ဘာလချောင်ကြော်

ဘာလချောင် ကြော်အတွက် လိုအပ်တာလေးတွေ…

1. ဆီ – 1 1/2 cups (375 ml)
2. အကွင်းလိုက် ပါးပါး လှီးထားသော ကြက်သွန်ဖြူ အတက်ကြီး – ၂၄ တက်
3. နနွင်းမှုန့် - အနည်းငယ်
4. ပါးပါးသေးသေး လှီးထားသော ကြက်သွန်နီ – 2 cups (500 ml)
5. စိမ်းစားငါးပိ- ထမင်းစားဇွန်း ၂ ဇွန်း
6. ကြိတ်ထား (ထောင်းထား)သော ပုဇွန်ခြောက် – 3 cups (750 ml)
7. ငရုတ်သီး အကြမ်းမှုန်. – ထမင်းစားဇွန်း ၃ ဇွန်း(အစပ်ကို ကိုယ်စားနိုင်သလောက် ထည့်ပါ။)

လှီးထားသော ကြက်သွန်ုဖြူ  တစ်ဝက်ကို ဆီထည့်ထားသော ဒယ်အိုးထဲထည့်ကာ medium heat ဖြင့် အနည်းငယ်မွှေကြော်ပါ။

ကြက်သွန်ဖြူဖတ်များရွှေဝါရောင် ပြောင်းလာလျှင် နနွင်းမှုန့် အနည်းငယ် ထည့်ကာမွှေပေးပြီး မီးကိုပိတ်ကာ ထိုအပူချိန်ဖြင့် ခဏဆက်ထားပါ။

ပြီးမှ ကြက်သွန်ဖြူဖတ်များကို ဆယ်ထုတ်ပြီး ဆီစစ်ထားပါ။

ကျန်သောကြက်သွန်ဖြူ တစ်ဝက် နှင့်ကြက်သွန်နီ ကို ထိုဆီထဲထည့်ကာ high heat ဖြင့် ကြော်ပါ။

ကြက်သွန်ဖတ်များရွှေဝါရောင် ဖြစ်လာလျှင် medium heat သို.လျှော့ချပြီး ငါးပိထည့်ကာ ၂ မိနစ်ခန့် ဖိချေမွှေကြော်ပေးပါ။

ပုဇွန်ခြောက်ထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပါ။

ပြီးလျှင် ငရုတ်သီးအကြမ်းမှုန်.ထည့်ကာ ၄ မိနစ်ခန့် မွှေကြော်ပြီးလျှင် မီးဖိုမှ ဖယ်ကာ အအေးခံထားပါ။

အေးသွားပြီးနောက် ဆီစစ်ထားသော ကြက်သွန်ဖြူကြော်လေးဖြူးကာ ကြိုက်နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။ (အသုံးမပြုသေးလျှင် လေလုံသော ဗူးထဲထည့်ပြီး သိမ်းထားပါ။)

https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...