စည်းကမ်း လိုက်နာမှု အားနည်းသည့် အဝေးသင် ကျောင်းသားများ၏ စာမေးပွဲ အအောင်အရှုံးများကို လျှော့ပေါ့ စဉ်းစားပေးမည် မဟုတ်ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၁

စည်းကမ်း လိုက်နာမှု အားနည်းသည့် အဝေး သင် ကျောင်းသားများ၏ စာမေးပွဲအ အောင် အရှုံးများကို လျှော့ပေါ့ စဉ်းစား ပေးမည် မဟုတ်ကြောင်း ရန်ကုန်အ ဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ လှတင့်က ပြောသည်။

အဝေးသင် တက္ကသိုလ်များမှ သတ်မှတ် ထားသော စည်းကမ်းချက်များကို လိုက်နာသော သူများကိုသာ စာမေးပွဲ အအောင် အရှုံးများတွင် လျှော့ပေါ့ စဉ်းစားပေးမည်ဖြစ်ပြီး စည်း ကမ်းလိုက်နာခြင်းမရှိသူများကို စဉ်း စားပေးမည် မဟုတ်ကြောင်း ယင်းက ဆိုသည်။

''ဆရာတို့ အဝေးသင်ကိုအရည် အသွေးပြည့်ဝတဲ့ လူ့စွမ်းအားအရင်း အမြစ်တွေမွေးထုတ်နိုင်တဲ့ နေရာတစ် ခုဖြစ်အောင် လုပ်ဆောင်နေတဲ့အ တွက် ကျောင်းသားတွေအနေနဲ့လဲ ဌာနကထုတ်ပြန်ထားတဲ့ သတ်မှတ် ထားတဲ့ စည်းကမ်းတွေကို တိတိကျ ကျလိုက်နာပေးနိုင်ဖို့လိုတယ်။ ပြီးတော့ အဝေးသင်ကျောင်းတက် ချိန်တွေကို မှန်မှန်တက်နိုင်တဲ့သူ၊ စာစဉ်တွေကို သတ်မှတ်ရက်ထက် နောက်မကျဘဲ တင်တဲ့သူတွေကို စာမေးပွဲတွေမှာလျှော့ ပေါ့စဉ်းစားပေးမှာပါ''ဟု ပါမောက္ခ ချုပ် ဒေါက်တာလှတင့်က ပြောသည်။

၂ဝ၁၃ခုနှစ် ပညာသင်နှစ်မှစ တင်ကာ အရည်အသွေးရှိသော အဝေးသင်ကျောင်းသားများကို မွေးထုတ် နိုင် ရန် အောင်ချက်များကိုလျှော့ချ ခဲ့ပြီး အမှန်တကယ် စာမေးပွဲအောင် မြင်သူများကိုသာ အတန်းတင်ပေး ခဲ့ ကြောင်း သိရသည်။

''နေ့ကျောင်းသားတွေဆိုရင် စာမေးပွဲအောင်ရှုံးမှာ လျှော့ပေါ့စဉ်း စားတာမျိုးတွေရှိတယ်။ အဝေးသင် ဆိုရင် မစဉ်းစားဘူး။ ဘာလို့လဲဆိုတော့ ဒီလိုစဉ်းစားပေးလိုက်ရင် ကွာလတီ အရမ်းနိမ့်သွားမှာစိုးလို့ပါ။ ဒါကြောင့် အောင်သွားတဲ့သူတွေမှာ ကွာလတီ ကရှိပြီးသား။ အဝေးသင်အားနည်း တယ်ဆိုတာ ဆရာတွေ နဲ့မတွေ့ရတဲ့ အပိုင်းတော့ရှိတာပေါ့''ဟု မန္တလေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မောင်သင်း က ပြောသည်။

၂ဝ၁၃ခုနှစ်တွင် ဘာသာရပ် ပေါင်းစုံအောင်ချက်မှာ ထက်ဝက်ခန့် ကျဆင်းခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း တစ်နိုင်ငံလုံးအနေဖြင့် ၇၈ရာခိုင်နှုန်း သာရှိခဲ့ပြီး ၂ဝ၁၄ခုနှစ်တွင် ၇၇ရာခိုင် နှုန်းသာရှိခဲ့ကြောင်း၊ ဘာသာရပ်အား လုံးတွင် အောင်ချက်အနည်းဆုံးမှာ ဥပဒေဘာသာရပ်ဖြစ်ပြီး အောင်ချက် ရာခိုင်နှုန်း ၅၉ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။

နှစ်စဉ်နေ့ကျောင်းတက်ကျောင်း သားများ၏အောင်ချက်မှာ တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ၈ဝရာခိုင်နှုန်း ဝန်းကျင်တွင်ရှိပြီး အဝေးသင်အောင် ချက်မှာ ၆ဝ ဝန်းကျင်သာရှိကြောင်း သိရသည်။

ATK
#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...