ဘီလျံနာသူဌေးကြီး ဒေါ်နယ်လ်ထရန့်ပ်ရဲ့ မှတ်သားစရာ စကားစုလေးများ

၁။ ဘယ်ကိစ္စမဆို စဉ်းစားတော့မယ် ဆိုရင် အလေး အနက် စဉ်းစားပါ။
(As long as you are going to be thinking anyway, think big.)

၂။ အတ္တ မရှိဘူးဆိုတဲ့ လူကို ပြပေးပါ။ ခင်ဗျားတို့ကို ကျနော် အရှုံးသမားကို ပြပါ့မယ်။
(Show me someone without an ego, and I'll show you a loser.)

၃။ အကြိမ်ကြိမ် မှားနေတယ်ဆိုရင် သင်လုပ်နိုင်တဲ့ အဆိုးဆုံး အရာတစ်ခုကို ဆွဲထုတ်ပြီ ဆက်လက်ပါ။ ခုခံတွန်းလှန်ပြစ်ပါ။
(When you are wronged repeatedly, the worst thing you can do is continue taking it--fight back!)

၎။ တစ်ခါတရံ သင်စိတ်ကြိုက် ရင်းနှံမြုတ်ထားတာ သင်မလုပ်နိုင်တဲ့ ဟာဖြစ်တယ်။
(Sometimes your best investments are the ones you don't make.)

၅။ ကျနော်ဟာ အတိတ်ကနေ ပြန်လည် သင်ယူဖို့ ကြိုးစားသလို ပစ္စုပ္ပန်မှာ အထူးအာရုံစိုက်ပြီး အနာဂါတ် အတွက် အကွက်ချစီစဉ်ပါတယ်။ ဒါဟာ ပျော်ရွှင်စိတ်ချမ်းသာမှု ပဲဖြစ်တယ်။
(I try to learn from the past, but I plan for the future by focusing exclusively on the present. That's where the fun is.)

၆။ လမ်းလွဲ မသွားပါစေနဲ့။ လမ်းလွဲ သွားပြီဆိုရင် လမ်းပေါ် အမြန်ပြန်တက်ပါ။ ဒီလိုမှမဟုတ်ရင် လမ်းချော်ခြင်းက သင့်ကို အညွှန့်ချိုး သုတ်သင်ပါလိမ့်မယ်။
(Don't get sidetracked. If you do get sidetracked, get back on track as soon as possible. Ultimately sidetracking kills you.)

၇။ ဘဝမှာ ဖြစ်သမျှ အရာအားလုံးဟာ ကံကြောင့်ပဲ။
(Everything in life is luck.)

၈။ တစ်ခါတရံ တိုက်ပွဲတစ်ပွဲမှာ ရှုံးနိမ့်လိုက်တာဟာ စစ်ပွဲ တစ်ပွဲလုံးကိုနိုင်စေမယ့် နည်းလမ်းသစ်ကို ရှာတွေ့ဖို့ပါပဲ။
(Sometimes by losing a battle you find a new way to win the war.)

၉။ စိတ်အား ထက်သန်ပြင်းပြမှု မရှိဘဲနဲ့ အားထုတ်မှု မရှိနိုင်ဘူး။ အားထုတ်မှု စွမ်းအား မရှိဘူးဆိုရင် သင့်မှာ ဘာမှရှိမှာ မဟုတ်တော့ပါဘူး။
(Without passion you don't have energy, without energy you have nothing.)

၁၀။ ပြောသမျှကို လူတွေအားလုံးက နားထောင်နေကြတယ်လို့ ကျနော် အာရုံခံစားတယ်။
(I feel a lot of people listen to what I have to say.)

၁၁။ အခက်အခဲတွေ့လာပြီဆိုရင် ပြဿနာကို ဘေးဖယ်ထားပြီး ဖြေရှင်းနည်းကိုသာ အာရုံစိုက်ဖို့က အရေးကြီး တယ်။
(It’s important to focus on the solution, not the problem.)

သူငယ်ချင်းတို့ရေ.......

ဒေါ်နယ်လ်ထရန့်ပ်( Donald Trump)ကို ကျနော်တို့ခေတ်ရဲ့ အအောင်မြင်ဆုံး ပုဂ္ဂိုလ်ကျော်တွေထဲက တစ်ယောက်အဖြစ် ကမ္ဘာက အသိအမှတ် အပြုထားပါတယ်။ သူဟာ ဘီလျံနာ အမေရိကန် အိမ်ခြံမြေ စီပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်သလို စာရေးဆရာ၊ တီဗီအစီစဉ်တစ်ခုက ရုပ်သံစတားလည်း ဖြစ် ပါတယ်။ နောက် အလှမယ်ပြိုင်ပဲတွေကိုလည်း ဦးဆောင်ကျင်းပနေသူဖြစ်သလို ရီပတ်ဘလစ်ကန်ပါတီ (Republican Party)ကနေ အမေရိကန် သမ္မတလောင်းဖြစ်ဖို့အတွက် အလားအလာရှိခဲ့ ဘူးသူလည်းဖြစ် ပါတယ်။

အခုအချိန်မှာတော့ ဇနီးသည် ဆလိုဗေးနီးယားနိုင်ငံသူ မော်ဒယ်ဟောင်း မီလင်နီယာ (MELANIA)နဲ့ မိသားစု ဘဝကို တည်ဆောက်နေပြီး အသက်(၆၈)အရွယ်ရှိပါပြီ။ မကြာသေးမီကလည်း အီဘိုလာ ပြဿနာ ကိုင်တွယ်ဖြေရှင်းပုံနဲ့ ပတ်သက်ပြီးတော့ သမတအိုဘားမားရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့ပါသေးတယ်။

ကျနော့်သူငယ်ချင်းတွေ ဘီလျံနာသူဌေးကြီး ဒေါ်နယ်လ်ထရန့်ပ်ရဲ့ မှတ်သားစရာ စကားစုလေးတွေကို အသေအချာဖတ်ပြီး စဉ်းစားကြမယ်၊ လိုက်နာကျင့်သုံးကြမယ်ဆိုရင် ကျနော်တို့ ရင်ဆိုင်ဖြေရှင်းရမဲ့ လာသမျှ အခက်အခဲတိုင်းကို ကျော်လွှားနိုင်ပြီး ဒေါ်နယ်လ်ထရန့်ပ်လို အောင်မြင်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာလိမ့် မယ်လို့ ယုံကြည်မိလျှက်..................

ဒေါ်နယ်လ်ထရန့်ပ် အကြောင်းကို ဖတ်ဖို့ တိုက်တွန်းတဲ့ သူငယ်ချင်းကိုလည်း အထူးကျေးဇူး တင်ပါကြောင်း……

ဘဝနဲ့ဆန္ဒ တစ်သားတည်းကျပါစေ.....
လင်းမြတ်(ပန်းတောင်း)

https://www.facebook.com/402786653135719/photos/a.402798786467839.96903.4027
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...