မင်းကွတ်သီးခွံရဲ့ ဆေးဖက်ဝင် အာနိသင်

မင်းကွတ်ပင်ကို ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေ မှာ စိုက်ပျိုးပင် အဖြစ်အများဆုံး တွေ့ရှိရပါတယ်။ မင်းကွတ် တစ်ပင်လုံး ဆေးဖက်ဝင်ပေမယ့် မြန်မာ့ တိုင်းရင်းဆေးဝါးများ ဖော်စပ် အသုံးပြုရာ မှာတော့ မင်းကွတ်သီးရဲ့ အခွံတစ်မျိုးတည်း ကိုသာ ဆေး ဝါးဖော်စပ်ရာမှာ အများဆုံး အသုံးပြုကြပါ တယ်။ မြန်မာ့ တိုင်းရင်းဆေးပညာ အရ မင်းကွတ် သီးခွံရဲ့ အရသာဟာ ''အေးဖန်''အရသာ ရှိတဲ့ အတွက်ကြောင့် ဆီး၊ ဝမ်း၊ သွေး၊ လေ ကိုချုပ်စေတဲ့ အာနိသင် များရှိပြီး အထူး သဖြင့် ဝမ်းနဲ့သွေးကို ချုပ်စေပါတယ်။

မင်းကွတ်သီးခွံကိုဝမ်းနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်တဲ့ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ၊ ဝမ်းကိုက်ရောဂါနဲ့ သွေးဝမ်းရောဂါတွေကို သက်သာပျောက် ကင်းစေပါတယ်။ အမျိုးသမီး မီးယပ် ရောဂါနဲ့ ပတ်သက်ပြီး မီးယပ်သွေး လွန်ရောဂါ နဲ့မီးယပ်ဖြူဆင်းရောဂါတွေကိုလည်း ထိ ရောက်စွာ သက်သာပျောက် ကင်းစေပါတယ်။မင်းကွတ်သီးခွံဟာ ဝမ်းနဲ့ပတ်သက် တဲ့ရောဂါ၊ အမျိုးသမီး မီးယပ်နဲ့ပတ်သက် တဲ့ရော ဂါတွေ အပြင်ဆီးနဲ့ပတ်သက် တဲ့ရောဂါ တွေဖြစ်တဲ့ ဆီးလွန်ရောဂါ၊ ဆီးလွန်ဆီးချို ရောဂါ၊ အသက်အရွယ် ကြီးရင့် တဲ့အမျိုးသား များမှာအဖြစ်များတဲ့ ဆီးသွားရင်းဆီးကျန် တာတို့၊ ညစဉ်ညတိုင်း ဆီးမကြာခဏ သွား နေရတော့တို့ စတဲ့ရောဂါတွေကိုလည်း ပျောက်ကင်းစေပါတယ်။ သွားဖုံးရောင်တာ၊ သွားနဲ့တာ၊ သွား နာတာ၊ ရေစီးကမ်းပြို ဒန္တစိုနာရောဂါ စတဲ့ သွားနှင့် ခံတွင်းရောဂါတွေ တင်မက အရေ ပြားနဲ့ ပတ်သက်တဲ့ ရောဂါတွေဖြစ်တဲ့ ပွေး၊ ဝဲ၊ဝက်ခြံ၊နေလောင်ကွက်၊ အင်ပျဉ်ထခြင်း တွေကိုပါ ထိရောက်စွာ သက်သာပျောက် ကင်းစေပါတယ်။ မင်းကွတ်သီးခွံနဲ့ ပတ်သက်ပြီးသက်သာ ပျောက်ကင်းစေနိုင် တဲ့ရောဂါ လက္ခဏာတွေ အကြောင်းကို သိရှိပြီးရင်တော့ရောဂါတစ်မျိုး ချင်းစီအလိုက် အသုံးပြုရမယ့် အသုံးပြုပုံ နည်းစနစ်များ အကြောင်းကိုလည်း ကျွန်တော် ဆက်လက်ပြီး တင်ပြပေးချင်ပါတယ်။

