မိုဘိုင်းဖုန်း အသုံးများသော လူငယ်တို့တွင် ဦးနှောက်ကင်ဆာ ဖြစ်ပွားနိုင်ခြေ များပြား

စင်ကာပူ၊

မိုဘိုင်းဖုန်း အသုံးပြုသော လူငယ်တို့တွင် ဦးနှောက် ကင်ဆာရောဂါ ဝေဒနာဖြစ် ပွားနိုင်သည် ဟုဆေး သုတေသန ပညာရှင်များ၏ လေ့လာတွေ့ရှိ ချက် အရ သိရသည်။

အဆိုပါ ဆေးသုတေသန ပညာရှင် များ၏ လေ့ လာတွေ့ရှိ ချက်တွင် မိုဘိုင်းဖုန်း၏ ရေဒီယို သတ္တိ ကြွခင်းသည် ကင်ဆာရောဂါနှင့် ဆက်စပ် နေလျက်ရှိကြောင်း သိရသည်။

ငယ်ရွယ်သော လူငယ်များ အနေဖြင့် မိမိ၏ မိုဘိုင်းဖုန်းကို အချိန်ကြာမြင့်စွာ အသုံးပြုပါက ဦးနှောက် ကင်ဆာရောဂါဝေဒနာ ခံစားရမည်ဟု ဆွီဒင်နိုင်ငံ ဆေးသုတေသန လေ့လာမှုအရ အတည်ပြုထားသည်။

စင်ကာပူနိုင်ငံ၏ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ အထူးတာဝန်ရှိသူ Wong Seng Weng ကလည်း အသက်၂ဝ အရွယ်အောက် လူငယ်များတွင် မိုဘိုင်းဖုန်းကို ပိုမို၍ အချိန်ကြာမြင့်စွာ အသုံးပြုပါက ဦးနှောက်နှင့် အာရုံကြောကိုထိခိုက် စေနိုင်သည် ဟုပြောကြား ခဲ့သည်။

မိုဘိုင်းဖုန်းကို အချိန်ကြာမြင့်စွာ သုံးစွဲသောအသက် ၂ဝ အောက် လူငယ်တို့၏ ဦးနှောက်မှာ မှတ်ဥာဏ် အားကို လျော့နည်းစေ မည်ဖြစ်ပြီး၎င်း တို့၏ ဦးနှောက် အာရုံကြောလေး များမှာ အလွန် တရာပါးလွှာလျက် ရှိကြောင်း သိရသည်။

အဆိုပါ မိုဘိုင်းဖုန်း၏ ရေဒီယို သတ္တိကြွဓာတ် သည် သုံးစွဲသော လူငယ်များ၏ ဦးနှောက်နှင့် အာရုံကြောကို အလွန်အန္တရာယ် ပေးနိုင်ခြင်းတို့ကြောင့် ဦးနှောက် ကင်ဆာရောဂါဝေဒနာ ဖြစ်ပွားစေနိုင် သည်ဟုမစ္စတာ Wong Seng Weng က ရှင်းလင်းပြောကြားခဲ့သည်။

Ref – CNA
‪TheYangonTimes‬
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...