ကြက်အသည်း မဆလာကြော်

***... ကြက်အသည်း မဆလာကြော် အတွက် လိုအပ် တာလေးတွေ…

-ကြက်အသည်း – 600 g (၃၉ ကျပ်သား)
-ထောင်းထားသော ကြက်သွန်ဖြူ – ထမင်းစားဇွန်း ၁ ဇွန်း
-ထောင်းထားသော ဂျင်း – ထမင်းစားဇွန်း ၁ ဇွန်း
-နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ ပုံ ၂ ပုံ
-chicken powder – လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ
-ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
-မဆလာ – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
-ဆီ – 1/2 cup (125 ml)
-ငရုတ်သီးစိမ်း – အနည်းငယ်

၁ လက်မအရွယ်ခန်. လှီးထားသော ကြက်အသည်းများကို ဆီ နှင့် ငရုတ်သီးစိမ်းမှ လွဲ၍ ကျန်ပါဝင်ပစ္စည်း အားလုံးဖြင့် ရောနယ်ထားပါ။

ပြီးလျှင် ဆီထည့်ကာ high heat ဖြင့် ၅ မိနစ်ခန့် မွှေကြော်ပေးပါ။

medium heat သို့လျှော့ကာ အိုးအဖုံး ဖုံးပြီး ၅ မိနစ်ခန့် တည်ထားပါ။ (အနည်းငယ် မွှေပေးပါ။)

အဖုံးပြန်ဖွင့်ကာ ငရုတ်သီးစိမ်းထည့်၍ ၅ မိနစ်ခန့် (သို့) အရည်ခမ်းပြီး ဆီပြန်လာအောင် မွှေကြော်ပြီးလျှင် ကြက်အသည်း မဆလာကြော်လေး ထမင်းပူပူလေးဖြင့် တွဲဖက်ကာ အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ် ပါပြီ။

https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...