုယ်အလေးချိန် မရှိခြင်း တို့ ကြောင့်လည်း အရိုးကြွပ်ဆတ်ပြီး အိုမင်းရင့်ရော်မှု မြန်ဆန်ခြင်းတို့  ဖြစ်နိုင်သေးသည်ဟု သုတေသီများ က ယူဆသည့်အတွက် နွားနို့ နှင့်နို့ ထွက်ပစ္စည်းတို့ ကို အလွန်အကျွံသောက်သုံးခြင်းကြောင့် အရိုးကြွပ်ဆတ်ပြီး အသက်တိုစေသည်ဟူသည့် အဆိုပြုချက်ကို သိပ္ပံပညာရှင်များ အတည်မပြုနိုင်သေးပေ။

နွားနို့ က အရိုးကိုသန်မာစေပြီး တင်ပဆုံရိုးကို ပိုမိုခိုင်မာလာစေသလို နှလုံးသွေးကြောကျဉ်းတဲ့ ရောဂါကိုလည်း အထိုက်အလျောက် အကျိုးပြုတယ်လို့  ကမ္ဘာပေါ်မှာ ကျယ်ပြန့် စွာ သိရှိယုံကြည် ထားတဲ့အတွက် ဆန့် ကျင် ဘက် သဘောဆန်နေတဲ့ ကျွန်တော်တို့ ရဲ့ တွေ့ ရှိချက်ကို အခုထက်ပိုပြီး ခိုင်မာပြည့်စုံ လာအောင် ဆက်လက်လေ့လာ နေပါတယ်ဟု ဦးဆောင် သုတေသီတစ်ဦး က ပြောပြသည်။

 Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...