ကမ္ဘာပေါ်တွင် အင်တာနက် မရသော Notspot လုံးဝ ပပျောက်စေရမည်ဟု Space-X ဆို

သမန်းကျား၊ ရတနာပုံ သတင်းစာ

နာဆာအတွက် အာကာသ ခရီးသွား လုပ်ငန်းကို အကောင် အထည်ဖော် ဆောင်ရွက်ပေးမည့် Space-X သည် World VU ဂြိုလ်တု ထုတ်လုပ်ရေး ကုမ္ပဏီနှင့် ပူးပေါင်းကာ အင်တာနက်ဂြိုလ်တု ငယ်ပေါင်း ထောင်ပေါင်း များစွာကို လွတ်တင် ကာ ကမ္ဘာပေါ်တွင် အင်တာနက် ကွန်ရက် မရှိသော Notspot လုံးဝ ပပျောက်သွားအောင် ရည်ရွယ် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

အင်တာနက်ကို ငွေကြေးချမ်းသာပြီး အခြေခံအုတ်မြစ် ပြည့်စုံတဲ့နိုင်ငံတွေကပဲ အသုံးပြုခွင့် ရနေတော့ မတရားပါဘူး။ ဒါကြောင့် အင်တာနက်ကို ကမ္ဘာရဲ့ ဘယ်လိုထောင့်၊ ဘယ်လိုနေရာက မဆို အသုံးပြု သွားနိုင်အောင် ISP ဂြိုလ်တုတွေ ကို အာကာသထဲ လွတ်တင်ပါမယ်ဟု Elon ကပြောသည်။

ဒီဂြိုလ်တုတွေဟာ ကမ္ဘာ့အသေးဆုံးဂြိုလ်တုတွေဖြစ်မှာပါ။ အလုံးရေအနေနဲ့ လည်း အများဆုံးဖြစ်မှာပါ။ ကျွန်တော်တို့ က ပထမတစ်သုတ်မှာကို ဒီလိုဂြိုလ်တုပေါင်း ၇၅၀ လောက်လွတ်တင်မှာဖြစ် ပါတယ်။ ဂြိုလ်တု တစ်ခုစီက Cover လုပ် နိုင်တဲ့ Bandwidth မဆုံးခင်မှာ နောက်ထပ်ဂြိုလ်တု တစ်လုံး ရှိပါမယ်။ ဒီလိုနဲ့  ကွန်ရက်အဆက်မပြတ်အောင် လုပ်သွားမှာပါဟု World VU ကုမ္ပဏီတည်ထောင်သူ Greg Wyler ကပြော သည်။

World VU ၏ အင်တာနက်ဂြိုလ်တုတစ်လုံးသည် ပေါင် ၂၅၀ ခန့် သာအလေးချိန်ရှိရာ လက်ရှိ အသုံးပြုနေသော ဆက်သွယ်ရေးဂြိုလ်တုများ၏ ထက်ဝက်ခန့် သာရှိသည်။ ဤဂြိုလ်တုမျိုး အမြောက်အများ ထုတ်လုပ်နိုင်ရန် Elon နှင့် Greg တို့ က တွဲဖက်လုပ်ကိုင်လိုသူများကို ဖိတ်ခေါ်နေပြီး အမေရိကန် ပြည်ထောင်စုအတွင်း ဖလော်ရီဒါနှင့် ကော်လို ရာဒို ပြည်နယ်များတွင် စက်ရုံများဖွင့်လှစ် တပ်ဆင်ထုတ်လုပ်သွားနိုင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

Greg သည် ယခင်ကလည်း ဤအင်တာနက်ဂြိုလ်တု စီမံကိန်းကို Google နှင့် တွဲဖက်လုပ်ဆောင်ရန် ရည်ရွယ် တွေ့ ဆုံခဲ့သော်လည်း Google အနေနှင့် World VU ၏ နည်းပညာကို ယုံကြည်လက်ခံခြင်း မရှိခဲ့ပေ။ ယခု Elon နှင့် တွေ့ ဆုံလိုက်ခြင်းသည် Greg ၏ အိပ်မက်အကောင်အထည်ပေါ်မည့် လက္ခဏာဖြစ်လာ သကဲ့သို့  ကမ္ဘာပေါ်တွင် အင်တာနက်အသုံးမပြုနိုင်သေးသည့် နိုင်ငံများအတွက်လည်း ကာလရှည်ကြာမက်ခဲ့ရသည့် အိပ်မက်ကို လက်တွေ့  ခံစားရတော့မည့် အခြေအနေအဖြစ် ကြားသိရ သူများက ၀မ်းမြောက်နေကြောင်း သိရသည်။

Space-X ၏ အမှုဆောင်အရာရှိ Elon Musk သည် အာကာသခရီးသွား လုပ်ငန်းတွင် အသုံးပြုသွားမည့် အာကာသ လေယာဉ်တစ်စီးကို မကြာသေးမှီက ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းစဉ် မှာပင် ပေါက် ကွဲပျက်စီးသွားခဲ့သော်လည်း အာကာသခရီးသွား လုပ်ငန်းနှင့် လူသားဖွံ့ ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မည်ဟု ပြောထားခဲ့ရာ ယခုအခါ မိမိသည် အပြောနှင့် အလုပ် ညီသူဖြစ်ကြောင်း လက်တွေ့ ပြသလိုက်ခြင်းပင်ဟု သုံးသပ်နေကြကြောင်း သိရသည်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...