စိတ်ကို ပျော်ရွှင်နွေးထွေးစေသော မြင်ကွင်းများက စိုးရိမ် ထိတ်လန့် စိတ်ကို ဖြေလျော့ပေးနိုင်

ရဲရင့်တည်

လူတို့၏ ဦးနှောက်သည် ခြိမ်းခြောက်ခံရ မှုဖြင့် တွေ့ ကြုံပါက ၄င်းတို့ ချစ်မြတ်နိုးရသည့် လူတို့၏ ဓါတ်ပုံ သို့မဟုတ် သိမ်မွှေ့နူးညံ့သည့် မြင်ကွင်း တစ်မျိုး ကို တွေ့မြင်လျှင် ခြိမ်းခြောက်မှုအပေါ် ဦးနှောက်၏ တုန့်ပြန် မှုက လျော့ကျသွား ကြောင်း အင်္ဂလန်နိုင်ငံ၊ အက်ဇီတာ တက္ကသိုလ်မှ သုတေသီများက ရှာဖွေ တွေ့ရှိခဲ့သည်။

အက်ဇီတာ တက္ကသိုလ်မှ ပညာရှင်များသည် ဦးနှောက်က ခြိမ်းခြောက်မှု အန္တရာယ်အပေါ် တုန့်ပြန်ပုံကို လေ့ လာရန် ကျန်းမာသော အစမ်းသပ်ခံသူ (၄၂)ဦးကို စမ်းသပ်မှုများပြုလုပ်ခဲ့သည်။ ၄င်းတို့ကို FMRI
စနစ်ဖြင့် စမ်းသပ်မှု ပြုလုပ်ချိန်၌ ကြည်နူးဖွယ်ကောင်း သည့် ချစ်သူဓါတ်ပုံများ၊ ချစ်စဖွယ်ကလေးငယ် ဓါတ်ပုံများ၊ ပျော်ရွှင်ဖွယ်ကောင်းသည့် မိသားစုဓါတ်ပုံ စသည်တို့ကို ပြသခဲ့ပြီးနောက် ဒုတိယအကြိမ်တွင် ခြိမ်းခြောက်မှုပြုနေသော မျက်နှာပုံများ၊ ခြိမ်းခြောက်သည့် စကားလုံးတို့ကို ပြန်လည်ပြသခဲ့ရာ လူတို့၏ စိတ်ခံစားချက်ကို ထိန်းချုပ်ပေးသော ဦးနှောက်၏ amygdala အပိုင်းတွင် သိသာသော တုန့်ပြန်မှုမရှိခဲ့ပေ။
ဓါတ်ပုံများ၏ ပထမအပိုင်းကို အာရုံစိုက်၍မကြည့်ရှုခဲ့သည့် အစမ်းသပ်ခံသူ တို့၏ amygdale တွင်လည်း ကြမ်းတမ်းသည့်ရသကို ဖော်ပြသောဓါတ်ပုံများ ကိုကြည့်ရှုစဉ် တုန့်ပြန်မှုများမရှိခဲ့ ကြောင်းသိရသည်။

ကြည်နူးဖွယ်ဓါတ်ပုံ များကိုမြင်လိုက်သောကြောင့် မိမိတို့၏ဦးနှောက်က ချစ်ခြင်း၊ ဂရုစိုက်ခြင်း၊ သိမ်မွေ့ ခြင်း စသည့်ခံစား ချက်ရသများကို ဖော်ပြသဖြင့် ကြောက်လန့်နေသောစိတ်ကို ပြန်လည်တည်ငြိမ်စေနိုင်သည်။ ထို့ကြောင့် စိတ်ဖိအားများသည့် အချိန်အခါများတွင်လည်း ကြည်နူးဖွယ်ကောင်းသည့် ဓါတ်ပုံများကို ကြည့်ရှုကာ မိမိကိုယ်ကို နှစ်သိမ့်နိုင်ကြောင်း အဆိုပါ လေ့လာမှုမှသိရသည်။ နာကျင်နေသည့် အချိန်အခါများ တွင်လည်း ကြည်နူးဖွယ်ကောင်းသည့် ခံစားချက်များ ၀င်ရောက်လာပါက နာကျင်မှုက လျော့ကျသွားနိုင်သည် ကို ယခင် ကလည်း တွေ့ ရှိခဲ့ပြီးဖြစ်ရာဝယ် ဦးနှောက်က ခြိမ်းခြောက်မှုအန္တရာယ် အပေါ် တုန့်ပြန်ခြင်းကို လည်း စိတ်ကြည်နူးဖွယ်ကောင်းစေသည့် ပုံရိပ်များဖြင့် လျှော့ချနိုင်သည်ကို တွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

စိတ်ဒဏ်ရာရသည့် လူနာများတွင်လည်း ၄င်းတို့၏အသိုင်းအ၀ိုင်းမှ ဂရုတစိုက်စကားပြောဆိုခြင်း၊ ကူညီထောက်ပံ့ ပေးခြင်းများ ပြုလုပ်ခဲ့သည့် လူနာများမှာ စိတ်ဒဏ်ရာကို ပို၍လွယ်ကူစွာ ကျော်လွှားနိုင် ခဲ့ကြောင်း တွေ့ရသည်။ ထိခိုက်ဒဏ်ရာရရှိခြင်း ကြောင့်စိတ် ဖိဆီးမှုဖြစ်ပြီး စိုးရိမ်ထိတ်လန့်မှုပါလာသော လူနာတို့ကို ပို၍ထိရောက်စွာကုသ နိုင်ရန် အက်ဇီတာတက္ကသိုလ်မှ သုတေသီတို့သည် ၄င်းတို့၏ ရှာဖွေမှုကို အခြေခံ၍ ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပြောပြသည်။

 Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...