ဆောင်းရာသီ အပူကန် လည်ချောင်းနာအတွက် ဆေးတစ်ခွက်

ဆောင်းရာသီ ကဲ့သို့ အေးမြတဲ့ ရာသီရောက် လာတဲ့ အခါတိုင်း၊ ခန္ဒာကိုယ်တွင်း အပူဓာတ် များသူတွေမှာ အပူကန် ထွက်လာပြီး လည်ချောင်း နာလေ့ရှိကြ ပါတယ်။ အဲဒီလို အပူဓာတ် များသူတွေ အဖို့ ခါတိုင်းထက် ရေပိုသောက်ပေး ရမှာဖြစ်ပြီး၊ ပုံမှန် ရေချိုးနေကျ အတိုင်း တစ်နေ့ ၂-ကြိမ် (သို့ မဟုတ်) အနည်းဆုံး ၁-ကြိမ် နေ့ စဉ်ရေချိုးပေး ဖို့ လိုပါတယ်။ ကိုယ်လက်လှုပ်ရှား များများ လုပ်ကာ၊ ကောက်ညှင်းပေါင်းလို ၀မ်းချုပ်စားတွေ မစားဘဲ၊ သင်္ဘောသီး၊ ဌက်ပျောသီးတို့ လို ၀မ်းနူးစာတွေ ကို စားပေး သင့်ပါတယ်။ အပူကန်၍ လည်ချောင်းနာတဲ့ ဝေဒနာဟာ လည်ချောင်းထဲကို မီးစနဲ့ ထိုးခံရသလို
ပူစပ်ပူလောင် ခံစားရပြီး၊ အာသီးရောင်သကဲ့ သို့တံတွေးမြိုချတဲ့ အခါတိုင်း နာတဲ့အပြင်၊ လည်ချောင်းထဲက
ယား၍ချောင်းဆိုး တတ်ပြန်တာကြောင့် အင်မတန် ခက်ရခက်တဲ့ ဝေဒနာတစ်မျိုးပါဘဲ။ ဒိအတွက် စိတ်ညစ် မနေပါနဲ့ ။ ဟောဒီမှာ ဆေးကောင်း တစ်လက် ရှိပါတယ်။ ဒီဆေးဖော်စပ်နည်းက လုပ်ရ တာလွယ်ကူလို့  အထင် မသေးလိုက်ပါနဲ့ .ဘေးထွက်ဆိုးကျိုး မရှိဘဲ ပျောက်ကင်း သက်သာသွားစေမယ့် ဆေးကောင်း တစ်ခွက်ဖြစ် လို့ ပါ။

သဘာဝ ပျားရည်စစ်စစ်၊ သံပုရာသီး၊ ဂျင်း စတဲ့ ပစ္စည်း ၃-မယ်ရှိရင် ဆေးဖော်စပ်ဖို့ ရပါပြီ။ (၁၀၀% သဘာဝပျားရည်စစ်စစ် ကို City Mart ဆိုင်များနဲ့ ဆေးဆိုင်တွေမှာ အလွယ်တကူ ၀ယ်ယူ ရရှိနိုင်ပါတယ်။ သံပုရာသီး ၁-လုံး ကို အစေ့ဖယ် အရည်မညှစ်ဘဲ ခပ်ပါးပါး အချပ်လေးတွေ လှီးပေးရပါမယ်။ ဂျင်း လက် ၂-ဆစ်ခန့် ကို အခွံနွှာပြီးနောက် ခပ်ပါးပါး အချောင်း မျှင်မျှင်လေးတွေရ အောင် လှီးဖြတ်ပါ) စောစောက လှီးဖြတ်ထားတဲ့ သံပုရာသီး အလွှာချပ်လေးတွေနဲ့  ဂျင်းအချောင်းလေးတွေကို ခြောက်သွေ့ သန့် ရှင်းတဲ့ ဖန်ပုလင်း လွတ် ၁-လုံးထဲမှာ ထဲ့ပြီး၊ ၄င်း တို့ မြုပ်ရုံ ပျားရည် စစ်စစ်ကို အပေါ်က လောင်းချပေးပါ။ ပြီးရင် ဖန်ပုလင်း လေလုံအောင် အဖုံးကို ကျပ်ကျပ်ပိတ်၍ ထိုအရောအနှော ၃-မျိုး ဂျယ်လီပုံစံပြောင်းသွားတဲ့ အထိ ရေခဲသေတ္တာထဲမှာ သိမ်းထား ရပါမယ်။ ဂျယ်လီဖြစ်လာ တဲ့အခါ ၄င်းကိုဇွန်းနဲ့ ခပ်ကာ မတ်ခွက် တစ်ခွက်ထဲပြောင်းထဲ့ပြီး ရေနွေးဆူဆူလောင်းချ၍ ခပ်နွေးနွေး အနေအထားမှာ စားလို့ ရ ပါပြီ။ ပျားရည်နဲ့  ဓာတ်ပြုထားတာကြောင့် သံပုရာခွံကို ၀ါးစားလို့ ရပါတယ်။ အဲဒီအချိုးအစားအတိုင်း တစ်နေ့ တစ်ကြိမ်ကျ
သောက်ပေးခြင်းဖြင့် ၃-ရက်မျှကြာတဲ့အခါ အပူကန်လည်ချောင်းနာများ ပျောက်ကင်းသွားပါ လိမ့်မယ်။ (ပုလင်းဖုံး လုံလုံပိတ်ပြီး ရေခဲသေတ္တာထဲ မှာ ၂လ ၃ လ ကြာတဲ့အထိ သိမ်းထားလည်း ဆေးဓာတ် မပြယ်နိုင် ပါဘူး)

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်း မျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
(ကိုးကား…..BeautyTips4Her.com)
promise.pauk
-------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...