ကြောင်များမှ အဓိကဖြစ်ပွားသောToxoplasmosis ရောဂါအကြောင်း သိကောင်းစရာ

Toxoplasmosis ဆိုတာ ဘာလဲ။...

Toxoplasmosis ဆိုသည်မှာ Toxoplasma gondii ဟုခေါ်သော အနုကြည့် မှန်ပြောင်းဖြင့် ကြည့်မှ သာမြင်ရသည့် ကပ်ပါးကောင်မှ ကူးစက်သော ရောဂါ တစ်မျိုး ဖြစ်ပါသည်။ ထိုရောဂါ သည် ကိုယ်ခံအား ကောင်းသူများအတွက် သက်ရောက်မှု အားနည်းသော်လည်း ခုခံအား နည်းသော ကိုယ်ဝန်ဆောင် မိခင်များ အတွက်မူ အန္တာရာယ် အလွန်ကြီးမားပါသည်။ အဘယ်ကြောင့် ဆိုသော် သန္ဓေသားလောင်းနှင့် မိခင်၏အချင်း ကိုများစွာ ထိခိုက်စေနိုင် သောကြောင့်ဖြစ်သည်။ သုသေသန စာတမ်းတွေအရ လူ ၁၀၀၀ တွင် ၁ယောက်နှုန်း ထိုရောဂါကို ကူးစက်ခံရပြီး မွေးဖွားလာကြပါသည်။ ထိုရောဂါ ကူးစက်မှုဟာ သေးငယ်နိုင် သလို ပြင်းထန်စွာ သက်ရောက်ပြီး သန္ဓေသားလောင်း အသေမွေးဖွားမှု အထိပင်ပြင်းထန်နိုင်သည်။ ကူးစက်မှုတွေကြောင့် ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုတွေအပြင် အာရုံကြောဆိုင်ရာ ပျက်စီးမှုတွေ ဖြစ်ပွားစေနိုင် တဲ့ အထိ အန္တာရာယ် များပါတယ်။ သတင်းကောင်း အနေကတော့ ထိုရောဂါကူးစက်မှု မဖြစ်ပွားစေရန် အချိန်မှီ ရှောင်ရှားနိုင်တဲ့ နည်းလမ်းများစွာ ရှိပါသည်။

Toxoplasmosis ဖြစ်နိုင်ချေ နှင့် ကလေးကို ကူးစက်နိုင်ချေများ

သုသေသနတွေအရ ကိုယ်ဝန်ဆောင်မိခင်များ၏ ၁၅% သာထိုရောဂါကူးစက်မှုကို ခုခံနိုင်အားရှိကြသည်။ ကိုယ်ဝန်စဆောင်ချိန်ပထမ ၃လအတွင်း မိခင်အား ထိုရောဂါကူးစက်ပါက ကလေးထံကူးစက်နို်င်ချေ ၁၅% သာရှိသည်။ ဒုတိယ ၃လ အတွင်း ကူးစက်ပါက ကလေးအားကူးစက်နိုင်ချေ ၃၀% နှင့် တတိယ ၃လ အတွင်းဖြစ်ပွားပါက ကလေးအား ကူးစက်နိုင်ချေ ၆၀% အထိ ရှိသည်။ ကိုယ်ဝန် စတင်ချိန်တွင် ကူးစက်နိုင်ချေ နည်းပါးသော်လည်း ကူးစက်ပါက ကလေးအပေါ် သက်ရောက်မှုကတော့ ကိုယ်ဝန်ရင့်ချိန် ထက်များစွာပိုမို ပြင်းထန်ပါသည်။ ကိုယ်ဝန်မဆောင်မှီ ထိုရောဂါဖြစ်ပွားဖူးပါက အနည်းဆုံးအချိန် ၆လ ခြားပြီးမှသာ ကိုယ်ဝန်ဆောင်သင့်သည်။

