လူသားတို့ ခြေဆန့်ရန် ဘာဖြစ်လို့ အင်္ဂါဂြိုဟ်ကို ရွေးချယ်သလဲ

အင်္ဂါဂြိုဟ်ပေါ်ကို ကျနော်တို့ လူသားတွေ ခြေချဖို့၊ နယ်ပယ်ချဲ့ထွင်ဖို့ ကြိုးစားနေကြ ပါပြီ။ ပြောင်းလဲ လာတဲ့ နည်းပညာ၊ လူသားတွေရဲ့ တီထွင်ကြံဆ မှုတွေဟာ မဖြစ်နိုင်သော အရာများကို ဖြစ်စေနိုင် ခဲ့ပါတယ်။ အင်္ဂါဂြိုဟ်ကို ခြေဆန့်ဖို့ ဘာဖြစ်လို့ ရွေး ချယ်သလဲ လို့မေးလျှင်တော့.. အဖြေကတော့ အချက်အလက် များစွာ ရှိပါတယ်။

၁။ ကမ္ဘာနှင့် တူသော အချက်များ ရှိသောကြောင့်..
...........................................................
အင်္ဂါဂြိုဟ်မှာ ရေ အရင်းအမြစ်တွေ ရှိနေနိုင်ပါတယ်။ မြေအောက်ထဲမှာ ဒါမှမဟုတ် ၀င်ရိုးစွန်း နေရာတွေ မှာ ရေခဲအဖြစ် တည်ရှိနေတာဖြစ်နိုင်ပါတယ်။ ရေ စီးဆင်းခဲ့တယ်ဆိုတဲ့ နေရာ၊ သင်္ကေတတွေကိုလည်း ရှာဖွေတွေ့ရှိထားပါတယ်။ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက ရေ တွေ ရှိခဲ့ဖူးပါတယ်။ အဲ့ဒီ့တော့ အင်္ဂါဂြိုဟ်မှာ အနည်းနဲ့အများတော့ ရေတွေ့ရှိနိုင်ပါတယ်။

အင်္ဂါဂြိုဟ်ရဲ့ တစ်ရက်ဟာ ၂၄.၅ နာရီ ကြာပါတယ်။ အရွယ်အစားကတော့ ကမ္ဘာရဲ့ သုံးပုံတစ်ပုံသာရှိပြီး ဆွဲငင်အား ၂.၇ ဆ ပိုမို ပေါ့ပါးပါတယ်။ အဲ့ဒီ့တော့ အာကာသယာဉ်တွေ အင်္ဂါဂြိုဟ်ကနေ ပြန်လည် ထွက်ခွာ ရင် စွမ်းအင်သိပ်များများမသုံးဘဲ ပြန်ထွက်နိုင်ပါတယ်။ အင်္ဂါဂြိုဟ်မှာ တည်ဆောက်မယ့် အဆောက် အဦးများ သည်လည်း ပိုမို ပေါ့ပါးကာ သယ်ယူပို့ဆောင်ရ လွယ်ကူပါမယ်။

ကမ္ဘာ နဲ့ အင်္ဂါဂြိုဟ်မှာ တူညီသော ရာသီဥတု ရှိပါတယ်။ တကယ်လို့သာ အင်္ဂါဂြိုဟ်မှာ နဲနဲလေး ပိုထူထပ် တဲ့ လေထုရှိလို့ကတော့ ဒီဂြိုဟ်နှစ်ခုရဲ့ ရာသီဥတုဟာ လုံးဝကို တူညီနေမှာဖြစ်ပါတယ်။ အင်္ဂါဂြိုဟ်ရဲ့ အပူချိန် ဟာ ၁ ဒီဂရီ ဖာရင်ဟိုက်မှ အနုတ် ၁၇၈ ဒီဂရီ ဖာရင်ဟိုက်အထိ ကွာခြားမှုရှိပါတယ်။ ကမ္ဘာထက် ပိုအေး ပါတယ်။

၂။ လျှို့ဝှက်သော သိပံ္ပ အချက်အလက်များ ရှိခြင်း
..........................................................
အင်္ဂါဂြိုဟ်မှာ သက်ရှိများ ရှိနေနိုင်တဲ့ အချက်အလက်တွေကို ရရှိဖူးပါတယ်။ (သက်ရှိဆိုတာ လူရယ်မှ မဟုတ်ပါဘူး သေးငယ်တဲ့ ဘက်တီးရီးယားလို အကောင်မျိုးကိုလည်း သက်ရှိသတ္တ၀ါလို့ သုံးပါတယ်။) အချို့ကတော့ ၁၉၇၆ ခုနှစ်က ဗိုက်ကင်း အာကာသယာဉ်ဟာ အင်္ဂါဂြိုဟ်ပေါ်မှာ တစ်ခုခုကို ရှာဖွေတွေ့ရှိခဲ့ လိမ့်မယ်လို့ ထင်ခဲ့ကြပါတယ်။ အင်္ဂါဂြိုဟ်က လွင့်စင်လာတဲ့ Martian meteorite လို့ခေါ်တဲ့ ဥက္ကာခဲထဲမှာ ဘက်တီးရီးယားလို အကောင်လေးတွေကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ဒီ့ထက်ကြီးတဲ့ အကောင်တွေ.. လူလို့ သက်ရှိသတ္တ၀ါတွေ တွေ့ရှိလို့ကတော့ Are we alone in the universe? ဆိုတဲ့ မေးခွန်းကြီး ကို ကောင်းကောင်း ဖြေပေးနိုင်တော့မှာ ဖြစ်ပါတော့တယ်...

