MPT သုံးစွဲ သူများအား ၀န်ဆောင်မှု အသစ်များ ချပေးမည်ဟု ဆို

ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းဖုန်း အသုံးပြုသူများ ရွေးချယ်ခွင့် ရရှိစေမည့် ၀န်ဆောင်မှု ပုံစံသစ်များကို မကြာမီ ချထားပေး မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

‘‘လူတော်တော် များများက တော့ ဈေးလျှော့ပေး မယ်ဆိုတာ ပဲ ပြောနေကြတယ်။ ဈေးလျှော့ပေး တာထက် သုံးစွဲသူတွေကို ရွေးချယ်ခွင့် ရစေမယ့် Plan အသစ်တွေ ချပေး သွားမယ်ဆိုရင် ပိုမှန်မယ်။ မကြာခင်မှာ စပြီးပေးသွား မှာပါ’’ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက ပြောကြား သည်။

လက်ရှိတွင် မိုဘိုင်းအသုံးပြု သူများကြား၌ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းသည် ဒီဇင်ဘာမှစ ၍ ဖုန်းခေါ်ဆို ခနှုန်းထားများ လျှော့ချပေးသွားမည်ဟု သတင်း များထွက်ပေါ်နေသော်လည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက အတည်ပြုခြင်းမရှိဘဲ ရွေးချယ်စရာPlan အသစ်များကိုသာ ချပေး သွားမည်ဖြစ်ကြောင်း ပြန် လည် ဖြေကြားခဲ့သည်။

‘‘လက်ရှိ တခြားအော်ပရေ တာတွေ ပေးနေသလိုမျိုး Plan တွေနဲ့ ၀န်ဆောင်မှုပုံစံတွေ ချပေးသွားမှာပါ။ အရင်ကလို ၀န်ဆောင်မှုက ပုံသေကြီးမဟုတ်တော့ပါဘူး။ Plan တွေအများကြီးစီစဉ်ထားပါတယ်။ ဘာတွေပါမလဲဆိုတာကိုတော့ တရားဝင်ထုတ်ပြန်ပေးသွားမှာပါ’’ဟု ဦးမြင့်သိန်းထွန်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် လက်ရှိတွင် ဖုန်း ခေါ်ဆိုခမှာ တစ်မိနစ်လျှင် ၅၀ ကျပ်နှင့် SMS တစ်စောင်လျှင်၁၅ ကျပ်နှုန်းဖြင့် ကောက်ခံလျက် ရှိပြီး အသစ်ချပေးသွားမည့် Planအသစ်များတွင် အဆိုပါဝန် ဆောင်မှုပုံစံမှာ ပြောင်းလဲသွားနိုင်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းသည် လက်ရှိအချိန်အထိ ဆင်းမ်ကတ်ပေါင်း ၁၁ သန်းကျော်ရောင်းချပေး ထားသည်။

7Day Daily
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...