Toxoplasmosis ရောဂါပိုး ဘယ်လို ပြန့်ပွားနေသလဲ

ကျွမ်းကျင်သူတွေရဲ့ လေ့လာတွေ့ ရှိချက်တွေအရ ထိုရောဂါဖြစ်ပွားနှုန်း၏ ၅၀% ဟာ အသားစိမ်း၊ ငါးစိမ်း များနှင့် ကျက်အောင်ချက်ပြုတ် ထားခြင်းမရှိသောအသားများမှဖြစ်ပြီး ကျန်၅၀%ကတော့ သန့်ရှင်းအောင် ဆေးကြော ထားခြင်း မရှိသော အစားအသောက်၊ ညစ်ညမ်းသောရေကို သောက်သုံးခြင်း၊ ရောဂါပိုးများ ပေါက်ဖွားနေသောမြေကြီးများ၊ ကြောင်များ၏ အညစ်အကြေးများကို ကိုင်တွယ်သော လက်များဖြင့် နှာခေါင်း၊ မျက်စိ၊ ပါးစပ်များကို ထိတွေ့ ခြင်း တို့ ကြောင့်ဖြစ်ပါသည်။ ထိုရောဂါသည် လူအချင်းချင်း ကူးစက်ရောဂါ မဟုတ်သော်လည်း မိခင်မှတဆင့် သန္ဓေသားလောင်းကိုမူ ကူးစက်စေနိုင်ပါသည်။ သွေးသွင်းခြင်း နှင့် ကိုယ်အင်္ဂါ အစားထိုးကုသခြင်း များမှ လည်း ကူးစက်စေနိုင်ပါသည်။

မိမိအအနီးနားမှ ကြောင်များကို ဖယ်ရှား သင့်ပါသလား

မလိုအပ်ပါဘူး။ ထိုရောဂါ၏ အရင်းအမြစ်ဟာ ကြောင်များ၏ အညစ်အကြေးများမှ စတင်ဖြစ် ပွားသော် လည်း ကြောင်များကိုဖယ်ရှားပစ်ဖို့ အထိတော့ မလိုအပ်ပါဘူး။ ဒါပေမယ့် ပူးပူးကပ်ကပ်နေခြင်းမျိုး နှင့် ကူးစပ်နိုင်ချေတွေကို လေ့လာပြီးတော့ အထူးဂရုပြုနေထိုင် သင့်ပါသည်။ အထူးသဖြင့် ကြွက်များ၊ သားစိမ်း ငါးစိမ်းများကို စားသုံးသော နို့ပျက်နို့စိမ်းများ သောက်သုံးသော ကြောင်များကိုရောဂါပိုး လွယ်ကူစွာ ကူးစက်စေနိုင်သည်။ ကြောင်များဟာ ထိုရောဂါပိုးမွားတွေကို အဓိကသယ်ဆောင်ပြီး ထိုရောဂါပိုးမွား များဟာလည်း ကြောင်များ၏ အူအတွင်းတွင် ထပ်မံပေါက်ဖွားကြပါသည်။ ထို့ကြောင့် ထိုကပ်ပါးပိုးများ သည် ကြောင်၏ အညစ်အကြေးများတွင် များစွာရောက် ရှိနေခြင်းဖြစ်သည်။ ထို Toxoplasma gondii ကပ်ပါးကောင်များသည် ကြောင်များ၏ အညစ်အကြေး များနှင့်မြေကြီးများတွင် ၁၈လ အထိကောင်းစွာ အသက်ရှင်နေနိုင်သည်။ ထိုကာလအတွင်း Toxoplasma gondii ကပ်ပါးကောင်များသည် ရေများကို ညစ်ညမ်းစေနိုင်သလို အသီးအရွက်များကိုလည်းကူးစက်စေပြီး ထိုမှတဆင့်လူများကို ကူးစက်စေနိုင်ပါ သည်။

ကြောင်၏ ကူးစက်မှု့ မှ ဘယ်လိုရှောင်ရှားရမလဲ

ကြောင်၏အညစ်အကြေးများကို အခြားသူတစ်ဦးဦးမှ ကူးစက်မှုမရှိစေနိုင်သော အကာအကွယ်များ ၀တ်ဆင်ပြီး သန့်ရှင်းအောင်ပြုလုပ်ပါ။ မိမိကိုယ်တိုင်ပြုလုပ် ရပါကလည်း ရောဂါပိုး မကူးစက်စေရန် လက်အိတ်၊ နှာခေါင်းစည်း များဝတ်ဆင်ပြီး ကိုင်တွယ်ပါ။ လက်ကိုသေချာစွာ ဆေးကြောပါ။ ကြောင် များအားလည်း အသားစိမ်း ငါးစိမ်းအစား ကောင်းမွန်ပြီးသန့်ရှင်းသော အသင့်စားအစာခြောက် များကြွေး ပါ။ ကြောင်များအားကြွက်များ ငှက်များကို ဖမ်းခြင်းမပြုလုပ်နိုင်ရန် ထားပါ။ အိမ်အတွင်း ကြွက်များ မရာက်ရှိ လာအောင်လည်း ဂရုစိုက်ပါ။ ကြောင်လေကြောင်လွင့်များကို လုံးဝမကိုင်တွယ်ပါနှင့်။ မိမိအိမ် အတွင်းမှ ကြောင်များကိုလည်း တခြားအပြင်မှကြောင်များဖြင့် ရောနှောခြင်း မရှိလေအောင် သီးသီး သန့်သန့် ထားပါ။ ကြောင်များကို ကိုင်တွယ်ပြီးတိုင်းလည်း လက်ကို ဆပ်ပြာဖြင့် သေချာစွာဆေးကြောပါ။

