ဆေးခြောက် ကြာရှည်သုံးစွဲလျင် ဦးနှောက်ကို ထိခိုက်စေနိုင်

သမန်းကျား၊ ရတနာပုံ သတင်းစာ။

ဆေးခြောက် ကြာရှည် သုံးစွဲမှုကြောင့် ဦးနှောက် ပျက်စီးနိုင်ပြီး သုံးစွဲသူ၏ အသက်နှင့် သုံးစွဲချိန် ကြာမြှင့်မှု အလိုက် ဦးနှောက် ပျက်စီးမှုနှုန်းလည်း မတူ ကွဲပြားနိုင်ကြောင်း အမေရိကန် ပြည်ထောင်စု၊ ဒါးလတ်စ်ပြည် နယ်၊ တက္ကဆပ် တက္ကသိုလ်မှ ဦးနှောက် ကျန်းမာရေး သုတေသန ဌာနက ဆို သည်။

ဆေးခြောက်ကြာ ရှည် သုံးစွဲ သူများကို ဦးနှောက် MRI ရိုက်ကြည့်ရာ ဦးနှောက်ဖွဲ့ စည်းပုံ ယိုယွင်းနေပြီး မူမမှန်သည့် အခြေအနေများကို တွေ့ ရကြောင်း၊ ဦးနှောက် တဖြည်းဖြည်းကျုံ့ လာပြီး ဦးနှောက် အစိတ် အပိုင်းများ ချိတ်ဆက်အားသည်မူ ပိုကောင်းလာကြောင်း သုတေသီများက ပြောပြသည်။

အမေရိကန်ပြည်ထောင်စုမှာ ၂၀၀၇ နောက်ပိုင်း ဆေးခြောက် သုံးစွဲမှုနှုန်း မြှင့်တက် လာခဲ့ပါတယ်။ တစ် ချို့ ပြည်နယ် တွေမှာ ဆေးခြောက်သုံးစွဲမှုကို တရားဝင်ခွင့်ပြုခဲ့ပြီး တဲ့နောက် ဆေးခြောက်ကို ရေရှည်စွဲပြီး သုံးသူတွေ ရှိလာကြသလို ဆေးခြောက် သုံးစွဲခြင်းဟာ ဦးနှောက်ကို ထိခိုက်စေခြင်း မရှိဘူးလို့  ထုတ်ပြန်ကြေငြာ ထားတာတွေလည်း တွေ့ ရပါ တယ်။ ဒါပေမယ့် တစ်ကယ်တမ်းမှာ ဆေးခြောက် ကို ရေရှည် သုံးစွဲသူတွေဟာ ဦးနှောက်ရဲ့  စွဲလမ်းမှုကိုထိန်းချုပ်တဲ့ အပိုင်းက တဖြည်းဖြည်းကျုံ့ လာသလို ဦးနှောက်တစ်နေရာနဲ့ တစ်နေရာ ချိတ်ဆက်မှုအားကလည်း ပိုလာတာကို တွေ့ ရပါတယ်။ ဒါဟာ ဦးနှောက် က ဆေးခြောက်ကို လုံးလုံးလျားလျားမှီခိုလာပြီး စိတ်ကယောင်ချောက်ခြား ဖြစ်လာမယ့် လက္ခဏာတွေ ပါပဲဟု ဦးဆောင် သုတေသီဒေါက်တာ ဖရန်ဆက်စကာ က ပြောပြသည်။

ထို့ အပြင် ဆေးခြောက်ကိုစွဲ၍ အသုံးပြုသူများသည် အသက်တူ၊ အရွယ်တူသူများနှင့် နှိုင်းယှဉ်လျင် ဥာဏ်ရည် ဥာဏ်သွေး ပိုညံ့ဖျင်းပြီး မူမှန်စွာတွေးခေါ် ဆင်ခြင်မှု အပိုင်းတွင်လည်း အားနဲ သည်။ ဆေးခြောက် အသုံးပြုခါစတွင် ဦးနှောက်၏ အစိတ်အပိုင်းများ ချိတ်ဆက်မှုကို ပိုမိုမြန်ဆန်စေသည်မှာ မှန်သော်လည်း ဦးနှောက်တွင်း မီးခိုးရောင် အစိတ်အပိုင်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ဦးနှောက် ကျုံ့ လာချိန်ဝယ် ယင်းချိတ်ဆက်မှု မြန်ဆန်ခြင်းက လူ့ စိတ်ကို ကမောက်ကမဖြစ်ကာ ကယောင် ကတမ်းပြောဆိုခြင်း၊ ကယောင်ခြောက်ခြားဖြစ်ခြင်း၊ ဆက်စပ်တွေးတောပုံ မူမမှန်ခြင်းတို့  ဖြစ်ပေါ် လာနိုင်ကြောင်း သိရသည်။

ဆေးခြောက်ကို (၆)နှစ်မှ (၈)နှစ်အထိ သုံးစွဲသူများတွင် ဦးနှောက် အာရုံကြောဖွဲ့ စည်းပုံ ပျက်စီးစပြု လာသော် လည်း တစ်ဖက်နှင့်တစ်ဖက် ချိတ်ဆက် အားကောင်းနေသေးသည့် အတွက် လူပုံအလယ်တွင် ဟန်မပျက် ကြခြင်းဖြစ် ကြောင်း၊ ဤသည်ကို လူအများက ဆေးခြောက် သုံးစွဲလျင် ဥာဏ်ရည် ထက်မြက်သည်ဟု ထင်မှတ် မှားလေ့ရှိကြောင်း ရေရှည် သုံးစွဲသဖြင့် ဦးနှောက်ကျုံ့ လာချိန်ဝယ် စိတ်မူ မမှန်ဖြစ်လာချိန်မှ သာ ဆေးခြောက်၏ဆိုးကျိုးကို မျက်ဝါးထင်ထင် သဘောပေါက် မည်ဖြစ်ပြီး ထိုအချိန်သည် ဦးနှောက်ကို ပုံမှန်ပြန်ဖြစ်အောင် ကုသရန် ခက်ခဲသော အဆင့်ကို ရောက်စပြုနေပြီဖြစ်သည့် အတွက် ဆေးခြောက် သုံးစွဲခြင်းကို ဆေးဝါး လိုအပ်ချက်အရ မဟုတ်လျင် ရှောင်ကြဉ်သင့် ကြောင်း သုတေသီများက အကြံပြုထား သည်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...