ချုံကြားမှ ဘုံဖျားသို့

ဘ၀ကို မည်မျှ နိမ့်ပါးနုံချာသော အခြေအနေမျိုးမှ စတင် ခဲ့ရသည် ဖြစ်ပါစေ၊ ရည်မှန်းချက် ရှိမည်၊ ဥာဏ် အမြော်အမြင် ရှိမည်၊ မလျှော့သော ဇွဲလုံ့လ ရှိမည်ဆိုက သည်တစ်သက်တာ ဘ၀အပြီးသတ် ချိန်၌ အမြင့်မားဆုံး ထိပ်ဆုံးနေရာကို ရရှိနိုင်ပါ သည်။

သည်လို ရရှိသွားခဲ့ သူတွေလည်း သမိုင်း တစ်လျှောက် အမြောက်အမြား ရှိသည်။ အထွတ် အထိပ်သို့ ရောက်ရှိ ကြသူတွေ၏ အတ္ထုပ္ပတိများကို လှန်လှောကြည့်လျှင် “ ချူံကြားမှ ဘုံဖျားသို့ ” တက်လာနိုင်ခဲ့သူတွေ များပြားလှကြောင်း တွေ့ရှိရလိမ့်မည်။

သည်လို တက်လာနိုင်ခွင့်သည် ပါရမီထူးသူ တချို့သာ ရရှိနိုင်သည့် မဟာအခွင့်အရေး မဟုတ်။ ဘုံဖျားသို့ တက်သော လှေကားသည် အထူးပုဂ္ဂိုလ်များအတွက် သီးသန့် ကန်သတ်ထားသည့် လှေကားမဟုတ်။ လူတိုင်းတက်နိုင်သည့် လှေကား၊ လူတိုင်းအတွက် ဖွင့်ထားသည့် အခွင့်အရေး တံခါးသာ ဖြစ်သည်။

သင်သည် စီးပွားရေးနယ်ပယ်တွင် အောင်မြင် ကြီးပွားချင်သလား၊ အနုပညာသမားအဖြစ် ထင်ပေါ်ကျော် ကြားချင်သလား၊ လူမှုရေးနယ်ပယ်တွင် လွှမ်းမိုး တွင်ကျယ်ချင်သလား၊ ထူးခြားပြောင်မြောက်သော နိုင်ငံရေး သမားတစ်ယောက်အဖြစ် အထွတ်အထိပ်သို့ ရောက်ချင်ပါသလား။

ဘယ်အရာမဆို ဖြစ်လာနိုင်ခွင့် သင့်မှာ ရှိနေသည်။

အရေးကြီးသည်က အထက်တွင်ဆိုခဲ့သည့် ရည်မှန်းချက်၊ ဥာဏ်အမြော်အမြင်နှင့် ဇွဲလုံ့လ ဖြစ်သည်။

ရှေးဦးစွာ သင့်ကိုယ်သင် သာမန်ဘ၀နှင့် မတင်းတိမ်နိုင်သောဆန္ဒ ရှိရမည်။ ပီပြင်ပြောင်မြောက်သော ဘ၀တစ်ခု တည်ဆောက်မည်ဟူသော ရည်မှန်းချက် ရှိရမည်။

ဒုတိယ၊ ထိုသို့သော ဘ၀တစ်ခု အောင်မြင်စွာတည်ဆောက်နိုင်ရေးအတွက် အဆင့်ဆင့် ဆောင်ရွက်သွား စရာ လုပ်ငန်း အစီအစဉ်များ စနစ်တကျ ချမှတ်တတ်ရမည်။

တတိယ၊ အမြော်အမြင် ရှိစွာ ချမှတ်ထားသည့် ယင်းလုပ်ငန်း အစီအစဉ်များကို မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ရေရှည်စွဲမြဲစွာ အကောင်အထည်ဖော်ရဲရမည်။

သည်အတိုင်း လုပ်နိုင်လျှင် သင်လည်း “ ပုဂ္ဂိုလ်ထူး ” တစ်ယောက် မုချ ဖြစ်လာရလိမ့်မည်။

(ဖေမြင့်)

https://www.facebook.com/kyawsoenaing003/photos/a.355924804517330.1073741825.31 --------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...