အစားအသောက်များမှ ကူးစက်နိုင်ချေ

အသားအချို့ မှာလည်း ထိုရောဂါများ တွယ်ကပ်နေနိုင်သောကြောင့် ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးနို့ တိုက် ချိန်အတွင်း အသားကင်များ နှင့် ကျက်အောင်ချက်ပြုတ်ထားခြင်းမရှိသော အသားငါးများ စားခြင်းကို လုံးဝရှောင်ကျင် ရပါမည်။ အသီးအရွက်များ စားသုံးပါကလည်း သန့်စင်အောင်ဆေးကြောပြီးမှ အခွံ့ များ လွှာပြီး စားသုံးသင့်သည်။

Toxoplasmosis ရောဂါ ကူးစက်ခံနေ ရပြီလားဆိုတာ ဘယ်လိုသိနိုင်သလဲ

ဆေးစစ်ခြင်းများ မပြုလုပ်ဘဲနှင့်တော့ ဘယ်လိုမှ မသိရှိနိုင်ပါဘူး။ ကျန်းမာပြီး ခုခံအားကောင်သော မိခင်လောင်း အများစုမှာတော့ဘယ်လို ရောဂါလက္ခဏာမှ မပြတတ်ပါဘူး။ ရောဂါကို သိစေနိုင်တဲ့ လက္ခဏာ အချို့ ကတော့ ကြွက်သားနာကျင်ခြင်း၊ အားအင် ကုန်ခမ်းနေသကဲ့သို့ အမြဲခံစားနေ ရခြင်း၊ ခေါင်း ကိုက်ခြင်း၊ လည်းချောင်းနာခြင်း၊ အရေပြားယားယံခြင်း၊ ဖျားနာခြင်းတို့ ဖြစ်ပါသည်။ သန္ဓေသားလောင်း အပေါ် ကူးစက်ခြင်းကိုတော့ Ultrasound ရိုက်ခြင်းမှတဆင့် ကလေးငယ်၏ ပုံမှန်မဟုတ်ခြင်းများကို အခြေခံပြီး သိရှိစေနိုင်ပါသည်။

မိခင်အား Toxoplasmosis ရောဂါ ကူးစက်ခံရပါက ဘယ်လိုဖြစ်မှာလဲ

မိခင်အားထိုရောဂါ ကူးစက်နေပါက ဆရာဝန်များမှ ကလေးငယ်အား ကူးစက်မှု မရှိစေရန် နှင့် သက်ရောက်မှု အနည်းဆုံးဖြစ်စေရန် ပိုးသတ်စေးများ သောက်သုံးစေခြင်းဖြင့် အထိရောက်ဆုံး ကုသပေးနိုင်ပါတယ်။

ကလေးငယ်အား Toxoplasmosis ရောဂါ ကူးစက်ခံရပါက ဘယ်လိုဖြစ်မှာလဲ

သန္ဓေသားလောင်းအပေါ် ကူးစက်မှုပြင်းထန်ပါက ကလေး၏ ဦးနှောက်အာရုံကြောနှင့် ကိုယ်ခန္ဓာ အစိတ် အပိုင်းများချို့ ယွင်းနိုင်ခြင်း၊ ကလေးပျက်ကျခြင်း၊ ကလေးအသေမွေးဖွားခြင်း၊ မွေးဖွားပြီး မကြာခင် တွင် သေဆုံးခြင်းအထိ ပင်ပြင်းထန်နိုင်သည်။ ကိုယ်ဝန်ရင့်ချိန်တွင် ကူးစက်ခံရပါက မွေးဖွားလာချိန်တွင် သာမာန်ကလေးများ ကဲ့သို့ပင်ဖြစ်လင့်ကစား အသက်အရွယ်ကြီးမြင့် လာသည်နှင့်အမျှရောဂါလက္ခဏာ ခံစားနိုင်သောကြောင့် အမြဲစစ်ဆေးကုသ ပေးသင့်သည်။

ထို့ကြောင့် မိခင်များအနေဖြင့် ကြောက်စရာကောင်းလှသော Toxoplasmosis ရောဂါကူးစက်မခံရစေရန် အထူးဂရုပြု နေထိုင်သွားစေလိုကြောင်း တိုက်တွန်းပေး လိုက်ပါသည်။


Happy Mom Pregnancy Pillow
https://www.facebook.com/redhotcompany
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...