Vegetarianism သက်သတ်လွတ် နှင့် ကျန်းမာရေး

1. သက်သက်လွတ် စားခြင်းသည် ဘုရား အလိုတော်ကျ ဟုတ်-မဟုတ်။ “အကြောင်း အကျိုး အကောင်း အဆိုးကို မသိတတ်တဲ့ လူမိုက်ဟာ နိဗ္ဗာန်ရဖို့ ရည်ရွယ်ပြီး အစားမစားပဲ ကျင့်သည်ဖြစ်စေ၊ သမန်းမြတ်များနှင့် တလမှ တစ်ကြိမ် တို့စားပြီး ကျင့်သည်ဖြစ်စေ၊ သိအပ်သော တရားကို သိတဲ့ ပုဂ္ဂိုလ်တို့ရဲ့အကျင့်ကို (၁၆) စိတ်ပြီး တစိတ်မျှပင် မမှီနိုင်ဘူး” လို့ဆိုပြီး ဓမ္မပဒမှာလာ ပါတယ်။” (နန္ဒမာလာ)
2. အစားအသောက် စားရင် သက်သတ်လွတ် အသီးအနှံချည်းပဲ စားတာ လူအတွက် ကောင်းပါသလားဆရာ။ အဲလိုစားရင် အာဟာရဓါတ်တွေ ဘာတွေ များ ချို့ယွင်းနိုင်ပါသလဲဆရာ။

ဆရာဝန်တွေကတော့ သက်သတ်လွတ် စားပါလို့ မတိုက်တွန်းပါ။ အာဟာရ အကြောင်းရေးထားတာကို ပို့လိုက်တယ်။ လူတွေ ဘယ်ဓါတ်တွေ ဘယ်လောက်လိုသလဲ၊ ဘယ်အစာတွေကရသလဲ ဆိုတာတွေတွေ့ မှာပါ။ ဒီဓါတ်တွေ ဘယ်ကနေရရ ပြည့်ဝ မျှတဘို့သာ ဆရာဝန်တွေက တိုက်တွန်းပါတယ်။ သိထားဘို့က လူတွေဟာ အစုံစားသက်ရှိဖြစ်တယ်။ မိဘဘိုးဘွား အစုံစားသူတွေကနေ မွေးလာသူတွေရဲ့ ပင်ကိုယ်ဟာ အစုံလိုတယ်။ အသားထဲကသာ ရတာတိုင်းကိုတော့ အသားမစားသူတွေ မရနိုင်ပါ။ အားဆေးဆိုတိုင်းလဲ အစားအစာ လောက်မပြည့်စုံပါ၊ မကောင်းလှပါ။

သက်သတ်လွတ် စားတာမှာ ကျန်းမာရေးဒေါင့်ကကြည့်ရင် အကျိုးတွေရော စိုးရိမ်စရာတွေ ပါရှိတယ်။ သုတေသန အဖြေတွေအရ အဝလွန်သူ နည်းတယ်၊ နှလုံး-သွေးကြောရောဂါ နည်းတယ်။ သွေး တိုးကြောင့် သေဆုံးရတာ နည်းတယ်လို့ သိရတယ်။ (ကယ်လိုရီ) အဆီကနေရတာ နည်းတယ်။ (ဖိုက်ဘာ) ပိုရမယ်။ ပိုတက်ဆီယမ် နဲ့ ဗီတာမင် (စီ)။ (အီး) တွေရမယ်။ ကျယ်ပြန့်တဲ့ လေ့လာမှုတခု အရ နှလုံးသွေးကြော ကျဉ်းလို့ သေဆုံးရသူ ယောက်ျား ၃ဝ% နဲ့ မိန်းမ ၂ဝ% ပိုနည်းတယ်။ ဒါဟာ Saturated fat, Cholesterol and Animal protein အဆီဓါတ်တွေနည်းလို့ဖြစ်တယ်။

