ငါးခူကြော်မွမွ ပုဇွန်ခြောက်လေးနဲ. ကြော်ရအောင်

***... လိုအပ် တာလေးတွေ...

1. တစ်ပေခန်. ရှည်သော ငါးခူ – ၂ ကောင်
2. ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ(ငါးကို နယ်ထားရန် နှင့် ကြက်သွန်ကြော်ထဲ ထည့်ရန်)
3. အရသာမှုန်. – လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ (ငါးကို နယ်ထားရန် နှင့် ကြက်သွန်ကြော်ထဲ ထည့်ရန်)
4. နနွင်းမှုန်. – လက်ဖက်ရည်ဇွန်း ၁ ဇွန်း(ငါးကို နယ်ထားရန် နှင့် ကြက်သွန်ကြော်ထဲ ထည့်ရန်)
5. ပုဇွန်ခြောက်မှုန်. – ထမင်းစားဇွန်း ၃ ဇွန်း
6. ပါးပါး လှီးထားသော ကြက်သွန်နီ – တရုတ်ထမင်းစား ပန်းကန်လုံး ၂ လုံးခန်.
7. ဆီ

ငါးကို ဆားအနည်းငယ်နှင့် ပွတ်တိုက်ကာ ရေနှင့် ပြောင်စင်အောင်ဆေး ထားပါ။

လက်တစ်လုံးအထူခန်. လှီးပြီး ဆား(လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ)၊ အရသာမှုန်.(လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ)၊ နနွင်းမှုန်.(လက်ဖက်ရည်ဇွန်း တစ်ဝက်) နှင့် နယ်ကာ ၁ နာရီခန်.နှပ်ထားပါ။

high heat နှင့် အပူပေးထားသည့် ဆီအများကြီးထည့်ထားသည့်အိုးထဲမှ ဆီများပူလာလျှင် နနွင်းမှုန်.(လက်ဖက်ရည်ဇွန်း တစ်ဝက်) နှင့် ငါးများကို တစ်တုံးချင်း(မကပ်စေရန်) ထည့်ပါ။ (ငါးများကို ကြပ်သိပ်အောင် မထည့်ပါနှင့်။အိုးသေးလျှင် ၂ အိုးခွဲကြော်ပေးပါ။)

ဆီမပေါက်အောင် ဇောက်နက်သောအိုးကိုသုံးပေးပါ။ (သို.) အောက်ပုံပါ ဇကာဖုံးကိုသုံးပါ။ ( ဇောက်နက်သော အိုးကို သုံးပါက ဆီများအပြင်ကို အရမ်းမစင်ထွက်တော့သောကြောင့် ဇကာကို သုံးစရာမလိုပါဘူး။ ဇကာပုံကိုပြချင်လို. ပုံမှာ ဖုံးပြထားခြင်းဖြစ်ပါတယ်။။)

ငါးကြော်နေချိန်တွင် ငါးများမကြေအောင် တစ်ဖက်က အတော်လေးကျက် မှ နောက်တစ်ဖက်ကို လှန်ကြော်ပေးပါ။

ငါးများ အတော်လေးကြွပ်လာလျှင် ဆယ်ထုတ်ထားပါ။

အိုးထဲတွင် ဆီ (3/4 cup (180 ml))ခန့် ချန်ပြီး ကျန်ဆီများအားလုံးကို ခပ်ထုတ်ကာ ကြက်သွန်နီများကို ထည့်၍ high heat နှင့်မွှေကြော်ပေးပါ။

၆ မိနစ်ခန်.ကြာပြီး ကြက်သွန်နီများ အောက်ပါပုံအတိုင်း ရွှေဝါရောင် သန်းလာလျှင် မီးဖိုမီးကိုပိတ်ပြီး အရသာမှုန်.(လက်ဖက်ရည်ဇွန်း ၁ ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း ၁ ဇွန်း)၊ ပုဇွန်ခြောက်မှုန်. နှင့် ငရုတ်သီးမှုန်.တို. ကို ထည့်ကာ မွှေပေးပါ။ (အိုးကို မီးပိတ်ထားသည့် မီးဖိုပေါ်မှာပဲ ဆက်ထားပါ။)

အားလုံးနှံ.သွားလျှင် ငါးကြော်ထည့်ပြီး ခပ်မွမွမွှေကာ ရောပေးပါ။

ပြီးလျှင် ပန်းကန်ပြားတစ်ချပ်ထဲ ခပ်ထည့်ထားကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။ (အိုးထဲ ဆက်ထားလျှင် အပူလုံပြီး ကြက်သွန်နှင့် ငါးများပျော့သွား တတ်ပါတယ်။)

https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...