လူတိုင်း သိထားရမည့် ဆီးအိမ်ကင်ဆာ အကြောင်း

ခန္ဓာကိုယ်၏ မလိုလား အပ်သော အရည်များသည် ဆီးအဖြစ် ပြောင်းလဲသွားကာ၊ ထိုအရည်များကို ဆီးအိမ်တွင် ခေတ္တသိုလှောင် ထားလေ့ ရှိသဖြင့် ဆီးအိမ်သည် သက်ရှိ သတ္တ၀ါများ အတွက် မရှိမဖြစ် လိုအပ်သော ခန္ဓာကိုယ် အစိပ်အပိုင်း တစ်ခုဖြစ် ပါသည်။

ဆီးအိမ်ကင်ဆာ၏ ၉၅% မှာ ဆီ်းအိမ်အတွင်း နံရံ တစ်ရှုး များထဲရှိ ဆဲလ်များမှ ကင်ဆာဖြစ်လေ့ ရှိပြီး၊ ကျန် ၅% သည် ဆီးအိမ် တွင်း/ပြင် နာကျင်ရောင် ကိုင်းခြင်းမှ အစပျိုးခြင်းဖြစ်သည်။ ဆီးအိမ်ကင်ဆာ လက္ခဏာများမှာ၊ ဆီးထဲတွင် သွေးပါခြင်း၊ ဆီးသွားစဉ် နာကျင် ကိုက်ခဲခြင်း၊ မကြာခဏ ဆီးသွားခြင်း (သို့ မဟုတ်) ဆီးသွားရန် ခက်ခဲခြင်းတို့ ဖြစ်သည်။ အခြား ကင်ဆာရောဂါများ နှင့်နှိုင်းယှဉ်ပါက၊ ဆီးအိမ် ကင်ဆာသည် အစောပိုင်း အဆင့်တွင် ကုသရန် လွယ်ကူပြီး ပျောက်ကင်းသွားသော အတွေ့ အကြုံများ လည်းရှိသလို၊ ရောဂါ ဆက်လက် မပြန့် ပွားတော့ သည့် လူနာများ၏ ၉၀% သည် နောက်ထပ် အနဲဆုံး ၅-နှစ်ကျော်မျှ ဆက်လက် အသက် ရှင်နေထိုင်ပါသည်။ သို့ သော် အမြစ်မပြတ်ဘဲ ရောဂါပြန်ပေါ် တတ်ကြရာ မပေါ့လျော့ဘဲ မှန်မှန်ဆေးစစ်ခံဘို့  လိုအပ်ပါသည်။

ဆီးအိမ်ကင်ဆာကို အဆင့်(၄)ဆင့် သတ်မှတ်ထားပြီး၊ အစောပိုင်းအဆင့်ကို TA၊ ဆီးအိမ်ကြွက်သား အတွင်း နံရံတစ်ခုလုံး ပျံ့ နှံ့  ခြင်းကို အဆင့်(၂)၊ အပြင်ကြွက်သား တစ်ရှုးများထိပျံ့ နှံ့ ခြင်းကို အဆင့်(၃)၊ ခန္ဓာကိုယ်တွင်းအခြားအစိပ်အပိုင်းများနှင့် အရိုးထိပျံ့  နှံ့ ခြင်းကို အဆင့်(၄) ခေါ်ပါသည်။ ရောဂါအတိမ် အနက်ပေါ်မူတည်၍ chemotherapy (ခေါ်) ကင်ဆာဆဲလ်များသေစေရန် ဆေး သွင်းကုသနည်း၊ telescope ဖြင့်လည်းကောင်း၊ ဆီးအိမ်တစိပ် တဒေသကိုဖယ်ရှား၍ (သို့မဟုတ်) ဆီးအိမ်တစ်ခုလုံးကို ဖယ်ရှား၍ ခွဲစိပ်ကုသနည်း၊ radiation therapy (ခေါ်) ဓာတ်ရောင် ခြည်ဖြင့်ကုသနည်းတို့ ဖြင့် ကုသမှုခံယူ ရပါမည်။

