ဒိန်ချဉ် သောက်ခြင်းက ဆီးချိုရောဂါ ဖြစ်နိုင်ချေကို လျှော့ချနိုင်

သမန်းကျား၊ ရတနာပုံ သတင်းစာ

အမေရိကန်နိုင်ငံ၏ ဟားဗတ်ပြည်သူ့ ကျန်းမာရေး ကျောင်းမှ သုတေသီတို့၏ လတ်တလော ရှာဖွေ တွေ့ရှိချက် နို့ချဉ်ကို နေ့စဉ် ၂၈ ဂရမ်ခန့် သောက်သုံး ပေးခြင်းက ဆီးချိုရောဂါ ဖြစ်နိုင်ချေကို လျော့ချ ပေးနိုင်ကြောင်း သိရသည်။

၂၈ ဂရမ်ဟု ဆိုရာမှာ အိုးငယ်တစ်လုံး၏ လေးပုံ တစ်ပုံခန့် ပမာဏဖြစ်ပြီး ၄င်းအချိန်အဆဖြင့် ဒိန်ချဉ်ကို နေ့စဉ် သောက်သုံးပေးပါက ဆီးချိုရောဂါဖြစ်နိုင်ခြေကို ၁၈ ရာခိုင်နှုန်းခန့် လျော့ချနိုင် မည်ဖြစ်ကြောင်း သိရသည်။

ဟားဗတ်ကျောင်းမှ သုတေသီတို့က အမျိုးသမီးနှင့် အမျိုးသားပေါင်း ၂၀၀၀၀၀ ဦးတို့ကို နှစ်ပေါင်း ၃၀ ခန့်လေ့ လာခဲ့ရာ ၄င်းတို့၏ နေ့စဉ် အစားအသောက် ပုံစံကိုလည်း အသေးစိပ် မှတ်သားခဲ့ကြသည်။ စမ်းသပ်ခံသူ များက အစတွင် ဆီးချိုရောဂါ မရှိသော်လည်း နှစ်သုံးဆယ်အတွင်း စမ်းသပ်ခံသူအနက် ၁၅၁၅၆ ဦးခန့်က ဆီးချိုရောဂါရှိလာသည်ကို တွေ့ရသည်။ ထို့ကြောင့် သုတေသီများက စမ်းသပ်ခံများ၏ စားသောက်ပုံ မှတ်တမ်းများကို ပြန်လည် လေ့လာခဲ့ရာ နို့ထွက်ပစ္စည်းစားသုံးသူများကို သတိထားမိခဲ့သည်။

၎င်းတို့အနက်နွားနို့ နှင့်ဒိန်ခဲ စားသုံးသူများတွင် သိသာသောပြောင်းလဲမှုများကို မတွေ့ခဲ့ရသော်လည်း ဒိန်ချဉ်သောက်သုံးသူများက ဆီးချိုရောဂါဖြစ်နိုင်ချေ လျော့နည်းနေသည်ကို တွေ့ရှိခဲ့ကြသည်။

အဆိုပါ သုတေသီတို့ လေ့လာခဲ့သည့် ဆီးချိုရောဂါ အမျိုးအစား(၂)သည် အ၀လွန်ခြင်းကြောင့် ဖြစ်တတ်ပြီး ၄င်းဆီးချိုအမျိုးအစားကို လူလတ်ပိုင်း အရွယ်များတွင် များစွာတွေ့ရကာ ဆီးချိုရောဂါ အမျိုးအစား(၂)ရှိသူများ က မျက်စိကွယ်ခြင်း၊ နှလုံးရောဂါဖြစ်ခြင်း နှင့် လေဖြတ်ခြင်းတို့ ဖြစ်နိုင်ကြောင်း သိရသည်။

အခြားလေ့လာချက် များတွင်လည်း ဒိန်ချဉ်၏ ကျန်းမာရေး အထောက်အကူပြုပုံ များကိုတွေ့ရှိ ခဲ့သည်။ ဒိန်ချဉ် တွင် ပါဝင်သော ဘက်တီးရီးယားများက ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်ကို ပုံမှန် အလုပ်လုပ်စေခြင်းနှင့် မိမိတို့၏ ၀မ်းဗိုက် အတွင်း အဆီကိုဖြစ်စေသော ဘက်တီးရီးယား များကိုလည်း သေစေနိုင်ကြောင်း သိရသည်။

ဆီးချိုရောဂါ အမျိုးအစား(၂)ကို ကာကွယ်နိုင်ရန် ခန္ဓာကိုယ် အလေးချိန် များစွာတိုးစေနိုင်သည့် အစား အသောက် များရှောင်ခြင်း၊ ကျန်းမာရေး အတွက် လှုပ်ရှားမှု တစ်မျိုးကို စွဲစွဲမြဲမြဲ လုပ်ဆောင်ခြင်း၊ အငန်ဓါတ်/ အချိုဓါတ် နှင့် အဆီနည်းသော အစားအစာများကို စားသုံးပေးနိုင်ပြီး မိမိတို့၏ နေ့စဉ်အစားအသောက် တွင်ဒိန်ချဉ်ကိုပုံမှန် ထည့်သွင်း စားသောက်ကာ ဆီးချိုရောဂါမှ ကာကွယ်ရာတွင် အထောက်အကူပြုနိုင်မည် ဖြစ်သည်။

နို့ချဉ်ကို သောက်သုံးပေးခြင်းဖြင့် ကျန်းမာရေးအတွက် များစွာသော အကျိုးကျေးဇူးများ ရရှိနိုင်မည့် အပြင် နို့ချဉ်က ဈေးနှုန်းလည်းချိုသာပြီး သက်ကြီးရွယ်အို အရွယ်များအတွက် ကောင်းမွန်သော ဓါတ်စာ တစ်မျိုးလည်းဖြစ်နိုင်ကြောင်း သိရသည်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...