အိုးပူတိုက် ကညွတ် နှင့် ဂုံး ချဉ်စပ်သုပ်

***.... အိုးပူတိုက် ကညွတ် နှင့် ဂုံး ချဉ်စပ်သုပ် အတွက် လိုအပ် တာလေးတွေ…

1. ကညွတ် (asparagus) – ၇ ချောင်း
2. သံလွင်ဆီ (olive oil) – အနည်းငယ်
3. အခွံမပါသော ဂုံး (mussel) – 1/2 kg
4. ပါးပါး လှီးကာ ရေဆေး ထားသော ကြက်သွန်နီ (red onion) – 1/2 cup (125 ml) ခန့်
5. ပါးပါး၊ ရှည်ရှည် အချောင်းလေးများ လှီးကာ ရေဆေးထားသော မုန်လာဥနီ – 1/2 cup (125 ml) ခန့်
6. ပါးပါး လှီးထားသော ပူစီနံ – လက်တစ်ဆုပ်ခန့်
7. ၂ ပိုင်းဖြတ်ကာ အကွင်းလိုက် ပါးပါး လှီးထားသော သံပရိုသီး – တစ်လုံး၏ ၄ ပုံ ၁ ပုံခန့်
8. သံပုရာရည် – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
9. ငါးငံပြာရည် – ထမင်းစားဇွန်း ၂ ဇွန်း
10. အရသာမှုန့် (chicken powder) – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
11. ငရုတ်သီး အကြမ်းမှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

မာသည့်အောက်ဖက်ပိုင်းအား ချိုးပစ်ပြီးနောက် သံလွင်ဆီဖြင့် သုတ်ထားသော ကညွတ်များကို grill pan ထဲထည့်ကာ high heat ဖြင့် ၇ မိနစ်ခန့် အိုးပူတိုက် (grill) ပေးပါ။(ကညွတ်များ အရမ်းမတူး၊ အရမ်း မကျက်သွားစေရန် မကြာခဏ ဇွန်းဖြင့် ဟိုဖက်၊ ဒီဖက် လှိမ့်ပေးပါ။)

ပြီးလျှင် ၂ လက်မအရှည်ခန့် လှီးကာ အအေးခံထားပါ။

ဂုံးများအား ရေဆူဆူထဲ ၁ မိနစ်ခွဲခန့် ထည့်ပြုတ်ပြီး ဆယ်ထုတ်ကာ အပူရှိန်ကြောင့် အကျက်လွန်ပြီး ကျုံ့မသွားစေရန် ရေအေး (ရေခဲရေမဟုတ်)ထဲ ၁ မိနစ်ခန့် စိမ်ပြီး ဇကာဖြင့် ရေပြန်စစ်ထားပါ။

ရေစစ်ပြီးနောက် ပါဝင်ပစ္စည်းအားလုံးကို ဇလုံတစ်လုံးထဲထည့်ပြီး ခပ်ဖွဖွနယ်သုပ် လိုက်လျှင် အိုးပူတိုက် ကညွတ် နှင့် ဂုံး ချဉ်စပ်သုပ်လေး အရသာရှိလှစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...