ဆီးအိမ်ကင်ဆာဖြစ်ပေါ်စေနိုင်သည့် အကြောင်းရင်းများမှာ-
(၁) မိမိကိုယ်တိုင်ဆေးလိပ်သောက်ခြင်း နှင့် သူတပါးသောက်သုံးသော စီးကရက်မီးခိုးငွေ့ များ ရှုရှိုက်နေ ရခြင်း။
(၂) အသားအကြွတ်ကြော်များနှင့် တိရိစ္ဆာန်အဆီစားသုံးခြင်း။
(၃) အသက် ၆၅ နှစ်နှင့်အထက်ရှိသူများ။
(၄) အထူးသဖြင့် တိုးတက်ပြီးနိုင်ငံများတွင်တွေ့ ရသော Schistosoma haematobium (ခေါ်) ကပ်ပါးပိုးများ အန္တရာယ်။
(၅) ဆီးအိမ်ကျောက်တည်သူများ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း နှင့် ဆီးရောဂါသည်များ၊ catheters (ခေါ်) ဆီးပိုက်သွင်းထား ရသောဝေဒနာရှင်များ။
(၆) မွေးရာပါ ဆီးအိမ်ရောဂါရှိသူများ။
(၇) ဓာတုဓာတ်ပေါင်းဖြစ်သော စိန်ဓာတ်ပါသည့် အဆိပ်ရနံ့ များဖြစ်ကြသည့် ရာဘာ၊ ချည်ယက်ထည်၊ ဆိုးဆေး၊ ပလပ် စတစ်၊ သုပ်ဆေးအမျိုးမျိုး၊ လယ်သာပေါလစ် စသည်တို့ နှင့် နေ့ စဉ်ကိုင်တွယ် လုပ်ကိုင် ရခြင်း၊ ရနံ့ များကို ရှုရှိုက်မိခြင်း။
(၇) မကြာခဏဆီးအိမ်ရောင်ရမ်းလေ့ရှိခြင်း။
(၈) သားအိမ်လည်တိုင်ရောဂါများအတွက် မကြာခဏဓာတ်ရောင်ခြည်ပစ်ကုသ ခံနေရသူအမျိုးသမီးများ။
(၉) သုက်ရည်ဂလင်းကင်ဆာအတွက် ဓာတ်ရောင်ခြည်ကုသခံ အမျိုးသားများ။
(၁၀) chemotherapy drugs(ခေါ်)ကင်ဆာရောဂါဓာတုဆေးဝါးဖြင့် ကုသခံ လူနာများ။

အမေရိကန်ရှိ National Cancer Institute ၏ စစ်တမ်းများအရ၊ မျိုးရိုးဗီဇအရ အမျိုး သားများသည် အမျိုးသမီးများထက် ဆီးအိမ်ကင်ဆာဖြစ်နှုန်း ၃-ဆမျှ ပိုကြောင်း၊ ကမ္ဘာပေါ်တွင် လူဖြူများသည် လူမဲများထက် ဆီးအိမ်ကင်ဆာဖြစ်နိုင်ခြေ ပို များ ကြောင်း လေ့လာသိရှိရပါသည်။ ဆီးအိမ်ကင်ဆာဖြစ်ပွားသူဦးရေ၏ ထက်ဝက် ခန့် မှာ ဆေးလိပ်သောက်ခြင်း ကြောင့်ဖြစ်၍ အင်္ဂလန်နိုင်ငံရှိ The National Health Service (NHS) မှ “ဆီးအိမ်ကင်ဆာအစ၊ ဆေးလိပ်သောက်ခြင်း က” ဟု ဖော်ပြ ထားသည့်အတွက် “မိမိအိတ်ကပ် ထဲမှ ပိုက်ဆံကိုမီးရှုံ့ ရုံသာမက၊ ဝေဒနာကိုငွေပေးဝယ်” ပြီး၊ ဆိုးကျိုးများသာဖြစ်စေသော ဆေးလိပ်သောက် သုံးခြင်းမှ ရှောင်ကျဉ်ကြပါရန် တိုက်တွန်း လိုက်ရပါသည်။

(ဆောင်းပါးရှင်..ပေါက်ပေါက်.. မျှဝေသည်)
promise.pauk
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...