၃။ ကမ္ဘာ နှင့် အပြန်အလှန် ဆက်သွယ်နိုင်ခြင်း
.........................................................
ယခုအချိန်မှာ ကမ္ဘာ အနီးမှာ နိုင်ငံတကာ အာကာသစခန်းဆိုပြီး အာကာသထဲမှာ ဓါတ်ခွဲစမ်းသပ်လို့ ရတဲ့ နေရာတွေ ပြုလုပ်ထားနိုင်နေပါပြီ။

တကယ်လို့ အင်္ဂါဂြိုဟ်ကို လူသားတွေ စေလွှတ်ပြီးရင်တော့ (သို့မဟုတ်) လူသားတွေ နေထိုင်နိုင်မယ် ဆိုလျှင်တော့... အင်္ဂါဂြိုဟ်သားတွေ ဖြစ်လာကြတော့မှာပေါ့..။ အဲ့ဒီ့အခါကျရင် ဂြိုဟ်သား အချင်းချင်း လွယ်ကူစွာ ဆက်သွယ်လို့ရပြီ။ စကားတွေ ပြောနိုင်ပါပြီ..

အခုအချိန်မှာ နိုင်ငံတွေကို လေယာဉ်ပျံစီးပြီးသွားနေသလို.. နောင်တစ်ချိန်မှာ ဒီဂြိုဟ်နှစ်ခုကို အာကာသ ယာဉ်ကြီး စီးပြီး သွားလာနိုင်တော့မည်။

၎။ စီးပွားရေးအကျိုးအမြတ်..
.....................................
အင်္ဂါဂြိုဟ် ကာလပေါက်ဈေးနဲ့ ဘယ်လောက်တန်ဖိုးရှိတယ်လို့ ထင်ပါသလဲ?? မြေဧရိယာ ၁၄၄ ထရီလီရန် စတုရန်းမီတာ ရှိတယ်။ ဒီယူထီရမ် (deuterium) လို့ခေါ်တဲ့ တည်ငြိမ်တဲ့ ဟိုက်ဒရိုဂျင် အိုက်ဆိုတုပ် (stable isotope of hydrogen) တွေ အများကြီးရှိတယ်... ဆိုလိုတာက ဟိုက်ဒရိုဂျင် စွမ်းအင် အများကြီး ထုတ်လို့ရ တယ်။ လေးလံတဲ့ ဟိုက်ဒရိုဂျင် အရည် တစ် မီလီ လီတာဟာ ကျောက်မီးသွေး တန်ချိန် ၂၀ ရဲ့ စွမ်းအင် နဲ့ ညီမျှပါတယ်။

ဒီ့အပြင် အင်္ဂါဂြိုဟ်မှာ ပလက်တီနံ၊ ရွှေ၊ ငွေ နဲ့ အခြား ရှားပါးတဲ့ တွင်းထွက်တွေလည်း အလျှံအပယ်ရှိနေပါ တယ်။ ထိုမျှမကသေး.. အင်္ဂါဂြိုဟ်ရဲ့ ဂြိုဟ်ရံလမှာလည်း သံ တို့ နီကယ်တို့ဟာ သူ့အချင်းအတိုင်း ရှိနေပါ တယ်။ အဲ့ဒီ့တော့...အင်္ဂါ ဂြိုဟ်ပေါ်က သယံဇာတတွေကိုတူးမယ်.. ဂြိုဟ်ကထွက်တဲ့ ဟိုက်ဒရိုဂျင်စွမ်းအင်နဲ့ အာကာသ ကုန်တင်ယာဉ်တွေကို ပြန်မောင်းပြီး ကမ္ဘာပေါ်ကို ကျောက်သံ ပတ္တမြားတွေ ယူဆောင်လာ... မိုင်းတွေတူးနေတဲ့ ဂြိုဟ်ရံလမှာ တစ်ထောက်နား... (မြန်မာသြဘာကြော်ငြာထဲက စကားနဲ့ ပြောရရင်..) ကဲ..ဦးကြီး... ဘာလိုသေးလဲဗျား....လို့တောင် ပြောလို့ရနေပါသေးတယ်...။

အာကာသနှင့် စကြ၀ဠာ
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...