ပထမဆုံးအနေနဲ့ ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ၊ ဝမ်းကိုက်ရောဂါ၊ သွေး ဝမ်းရောဂါတွေအတွက်ဆိုရင် မင်းကွတ် သီးခွံပြုတ်ရည်ကိုတစ်ခါသောက် လက်ဖက် ရည်အကြမ်းပန်းကန်တစ်ဝက်လောက်ကို ၁ဝမိနစ်ခြား ငါးကြိမ်ဆက်တိုက်သောက် ပေးရပါမယ်။ ဝမ်းပိတ် သွားရင်တော့ မင်းကွတ်သီးခွံပြုတ်ရည်ကို သောက်စရာ မလိုတော့ပါဘူး။ ခန္ဓာကိုယ်မှာဝမ်းတွေ သွား ထားတဲ့အတွက်ဝမ်းနဲ့အတူခန္ဓာကိုယ် မှာဆုံးရှုံး ထားတဲ့ အရည်ဓာတ်များကို ပြန် လည်ဖြည့်တင်းပေးတဲ့ အနေနဲ့ ဓာတ်ဆား ရည်ကိုသာ ဆက်လက်ပြီးသောက်သုံးသင့် ပါတယ်။

ဝမ်းနဲ့ပတ်သက်ပြီး အသုံးပြုပုံ နည်း စနစ်များကိုသိရှိပြီးရင်တော့ နောက်ထပ် အမျိုးသမီးရောဂါတွေဖြစ် တဲ့ မီးယပ်သွေး လွန်ရောဂါ၊ မီးယပ်ဖြူဆင်းတဲ့ရောဂါ၊ ဆီးနဲ့ရောဂါပတ်သက်တဲ့ ဆီးလွန်ရောဂါ၊ ဆီးလွန် ဆီးချိုရောဂါ၊ ဆီးသွားပြီးဆီးကျန် တာစတဲ့ရောဂါတွေအတွက်ဆိုရင်တော့မင်း ကွတ်သီးခွံပြုတ်ရည်ကို တစ်ခါသောက် လက်ဖက်ရည်အကြမ်းပန်းကန် တစ်ဝက်ကို နံနက် ၈နာရီမှာတစ်ကြိမ်၊ မွန်းတည့် ၁၂ နာရီမှာတစ်ကြိမ်၊ညနေ ၄နာရီတစ်ကြိမ်၊ ည ၈နာရီတစ်ကြိမ် စုစုပေါင်းတစ်နေ့ကို လေးကြိမ် ခုနစ်ရက် တိတိသောက်သုံးပေး ရပါမယ်။ ခုနစ်ရက်မတိုင်ခင်ရောဂါပျောက် ကင်းသွားရင်တော့ မင်းကွတ်သီးခွံပြုတ် ရည်ကိုဆက်ပြီးသောက်စရာ မလိုတော့ပါဘူး။မင်းကွတ်သီးခွံ ငါးကျပ်သား၊ တမာ ခေါက်ငါးကျပ်သား၊ မာလကာခေါက် ငါး ကျပ်သား၊လေးညှင်းပွင့် ၁ဝပွင့် စတဲ့ဆေး ပစ္စည်းတွေကိုရေတစ်ပိဿာရောပြီးတစ်ဝက် ကျအောင်ကျိုပေးရပါမယ်။ ရရှိလာ တဲ့ဆေး ပြုတ်ရည်ကိုမကြခဏငုံထွေးပေးခြင်းဖြင့် ကျွန်တော်စောစောက တင်ပြပေးသွားတဲ့သွား နဲ့ခံတွင်းဆိုင်ရာရောဂါတွေဖြစ်တဲ့ သွားဖုံး ရောင်တာ၊ သွားနာတာ၊ ရေစီး ကမ်းပြို ဒန္တစိုနာ ရောဂါတွေ သက်သာပျောက်ကင်းရုံမျှမက ခံတွင်းအနံ့မကောင်းသူတွေပါ ခံတွင်းအနံ့ ကောင်း မွန်စေပါတယ်။

အနာပေါက်ရောဂါများမှာတော့ မင်း ကွတ်သီးခွံပြုတ်ရည်ကို ဖန်ဆေးရည်အဖြစ် အသုံးပြုရပါမယ်။ အနာအို၊ အနာဟောင်း၊ အနာဆေးတွေကိုမင်းကွတ်သီး ခွံပြုတ် ရည် နဲ့ဖန်ရည်ဆေးပေးခြင်းအားဖြင့် အနာမှ မကောင်းတဲ့ အညစ်အကြေးတွေ သန့်စင်ရုံ တင်သာမက အနာအသားနုတက်စေပြီး မြန်မြန် အနာကျက်စေ ပါတယ်။ အနာလည်း ကျုံ့စေပါတယ်။ သွေးယိုနေတဲ့ အပြင်လိပ် ခေါင်းရောဂါရှင်တွေလည်း မင်းကွတ်သီး ခွံ ပြုတ်ရည်ထဲကျောက်ချဉ် အနည်းငယ်ထည့် ပြီး ဖန်ထိုင်ပေးခြင်းဖြစ်လည်း သက်သာ စေပါတယ်။

