ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ပျော်ရွှင်မှု စံချိန်စံညွှန်း ကွာဟ

သမန်းကျား၊ ရတနာပုံ သတင်းစာ

လူလတ်ပိုင်း အရွယ်သို့ ရောက် ရှိလျင် ပျော်ရွှင် မှု လျော့ကျ သွားလေ့ ရှိခြင်းသည် ၄င်းတို့  ရှင်သန် နေထိုင်နေသည့် နေရာအပေါ် မူတည်ကြောင်း သုတေသီများက ဆိုသည်။

UK နှင့် US ကဲ့သို့ နိုင်ငံများတွင် ပျော်ရွှင်မှု စံချိန် စံညွှန်းသည် ငယ်စဉ်အရွယ်မှ သက်ကြီးရွယ်အိုဖြစ်လာသည့် တလျှောက် အင်္ဂလိပ်အက္ခရာ U ပုံသဏ္ဍန် အတိုင်း ပြောင်းလဲလေ့ရှိပြီး လူလတ်ပိုင်းအရွယ်တွင် အနိမ့်ဆုံးသို့  ရောက်ရှိသွားသည်။ အာဖရိကတွင် မူ ပျော်ရွှင်မှုစံချိန် စံညွှန်းသည် ဘ၀တလျှောက် နိမ့်ကျလေ့ရှိပြီး အရှေ့  ဥရောပ၊ ယခင် ဆိုဗီယက် ယူနီယမ်နှင့် လက်တင် အမေရိကတို့ တွင်မူ အသက်ကြီးလာသည့် အလျောက် ပျော်ရွှင်မှု စံချိန်စံညွှန်းလည်း ကျဆင်း လာလေ့ရှိကြောင်း သိရသည်။

ဤသို့ နေရာဒေသအလိုက် သူတို့ ၏ပျော်ရွှင်မှု စံချိန်စံညွှန်း မတူကွဲပြားရသည့် အကြောင်းရင်းများမှာ အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ ရောဂါစွဲကပ်ခြင်း၊ ၀င်ငွေကျဆင်းခြင်း၊ နေထိုင်မှု အဆင့်အတန်း ယုတ်လျော့ခြင်း တို့ အပြင် အခြား များပြားရှုပ်ထွေးလှသော အကြောင်းရင်း အကြောင်းခံများ ရှိနေပြီး သင်ခန်းစာယူရမည် များလည်းရှိကြောင်း လန်ဒန် ယူနီဗာစီတီ ကောလိပ်မှ ပရော်ဖက်ဆာ အင်ဒရူးစတက်ပတိုးနှင့် အဖွဲ့ က ဆိုသည်။

ကမ္ဘာ့လူဦးရေ၏ ၉၈ ရာခိုင်နှူန်းပါဝင်သော နိုင်ငံပေါင်း ၁၆၀ ကို (၄)နှစ်ကြာ စစ်တမ်းကောက်ယူ တွက်ချက် ခဲ့ရာ ၄င်းတို့ ၏ ရုပ်ပိုင်းကျန်းမာရေးနှင့် နာကျင်ခံစားမှုတို့ ကို စစ်တမ်းကောက်ယူ ခဲ့သည့်အပြင် ၄င်းတို့ ၏ ဘ၀အပေါ် ကျေနပ်မှု၊ ပျော်ရွှင်ခြင်း ၀မ်းနဲခြင်း စိတ်ဆိုးဒေါသ ထွက်ခြင်းတို့ ကိုခံစားရမှု၊ ဘ၀၏ အနက်ဓိပ္ပါယ်၊ ရှင်သန်ရသည့် အကြောင်းရင်း အစရှိသည်တို့ ကိုလည်း ထည့်သွင်းလေ့လာ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အနောက် ကမ္ဘာနိုင်ငံများတွင် ဘ၀ကျေနပ်မှုသည် အသက် ၄၅ နှင့် ၅၄ အကြားတွင် လုံးဝကျဆင်း သွားလေ့ရှိပြီး နောက်ပိုင်းတွင် ပြန်လည်တိုးတက် ကောင်းမွန် လာလေ့ရှိသည်။ လူတွေက အလုပ် အလုပ်နိုင်ဆုံး အချိန်မှာ ငွေရှာ နိုင်စွမ်းလည်း ကောင်းမွန်တဲ့အတွက် ကျန်းမာရေး၊ စည်းစိမ် ချမ်းသာနဲ့  ပျော်ရွှင်မှု စံချိန်စံညွှန်းတွေလည်း ကောင်းပါတယ်။ ဒါတွေကို တဖြည်းဖြည်း လက်လွှတ်ဆုံးရှုံး ရတဲ့ လူလတ်ပိုင်းအရွယ်မှာ ပျော်ရွှင်မှုတွေ ပျောက်သုဉ်းသွားပြီး စိတ်ဓါတ် ကျဆင်းကြပါတယ်။ အဲဒီ အခြေအနေကို နေသားကျသွားပြီး ဘ၀မှာ ရှင်သန်နေထိုင်ရတဲ့ အဓိပ္ပါယ်အသစ် ကို ရှာဖွေတွေ့ ရှိသွားတဲ့ အခါမှာတော့ ပျော်ရွှင်မှုစံချိန်စံညွှန်းက ပြန်မြင့်တက်သွားပါတယ်ဟု သုတေသီတစ်ဦးက ဆိုသည်။

သို့ သော် သက်ကြီးများ ရှင်သန်နေထိုင်ရေး စီမံချက် ညံ့ဖျင်းသော ယခင် ဆိုဗီယက်ယူနီယမ် ကဲ့သို့ နိုင်ငံများ တွင်မူ အသက်အရွယ်ကြီးရင့်လာလေ လူထုမှာ ပျော်ရွှင်မှုပျောက်ကွယ်ကာ စိတ်ဓါတ် ကျဆင်းလာလေဖြစ်ပြီး အခြားနိုင်ငံ များနှင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေ ကွာဟနိမ့်ကျလွန်းသော အာဖရိကနိုင်ငံများတွင်မူ လူထုမှာ ပျော်ရွှင်မှုကို အပြည့်အ၀ခံ စားခဲ့ကြရချိန် အလွန်နည့်းပါးကြောင်း တွေ့  ရှိခဲ့ ကြခြင်းဖြစ်ကြောင်း သိရသည်။

 Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...