မုန်ညင်း ချဉ်ချဉ်စပ်စပ် အဆိမ့်သုပ်

***... မုန်ညင်း ချဉ်ချဉ်စပ်စပ် အဆိမ့်သုပ် အတွက် လိုအပ် တာလေးတွေ…

1. မုန်ညင်း – တစ်စည်း (450 g)
2. အစေ့ထုတ်ကာ ပါးပါး လှီးထားသော ဂေါက်သီးအရွယ် ခပ်မာမာ ခရမ်းချဉ် သီး – ၂ လုံး
3. ပါးပါးလှီးကာ ရေဆေး ထားသော ဂေါက်သီး အရွယ် ကြက်သွန်နီ – ၁ လုံး
4. မြေပဲလှော်ထောင်း – လက်ဖက်ရည် ဇွန်း ၅ ဇွန်း
5. နှမ်းဖြူလှော်ထောင်း – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
6. နှမ်းမဲလှော်ထောင်း – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
7. အရသာမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
8. ငရုတ်သီး အကြမ်းမှုန့်ကြော် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ (သို့) စားနိုင်သလောက်
9. သံပုရာရည် – ထမင်းစားဇွန်း ၁ ဇွန်း
10. ငါးငံပြာရည် – ထမင်းစားဇွန်း ၁ ဇွန်းခွဲ

ရေဆေးထားသော မုန်ညင်းကို အောက်ပိုင်းမှ အရိုးရင့် တစ်လက်မလောက်ကို လှီးထုတ်ပစ်ပြီး ရေနွေး ပွက်ပွက်ဆူထဲ ၄ မိနစ်ခန့် ထည့်ကာ အဖုံး ဖုံးထားပါ။ (၂ မိနစ်ခန့်ကြာလျှင် အထက်အောက်လှန်ပေးပါ။)

ပြီးလျှင် မုန်ညင်းများ အရမ်းမနွမ်းသွားစေရန် နှင့် အစိမ်းရောင် မပျောက်သွားစေရန် ရေပူများကို သွန်ပစ်ပြီး ရေအေးဖြင့် လောင်းပါ။

အေးသွားလျှင် မုန်ညင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ရေများ တတ်နိုင်သမျှ ကုန်သွားစေ ရန် ဖြည်းဖြည်းချင်း ညစ်ထုတ်ပစ်ပြီး လက်တစ်ဆစ်အရှည်ခန့်လှီးထားပါ။

ပြီးလျှင် ပါဝင်ပစ္စည်းအားလုံးကို ဇလုံတစ်လုံးထဲထည့်ပြီး ခပ်ဖွဖွရောနယ်လိုက်လျှင် အရသာရှိလှသော မုန်ညင်း ချဉ်ချဉ်စပ်စပ် အဆိမ့်သုပ်လေး စားရန်အသင့်ဖြစ်ပါပြီ။

https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...