ဆိမ့်စပ်မွှေးတဲ့ ပဲပုပ်ချက်

ပဲပုပ်ကို မကင်ပဲ ချက်ရင် ပိုဆိမ့်တာမို. အစိမ်း အတိုင်း လေးချက်ထား တာပါ။

***... ဆိမ့်စပ်မွှေးတဲ့ ပဲပုပ်ချက် အတွက် လိုအပ် တာလေးတွေ…

1. ရေ ၁ နာရီခန်. စိမ်ပြီး အတော်လေး ညက်အောင် ထောင်းထားသော ပဲပုပ် – ၁၁ ချပ်
2. ဆီ – 1/2 cup (125 ml)
3. ကြက်သွန်ဖြူ  အတက်ကြီး – ၅ တက်
4. ငရုတ်သီးစိမ်း -၁၅ တောင့်
5. နနွင်းမှုန်. – လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ
6. အကွင်းလိုက်လှီးကာ ၂ ပိုင်းဖြတ်ထားသောခရမ်းချဉ်သီး အလုံးကြီး – ၂ လုံး
7. အရသာမှုန်.(chicken powder) – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
8. ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်
9 ပူစီနံ (သို့) ရှမ်းနံနံ (သို့) ပင်စိမ်းရွက် – အနည်းငယ်

ကြက်သွန်ဖြူ နှင့် ငရုတ်သီးစိမ်းကို မညက်တညက်ထောင်းထားပါ။

ကြက်သွန်ဖြူ-ငရုတ်သီးစိမ်းထောင်း၊ ခရမ်းချဉ်သီး၊ နနွင်း နှင့် ဆီ ကို high heat နှင့် ကြော်ပေးပါ။

ခရမ်းချဉ်သီးဖတ်များကြေသွားအောင် ဇွန်းနှင့် ဖိချေမွှေကြော်ပေးပါ။

ခရမ်းချဉ်သီးဖတ်များကြေသွားလျှင် medium heat သို.လျှော့ပြီး ဆား၊ အရသာမှုန်. နှင့် ထောင်းထားသည့် ပဲပုပ်များကို ထည့်ကာ ၂ မိနစ်ခန်. ကြော်ပေးပါ။

ပူစီနံ(mint) ထည့်ကာ ၃၊၄ ချက်မွှေပြီးလျှင် မီးဖိုမီးကိုပိတ်ပါ။

ဆိမ့်စပ်ပြီးမွှေးကာ စားကောင်းလှသော ပဲပုပ်ချက်နှင့် နယ်ထားသည့် ထမင်းပူပူလေးကို ငါးကြော်၊ ဂေါ်လခါး သီးပြုတ်၊ မုန်ညင်းပြုတ်တို.နှင့် တွဲဖက်စားပါက အလွန်တရာကို အရသာရှိလှပါတယ်။

https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...