စိမ်းလက်သုပ် (ထားဝယ်မုန်. လက်သုပ်) (၆ ပွဲ)

တောင်ကြီးမှာ နေတုန်းက ကျွန်မတို. တစ်အိမ်လုံး အရမ်းကြိုက်လို့ ထားဝယ်သူ မေမေ မကြာခဏ ချက်ကျွေးလေ့ ရှိတဲ့ စားစရာလေး တစ်မျိုးပါ။ မေမေ ချက်ရင် ငါးသလောက်၊ ငါးရွှေတွေ နဲ. ချက်တာ များပါတယ်။ တစ်ခါတစ်လေ ငါးကြင်း၊ ငါးမြစ် ချင်းတွေနဲ.လည်း ချက်တတ်ပါတယ်။ အချဉ်ရည် အနေနဲ.လည်း ပအုန်းရည် (ထန်းရည်၊ ဓနိရည်ကို အချဉ်ဖောက် ထားတာပါ) ကို ထည့်ချက်တာပါ။
ကျွန်မကတော့ နိုင်ငံခြားရောက်နေရတဲ့ သူတွေရဲ့ ထုံးစံအတိုင်း ငတ်လာပြီဆိုတော့ ငါးသလောက်မှ၊ ပအုန်းရည်မှ ဆိုပြီး ချေးမများနိုင်လို့ ရှာလကာရည်လေး သုံးပြီး ချက်ထားပါတယ်။ ငါးကိုလည်း အဆင်ပြေ သလိုပဲ သုံးပြီးချက်ပါတယ်။ ဒီတစ်ခါချက်တဲ့ swordfish portion ကတော့ အရိုးနွှင်ဖို့မလိုသလို၊ အသား ကလည်း ငါးကြင်းတွေလိုပဲ စားလို့ကောင်းပါတယ်။

ဟင်းရည်အိုးလေး စဆူလာတာနဲ. ထွက်ပေါ်လာတဲ့ စပါးလင်နံ.၊ ငါးနံ.လေးတွေက ပြောမပြ တတ်လောက်အောင်ကို မွှေးလှတာကို ချက်ကြည့်တာနဲ့ သိမှာမို့လို့ ချက်စားကြည့်ကြပါဦးနော်…..

***... ဟင်းရည် ချက်ဖို. လိုအပ်တာလေးတွေ…

1. ရေ – 1500 ml (6 cups)
2. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ – ၅ တက်
3. အစိတ်ကြီးကြီး လှီးထားသော ကြက်သွန်နီအရွယ်လတ် – ၁ လုံး
4. ၂ ပိုင်းစီဖြတ်ကာ ထုထားသော စပါးလင် – ၄ ချောင်း
5. စိမ်းစားငပိ – ထမင်းစားဇွန်း တစ်ဝက် (ပိုမထည့်ပါနှင့်။)
6. ငါး swordfish portion) – 200 g (၁၃ ကျပ်သား)
7. အရသာမှုန်. (chicken powder) – လက်ဖက်ရည်ဇွန်း ၆ ဇွန်း
8. ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ (သို့) ချိန်ဆထည့်ပါ။
9. နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁၀ ပုံ ၁ ပုံခန့် (ပိုမထည့်ပါနှင့်။)
10. ရှာလကာရည် – ထမင်းစားဇွန်း ၃ ဇွန်းခွဲ (သို့) ချိန်ဆထည့်ပါ။

high heat ဖြင့် အပူပေးထားသည့် ရေ ပွက်ပွက်ဆူလာလျှင် ရှာလကာရည်မှလွဲ၍ ကျန်ပါဝင်ပစ္စည်း အားလုံးကို ထည့်ကာ တည်ထားပါ။

ဟင်းရည်အရမ်းပြန်ဆူပွက်လာလျှင် medium heat သို.လျှော့ပြီး အိုးအဖုံး ဖုံး၍ ၃ မိနစ်ခန်. ဆက်တည် ထားပါ။

ပြီးလျှင် ရှာလကာရည် ထည့်ကာ အိုးအဖုံး ဖုံး၍ ၂ မိနစ်ခန်. ဆက်တည်ပြီးနောက် ငါးကြေသွားအောင် ဇွန်းဖြင့်ဖိချေပြီး မီးဖိုမီးကို ပိတ်ပါ။

အိုးအဖုံး ဖုံးထားသည့် ဟင်းရည်အိုးကို မီးပိတ်ထားသည့် မီးဖိုပေါ်တွင် နောက်ထပ် ၅ မိနစ်ခန်.ဆက်ထား ထားပါ။

မုန်.တီံထည့်ထားသည့် ပန်းကန်လေးထဲ ဟင်းရည် နှင့် ငါးလေးကိုထည့်ကာ ပါးပါးလှီးပြီးရေဆေးထားသော ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင်လေးဖြူး၍ အရသာရှိစွာသုံးဆောင်နိုင်ပါပြီ။ (အချဉ်လိုလျှင် သံပုရာရည် အနည်းငယ်ထည့်ပါ။)

နည်းနည်းအလုပ်ရှုပ်တာကြိုက်ရင်တော့ အရိုးပါတဲ့ငါးကို အတုံးလိုက်ထည့်စားလို့လည်း ရပါတယ်။ (နနွင့်မှုန့်လေးထည့်ဖို့မေ့သွားလို့ ဖြူသွားတာပါ…. )

ငရုတ်သီးစိမ်းက ပါးပါးလှီးပြီးထည့်စားသာထက် အလုံးလိုက်ကို ပန်းကန်ထဲရောက်မှ ဇွန်းနဲ. ဖိချေထိုးဖြတ် စားတာက အရမ်းပိုမွှေးကာ၊ ပိုစပ်ပြီးစားကောင်းစေပါတယ်။ (မေမေ ချက်ကျွေးရင်တော့ ပိုမွှေး၊ ပိုကောင်းအောင် လက်ဖြင့် ဖိချေပြီး ထည့်ပေးပါတယ်။)

https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...