Microsoft ၏ Headset က မျက်မမြင်များကို လမ်းညွှန်ပေးနိုင်

Microsoft က လန်ဒန်တွင် ကျင်းပသော Future Decoded Event တွင် မျက်မမြင်များကို လမ်း ညွှန်ပေးနိုင်သော Headset ကို သရုပ်ပြသလိုက် ပါသည်။

လမ်းညွှန်မှုများကို Headset မှ အသံဖြင့် ပြောပြပေး မည် ဖြစ်သည်။ ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများကို လည်း အချိန်နှင့် တစ်ပြေးညီ သိရှိနိုင် ပါသည်။ Headset တွင် Accelerometer နှင့် GPS ပါ သဖြင့် ရောက် ရှိနေသော တည်နေရာ သာမက မည်သည့်အရပ်သို့ ဦးလှည့် ထားသည်ကို သိနိုင်ပါသည်။ အဆိုပါ စနစ်တွင် Headset သာမက စမတ်ဖုန်း App တစ်ခုကို တွဲဖက် အသုံးပြုရမည် ဖြစ်သည်။

App က Bing Map မှ သတင်းအချက်အလက်များကို ရယူ၍ လမ်းညွှန်ပေးမည် ဖြစ်သည်။ ထို့အတွက် မျက်မမြင်များ ကမ္ဘာအနှံ့ ခြေဆန့်နိုင်ရန် ကူညီပေးနိုင်ပါသည်။ Microsoft က အဆိုပါ စီမံကိန်းကို Cities Unlocked ဟု အမည်ပေးထားပါသည်။ မျက်မမြင်များအတွက် မြို့များစွာကို သွားရောက်နိုင်ပြီ ဆိုသည့် အဓိပ္ပါယ် ဖြစ်ပါသည်။

http://wp.me/p53MHN-gc

Myanmar Digital Life Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...