သင့်ရဲ့ Android ဖုန်းမှာ သုံးနေတဲ့ အင်တာနက် အမြန်နှုန်းကို တိုင်းတာပေးမယ့် apps (သို့မဟုတ်) Internet Speed Meter

မိမိတို့ရဲ့ Android စမတ်ဖုန်းတွေ၊ Tablet တွေနဲ့ အင်တာနက် သုံးစွဲတဲ့အခါ WiFi နဲ့ပဲသုံးသုံး၊ Mobile data နဲ့ပဲသုံးသုံး အမြန်နှုန်း ဘယ်လောက်ရှိ သလဲ ဆိုတာကို ဖော်ပြပေးမယ့် Internet Speed Meter လေး က အင်တာနက် လိုင်းကောင်း မကောင်း သိလို သူတွေ အတွက် အဆင်ပြေမှာ ဖြစ်ပါတယ်။

ယခုနောက်ပိုင်း တယ်လီနောတို့၊ အော်ရီဒူးတို့က data plan နဲ့ မိုဘိုင်း အင်တာနက် သုံးစွဲ ရသောကြောင့် ကိုယ့်ရဲ့ အင်တာနက် အသုံးပြုမှု data ပမာဏ ကိုလည်း ဒီ apps ကဖော်ပြပေး မှာဖြစ်ပါ တယ်။

ရက်ပေါင်း ၃၀ အတွင်း စုစုပေါင်း data အသုံးပြုမှုပမာဏကို WiFi အတွက်ရော၊ Mobile data အတွက်ပါ ခွဲခြားပြီး တွက်ပြပေး မှာဖြစ် ပါတယ်။ အင်တာနက်သုံးတာနဲ့(WiFi ဖြစ်ဖြစ်၊ Mobile data ဖြစ်ဖြစ်) ဖုန်းရဲ့ထိပ်ဖက် Notification bar မှာ Speed ကိုဖော်ပြပေးနေမှာဖြစ်ပါတယ်။

အောက်ပါ Link မှာ install နိုင်ပါတယ်။

https://play.google.com/store/apps/details?id=com.internet.speed.meter.lite

Nyein Chan (Online Editor)
TechSpace Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...