ပွေး၊ဝဲ၊ဝက်ခြံ၊နေလောင်ကွက်၊အင်ပျဉ် ထတာတို့ဆိုရင်တော့ မင်းကွတ်သီးခွံကို သနပ်ခါးနဲ့ရောသွေးပြီး လိမ်းပေးရမှာဖြစ် ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန တိုင်း ရင်းဆေးပညာဦးစီးဌာန၏အောက်မှာရှိတဲ့ အစိုးရတိုင်းရင်းဆေးရုံ၊ ဆေးခန်းတွေမှာ အသုံးပြုနေတဲ့ တိုင်းရင်းဆေးအမှတ် (၂၂) အေးပိတ်ဆေးဟာ ဆိုရင် မင်းကွတ်သီးခွံနဲ့ အတူအခြားဆေးဖတ်ဝင် ပစ္စည်းတွေဖြစ်တဲ့ တလည်းသီးခွံ၊ မန်ကျည်းစေ့ခွံ၊ ဆီးဖြူ သီးခြောက် ၊ကြဇုသီး ၊ဆေးခြောက်၊ ဆား မီးဖုတ်တို့နဲ့ဖော်စပ်ထားတာဖြစ်ပါတယ်။မင်းကွတ်သီးခွံကို ကျွန်တော်တို့မြန်မာ့ တိုင်းရင်းဆေးတွင်သာမက ကမ္ဘာမှာပါ မင်းကွတ်သီး ခွံကိုဆေးဝါးအနေနဲ့ အသုံးပြု ကြပါတယ်။ နိုင်ငံတကာကျန်းမာရေး ဂျာနယ်၊ မဂ္ဂဇင်း၊အင်တာနက်သတင်းတွေ မှာလည်း မင်းကွတ်သီးခွံနဲ့ ပတ်သက် ပြီး ဆေးဝါး အဖြစ်အသုံးပြုပုံများကိုသုတေ သနစာတမ်းများ၊ သိပ္ပံနည်းကျ ဓာတ်ခွဲစမ်း သပ်မှု အဖြေများဖြင့် စုံလင်စွာဖော်ပြထား တာကိုလေ့လာတွေ့ရှိ ရပါတယ်။ ကနေဒါ၊ အမေရိကစတဲ့ အနောက်နိုင်ငံတွေ အိန္ဒိယ၊ တရုတ်၊ထိုင်း၊စင်ကာပူ၊ဗီယက်နမ်၊ဖိလစ်ပိုင် စတဲ့အာရှနိုင်ငံတွေ မှာလည်း မင်းကွတ်သီးခွံ ကို ရိုးရာတိုင်းရင်းဆေးဝါးအနေဖြင့် တွင် တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။

မင်းကွတ်သီးခွံကို သိပ္ပံနည်းကျဓာတ် ခွဲစမ်းသပ်မှုအဖြေတွေအရဆိုရင် ''Antioxidant'' လို့ခေါ်တဲ့ ဓာတ်တိုးပယ်ဖျက် မှုစွမ်းရည်ရှိတဲ့ဓာတုဒြပ်ပေါင်းအမျိုးအစား ၂ဝဝကျော်နဲ့ အဆီဓာတ်၊ ပရိုတင်းဓာတ်၊ ကဆီဓာတ်၊ သတ္တုဓာတ်၊ဗီတာမင်မျိုးစုံနဲ့ အခြားအမည်မဖော်နိုင် တဲ့ဒြပ်ပေါင်းများစွာ ပါဝင်ဖွဲ့စည်းထားတဲ့ အတွက် အစာကြေ ဆေး၊ အာရုံကြော အားဆေး ၊ ဝမ်းပိတ်ဆေး၊ နှလုံးရောဂါကုဆေး၊ အကိုက် အခဲပျောက် ဆေး၊ သန်ချဆေး၊ ကင်ဆာရောဂါကုဆေး၊ အဆီကျဆေး၊ စိတ်ငြိမ်ဆေး၊ ဆီးချိုသွေးချို ရောဂါ ကုဆေးဝါးများဖော်စပ်ရာမှာအသုံး ပြုကြပါတယ်။

