LinkedIn ကို ကျော်လွှားနိုင်မည့် Facebook at Work

သမန်းကျား

လုပ်ငန်းခွင် လုပ်ကိုင်နေသူများ အခြင်းခြင်း ကွန်ရက် ချိတ်ဆက်ပြီး စာရွက်စာတမ်းနှင့် အချက် အလက်များ မျှဝေနိုင်မည့် လုပ်ငန်းခွင် ကွန်ရက် တစ်ခု ကို Facebook က စတင်တည်ဆောက်နေပြီး Facebook at Work ဟု အမည် ပေးထားကြောင်း သိရသည်။

Facebook at Work သည် အမြင်အားဖြင့် လက်ရှိ လူမှုကွန်ရက် စာမျက်နှာနှင့် တူညီမည်ဖြစ်သော်လည်း အသုံးပြု သူများက ၄င်းတို့ ၏ လုပ်ငန်းခွင်သုံး စာရွက်စာတမ်းနှင့် အချက်အလက်များကို သီးခြားစီ ထား ရှိနိုင်မည်ဖြစ်သည့် အပြင် လုပ်ဖော်ကိုင်ဖက်အခြင်းခြင်း ချက်တင်ပြောဆိုခြင်း၊ စာရွက်စာတမ်းမျှဝေခြင်း အစရှိသည့် ရုံးတွင်းလုပ်ငန်း များကို ဆောင်ရွက်ပြုလုပ်နိုင် မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် စာရွက်စာတမ်းနှင့်ဒေတာများကို သီးခြားသိမ်းဆည်းခြင်း၊ ဖြန့် ဝေခြင်းတို့ ပြုလုပ်ရာတွင် Google Drive, Microsoft Office နှင့် LinkedIn တို့ ကို လူသုံးများလျက်ရှိရာဝယ် လက်ရှိ Facebook စာမျက်နှာများတွင် တွဲဖက်အသုံးပြုသွားနိုင်မည်ဖြစ်ပြီး ပို၍အဆင်ပြေလွယ်ကူမည့် Facebook at Work က ပို၍ရေပန်းစားသွားမည်ဟု ခန့် မှန်းနေကြကြောင်း သိရသည်။

လက်ရှိတွင် LinkedIn သည် အအောင်မြင်ဆုံး လုပ်ငန်းခွင်သုံး ကွန်ရက်ဖြစ်ပြီး နိုင်ငံပေါင်း ၂၀၀ မှ လူ ၃၃၂ သန်း ခန့် က နေ့ စဉ်အသုံးပြုနေကြရာဝယ် Facebook ကို ကမ္ဘာတ၀န်းမှ သုံးစွဲနေသူဦးရေမှာ ၁ ဒသမ ၃၅ ဘီလီယံခန့်  ရှိသည်။ သို့ သော် Facebook ကို အပျော်တမ်းသုံး လူမှုကွန်ရက်အဖြစ်သာ လက်ခံထားကြပြီး ကုမ္ပဏီနှင့်ရုံးအများစု တွင် Facebook အသုံးပြုခွင့်ကို ပိတ်ပင်ထားကြောင်း သိရသည်။

Facebook at Work ထွက်ပေါ်လာလျင်မူ ကုမ္ပဏီနှင့် ရုံးများကလည်း လက်ခံအသုံးပြုလာဖွယ် ရှိသည့် အတွက် Facebook အသုံးပြုသူ ဦးရေမှာလည်း အဆပေါင်းများစွာ မြင့်တက်လာဖွယ် ရှိသည်။ Facebook at Work က ကုမ္ပဏီနဲ့ ရုံးတွေအတွက် အသုံးတည့်မှာပါ။

တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်ရာမှာ ပိုပြီးလွယ်ကူမြန်ဆန် လာမယ် ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် အလုပ်ပြီးစီးမှုနှုန်း တိုးတက် လာမယ်တော့ မထင်ပါဘူးဟု Cass Business School မှ ပါမောက္ခ အင်ဒါစပိုင်ဆာ က ပြောသည်။

အချို့ ကလည်း Facebook at Work ကို အသုံးပြုလျင် ၀န်ထမ်းများသည် တစ်ဦးနှင့်တစ်ဦး အလ္လာပ သလ္လာပ ပြောဆိုခြင်း၊ Selfie ဓါတ်ပုံများ တင်ခြင်း၊ အခြားသူများ၏ Wall Post များကို ဖတ်ရှုခြင်း၊ အတင်း အဖျင်းများကို ဖြန့် ခြင်းတို့ တွင်သာ အချိန်ကုန်နေ ကြမည်ကို စိုးရိမ်နေကြသည့် အတွက် Facebook at Work ၏ ထိုးဖောက် နိုင်စွမ်းကို စောင့်ကြည့် ရအုံးမည်ဖြစ်ကြောင်း သိရသည်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...