အားနည်းမှာတွေကတော့ -
• Fatty acids ဖက်တီး-အက်စစ် Omega 3 (အိုမီဂါ-၃) ကို Olive oil, soy, walnuts, pumpkin seeds, canola oil, kiwifruit, hempseed, algae, chia seed, flaxseed, echium seed, lettuce, spinach, cabbage နဲ့ purslane တွေကရမယ်။ ပဲပုတ်စားပါ။ အစေ့အဆံစားပါ။
• Protein intake (ပရိုတင်း) နည်းနည်းလေး နည်းတယ်။ အားကစားသမားတွေဆိုရင် သိပ်မဆင်မပြေဘူး။ စုံအောင်စားသူ ဆိုရင်တော့ နည်းတာ မတွေ့ဘူးလို့ နိုင်ငံစုံက လေ့လာမှုတွေက ဆိုတယ်။
• Iron သံဓါတ်ပါဝင်မှုမှာ အလေးချိန်အရ အတူတူပဲပါတယ်။ ဒါပေမဲ့ လက်တွေ့အသုံးချဘို့ အစွမ်းမှာတော့ နည်းတဲ့အမျိုးအစားဖြစ်နေတယ်။ မဲနက်၊ ပဲအမျိုးမျိုး၊ မုန်လာပွင့်စိမ်း၊ မုန်လာထုပ်၊ မုန်လာဖြူ၊ သီဟိုစေ့၊ နတ်တော်ပဲ၊ ပဲပုပ်၊ ဟင်းနုနွယ်၊ စတာတွေမှာ သံဓါတ်ပါတယ်။ ပဲအမျိုးမျိုးစားပါ။
• Vitamin B12 ဗီတာမင် ဘီ (၁၂) ဆိုတာ အသီးအနှံကရတာ မဟုတ်ပါ။ ဘီ ၁၂ ကို ကိုယ်ကလိုတာ နည်းနည်းလေးပေမဲ့ ချို့တဲ့ရင် ဆိုးတာတွေဖြစ်စေနိုင်တယ်။ အာရုံကြော အားနည်းစေမယ်။ ကိုယ်ဝန်ဆောင်မှာ နည်းရင် အထဲကကလေးကို ထိခိုက်မယ်။ ဝ-၆ လ ကလေး = 0.4 mcg (မိုက်ခရိုဂရမ်)၊ ၉-၁၃ ကလေး = 1.8 mcg (မိုက်ခရိုဂရမ်)၊ ၁၄ နှစ်သား = 2.4 mcg (မိုက်ခရိုဂရမ်)၊ နို့တိုက်မိခင် = 2.8 mcg (မိုက်ခရိုဂရမ်)။
• ကယ်လ်စီယမ်ကို အသားစာသူတွေနဲ့ အတူရနိုင်ပါတယ်။ တချို့မှာတော့ ကိုယ်ထဲဓါတ်ပြုမှု အားနည်း တာတွေ့ရတယ်။ နွားနို့ပါ သောက်သူတွေဆိုရင် ကောင်းမယ်။ မုန်လာပွင့်စိမ်း၊ ပဲသီး၊ ပဲစို၊ ပဲနီလေး၊ မုန်လာထုပ်၊ မုန်လာဖြူ၊ ဟင်းနုနွယ်တွေမှာ ကယ်လ်စီယမ် ပါတယ်။ စိမ်းတဲ့အသီးအရွက် အမယ်စုံအောင် စားပါ။

လူတွေဟာ အကောင်တွေလိုပဲ၊ စားတဲ့အစာအပေါ်မူတည်ပြီး ရုပ်ရော စိတ်ကိုပါ မတူကြပါ။ ဘာသာရေး အရ အသားရှောင်ရင် ဘာသာရေးအကျိုး ရပါလိမ့်မယ်။ လူတိုင်းဟာ ဘယ်ဟာကို ဦးစားပေးမလဲဆိုတဲ့ ဒွိဟကို ကြုံရပြီး၊ ကိုယ့်သဘောအရ ဆုံးဖြတ်လေ့ရှိကြပါတယ်။

ဟင်ဒူ ဘာသာဝင်တွေက ဗုဒ္ဓဘာသာဝင်တွေထက် ပိုပြီးအသား မစားကြပါ။ နွားနို့ကိုတော့ အတော်သောက် ကြတယ်။ ဒိထက် ပိုသူတွေက ကြက်ဥ စားတယ်။ နောက်တဆင့် သမားတွေက ငါး၊ ကြက်သားစားတယ်။ အမဲသား ကိုတော့ ရှောင်ကြတယ်။ အသက်သတ်လွတ် များတဲ့ ဟင်ဒူဘာသာ ဝင်တွေကလဲ သန်းထောင် ဂဏန်းရှိပြီး၊ အမဲသားကို ပင်မစားတဲ့ မွတ်ဆလင်တွေကလဲ သန်းထောင်နဲ့ ရှိကြတယ်။ ကျန်းမာရေးကနေဆိုရင် ဘယ်ဘာသာကိုမှ ခွဲမကြည့်ပါ။

- Nutrition Facts အမြစ်-အသဲ ခွဲသိရအောင် http://dts-medicaleducation.blogspot.in/2011/03/nutrition-facts.html
- Nutrition အာဟာရ http://dts-medicaleducation.blogspot.com/2009/12/nutrition.html
- Folic acid ဖေါလစ်-အက်စစ် http://dts-medicaleducation.blogspot.com/2011/11/folic-acid.html
- Calcium blood test (ကယ်လ်စီယမ်) စစ်ဆေးခြင်း http://dts-medicaleducation.blogspot.in/2013/02/calcium-blood-test.html
- Iodine ပင်လယ်နဲ့မနီး လည်ပင်းကြီး http://dts-medicaleducation.blogspot.com/2011/01/iodine.html
- Iron supplements သံဓါတ်အားဆေး http://dts-medicaleducation.blogspot.in/2013/01/iron-supplements.html
- Iron supplement and Liver diseases သံဓါတ်နဲ့ အသဲရောဂါ http://dts-medicaleducation.blogspot.com/2011/11/iron-supplement-and-liver-diseases.html
- Omega-3 (အိုမီဂါ သရီး) ဘာလို့ နာမည်ကြီး http://dts-medicaleducation.blogspot.com/2011/11/omega-3.html
- High Calorie Food (ကယ်လိုရီ) များတဲ့ အစားအစာများ http://dts-medicaleducation.blogspot.com/2010/07/high-calorie-food.html


ဒေါက်တာတင့်ဆွေ
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...