မင်းကွတ်သီးခွံနဲ့ပတ်သက်ပြီးသုတေသန စာတမ်းများ မှာတော့ မင်းကွတ်သီးခွံပြုတ် ရည်ဟာ-
- ပင်ပန်းနွမ်းနယ်မှုကိုခုခံကာကွယ်ပေး ခြင်း။
- အဖုအကျိတ် ကင်ဆာရောဂါတွေကိုလည်း ခုခံကာကွယ်နိုင်ပေးခြင်း။
- အိုမင်းရင့်ရော်မှုကို ကာကွယ်စေခြင်း။
- သွေးတိုးကိုလည်း ကျစေခြင်း။
- ဓာတ်တိုးမှုကိုလည်း တိုက်ဖျက်ပေးခြင်း။
- သွေးတွင်း သကြားဓာတ်များကို လည်းလျော့ကျစေခြင်း။
- အဝလွန်ခြင်းကို ကာကွယ်စေပြီး ကိုယ်အလေးချိန်ကိုကျစေခြင်း။
- သွေးလွှတ်ကြောအတွင်း ချိုး(ဂျိုး) မကပ်အောင်ကာကွယ်ပေးခြင်း။
- နှလုံးနှင့်ဆက်စပ်သည့် ရောဂါများ မဖြစ်အောင်ကာကွယ်ပေးခြင်း။ အရိုးအဆစ် ရောင်ရမ်း နာကျင် မှုပျောက် ကင်းစေခြင်း၊ အရိုးပွခြင်းမှ ကာကွယ်ပေး ခြင်း၊ သွားဖုံးနှင့်ခံတွင်း ဆိုင်ရာရောဂါများ ပျောက် ကင်းစေခြင်း၊ စိတ်မတည့်ရောဂါ ဖြစ်ခြင်း မှကာ ကွယ်ပေးခြင်း အစရှိတဲ့ရောဂါ အမျိုးပေါင်း ၁၃၈ မျိုးပျောက်ကင်းစေတယ် လို့သုတေသနစာတမ်းများတွင် အတိအလင်း ဖော်ပြထားတာကို လေ့လာတွေ့ရှိ ရပါတယ်။

မင်းကွတ်သီးခွံကို သဘာဝ ဓာတ်ဆား အနေနဲ့ ပုံမှန်သောက်သုံးမယ် ဆိုရင်တော့မင်း ကွတ်သီးခွံ ရဲ့ အလေးချိန် တစ်ဆကိုရေလေးဆ ရောပြီးတစ်ဝက်ကျအောင် ကျိုရပါမယ်။ တစ်ခါသောက် လက်ဖက်ရည် အကြမ်း ပန်းကန်တစ်ဝက်ပမာဏ အားဖြင့်တော့ ၃ဝ စီစီကနေ ၆ဝ စီစီ တစ်နေ့နှစ်ကြိမ် အစာ မစား ခင်ပုံမှန် သောက်သုံး လို့ရပါ တယ်။အခုညွှန်ကြားထား တဲ့သောက် သုံးရမယ့် ပမဏထက်ပိုပြီး မင်းကွတ်သီးခွံပြုတ် ရည်ကိုသောက်ခဲ့မယ် ဆို ရင်တော့ ဆီး၊ ဝမ်း အနည်းငယ် ချုပ်စေတယ်ဆိုတာ ကိုလည်း သတိပြုစေချင်ပါ တယ်။မင်းကွတ်သီးခွံကို စားပြီးတဲ့အခါ မင်းကွတ်သီးခွံ ကို ရေစင်အောင်ဆေးပြီး နေပူမှာ ခြောက်သွေ့အောင် လှန်းပါ။ မင်းကွတ်သီး ခွံခြောက်သွေ့သွားပြီဆိုမှ သင့်တော်ရာပလတ်စတစ်ဘူး (သို့မဟုတ်)ဖန်ဘူးမှာထည့် ပြီး အေး ၍ခြောက်သွေ့တဲ့နေရာမှာ သိမ်း ဆည်းထားသင့် ပါတယ်။ ဆေးဝါး အဖြစ် အသုံးပြုမယ့်မင်းကွတ် သီးခွံမှာ မှိုစွဲနေတာ၊ အောက်စော်နံနေ တာ၊ ပိုး ထိုးနေတာ၊ သိမ်းဆည်းတားတာ တစ်နှစ် ထက်ပိုကြားနေတာ တို့ဆိုရင်တော့ မင်းကွတ်သီး ကို ဆေးဝါးအနေနဲ့  မသုံးစွဲသင့်ဘူး ဆိုတာကို သတိပြုသင့်ကြောင်း ရေး သားတင်ပြ လိုက်ပါတယ်။

မိုးဟိန်းဇော်
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=nf
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...