ကမ္ဘာ့ အတွင်းပိုင်းတွင်း မြေအောက် သမုဒ္ဒရာများ ရှိနေနိုင်

By သမန်းကျား

ကမ္ဘာ့ သမုဒ္ဒရာပြင် ရေထုကြီး၏ မူလအစကို ယခင်က ကမ္ဘာနှင့် ကြယ်တံခွန်ကြီး တစ်ခု တိုက်မိ ခဲ့ရာမှ ဖြစ်ပေါ်လာ သည်ဟု သိပ္ပံပညာရှင် များက ယူဆထားရာမှ ကမ္ဘာ့မဏ္ဍိုင်တွင် တွေ့ ရလေ့ ရှိသော ရင်ဝူဒိုက် သတ္တုသည်လည်း ကမ္ဘာ့ရေထုကြီး၏ အရင်းအမြစ် ဖြစ်နိုင်ကြောင်း ယူဆရနိုင်သည့် အထောက်အထား များကို တွေ့ ရှိလာရသည့် အတွက် ကမ္ဘာတွင်လည်း မြေအောက် သမုဒ္ဒရာကြီးများ ရှိနေနိုင်မည်လားဟု သိပ္ပံပညာရှင်များ သုံးသပ်နေကြ ကြောင်း သိရသည်။

ကမ္ဘာ့မြေမျက်နှာပြင်အောက် ၁၉ မိုင်ခန့် တွင် တိုက်ကြီး (၇) တိုက်ကို ပင့်တင်ထားသော ကျောက်သား လွှာများသည် ကမ္ဘာ့မဏ္ဍိုင်အဖြစ်ပေါင်းစပ်သွားပြီး အထူ ၁၈၀၀ မိုင်ရှိသော ကမ္ဘာ့မဏ္ဍိုင် အပြင်ပိုင်း အလွှာ ဖြစ်လာသည်။ သို့  ဆို လျင် ကမ္ဘာ့သမုဒ္ဒရာများအောက်တွင် ကျောက်သားလွှာသည် ၃ မိုင်ခန့်  သာထူမည်ဖြစ်သော်လည်း ဤ ၃ မိုင်မျှ အထူအောက်တွင် ရှိနေသောအရာကို လေ့လာရန်မှာ သိပ္ပံပညာ ရှင်များအတွက် အလင်းနှစ်ပေါင်းမြောက်များစွာ ကွာဝေးသော အရာတစ်ခုကို လေ့လာရမည့်နှယ် အခက် အခဲဖြစ်နေကြာင်း သိရသည်။

ကမ္ဘာပေါ်ရှိသမုဒ္ဒရာများသည် ကမ္ဘာအား ကြယ်တံခွန်ကြီးတစ်ခုက ၀င်တိုက်မိခဲ့သည့် အတွက်ဖြစ်နိုင်ကြောင်း ၁၀-စုနှစ်ပေါင်းများစွာအထိ သိပ္ပံပညာရှင် များက သုံးသပ်နေခဲ့ရာမှ ယခုအခါ ကမ္ဘာ့မဏ္ဍိုင်ကျောက်သားများတွင် ပေါကြွယ်ဝစွာတည်ရှိနေသော မက်ဂနီဆီယွမ်ပြည့်ဝသည့် ဆီလီကိတ် တစ်မျိုးဖြစ်သည့် ရင်းဝူဒိုက် သတ္တုကလည်း ကမ္ဘာ့သမုဒ္ဒရာဖြစ်စဉ်တွင် အရေးပါလောက်သည်ဟု သိပ္ပံပညာရှင် တစ်ဦးဖြစ်သူ စတီဗင်ဂျက်ကော့ဆင်က သုံးသပ် ထားသည်။

ကမ္ဘာပေါ်ကရေတွေက ဘယ်ကရောက် လာတာလဲလို့  ကျွန်တော် ထပ်မေးချင်ပါတယ်။ ကျောက်သားတွေ ကို လေ့လာရာမှ အတိတ်ကိုပြန်လေ့လာနိုင်သလို ကီလိုမီတာပေါင်း ရာပေါင်းများစွာအောက်က ရင်ဝူဒိုက် သတ္တုကိုသာ တိုက်ရိုက် တူးဖော်နိုင်မယ်ဆိုရင် ရေရဲ့ အစပထမရင်းမြစ်ကို သိနိုင်မယ်လို့ ယုံကြည်ပါ တယ်ဟု ဂျက်ကော့ ကပြောသည်။

လွန်ခဲ့သောနှစ်ပေါင်းသန်းပေါင်းများစွာက မီးတောင်ချော်ရည်လမ်းကြောင်းတစ်ခုမှ တူးဖော်ရရှိခဲ့သည့် စိန်တုံးကြီး တွင် ရင်ဝူဒိုက်သတ္တုကို တွေ့ ရှိခဲ့ကြရာမှ ယင်းရင်ဝူဒိုက်အား ဓါတ်ခွဲခန်းတွင် ပုံတူပြု လုပ်လေ့လာနေသော သိပ္ပံ ပညာရှင်များက ကမ္ဘာ့ရေထုကြီးသည် ယင်းရင်ဝူဒိုက်သတ္တုမှ ထွက်ပေါ်လာလေ သလားဟု သံယဖြစ်လာကြခြင်း ဖြစ်သည်။

ရင်ဝူဒိုက်သည် သာမန်ကျောက်သားများထက် ၁၀-ဆပို၍ ရေကိုထိန်းထားနိုင်သည်ကို တွေ့ ရှိထားပြီး ကမ္ဘာအား ကြယ်တံခွန်တစ်ခုက ၀င်တိုက်မိခြင်းကြောင့် ရေထွက်ပေါ်လာသည်ဆိုစေအုံး၊ ယင်းရေထုမှာ ကမ္ဘာတွင်လည်း ကောင်း၊ ကြယ်တံခွန်တွင်လည်းကောင်း ရှိနှင့်ပြီး ဖြစ်နေရမည်ဖြစ်သည့်အတွက် ကမ္ဘာ့အောက်ပိုင်း ကျောက်သား ထုမှပင် ရေအရင်းအမြစ် စတင်ထွက်ပေါ်လာရခြင်းဖြစ်မည်ဟု သိပ္ပံပညာရှင်များက ယုံကြည်သုံးသပ်နေကြောင်း သိရသည်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...