၂၀၁၄ ခုနှစ်ရဲ့ အထူးခြားဆုံး နည်းပညာများ (အပိုင်း-၁)

Mario on 2014-12-11 19:00

၂၀၁၄ ခုနှစ် ကုန်ခါနီးမှာ တစ်နှစ်လုံး ရေပန်းစား ခဲ့တဲ့ နည်းပညာ ရေစီးကြောင်းပို ပြန်လှန် လေ့လာ ကြည့်မယ် ဆိုရင် PC ကွန်ပျူတာတွေ ၊ Laptop တွေ ၊ မိုဘိုင်းလ်ဖုန်းတွေ အမျိုးမျိုး ထွက်ရှိခဲ့ ပါတယ်။ အဲဒီလို များစွာသော နည်းပညာတွေ ထဲကမှ မတူညီ တဲ့ နည်းပညာ ၂ မျိုးကို ပေါင်းစပ် ဖန်တီးထားတဲ့ ထူးထူးဆန်းဆန်း စင်ပေါင်း(Hybrid) နည်းပညာနဲ့ ထုတ်ကုန် အချို့ကို ပြန်လည် တင်ပြချင်ပါတယ်။

၁။ Lenovo Yoga 3 Pro

၃၆၀ ဒီဂရီ အထိ မျက်နှာပြင်ကို လှည့်လို့ရပြီး ပေါ့ပါးတဲ့ အလေးချိန်နဲ့ ထုတ်လုပ် ထားတဲ့ Lenovo Yoga 3 Pro ဟာ ဒီနှစ်အတွက် အကောင်းဆုံး သယ်ယူ သွားနိုင်တဲ့ Mobile PC တစ်လုံး ပဲဖြစ်ပါတယ်။ နောက် ဆုံးပေါ် Intel Core M နည်းပညာကတော့ အံ့မခန်း စွမ်းဆောင်ရည်ကို ပေးနိုင်ပြီး ကြာရှည်ခံတဲ့ ဘက်ထရီ သက်တမ်းကိုလည်း ထည့်သွင်းပေး ထားပါတယ်။ ၁၃.၃ လက်မ ကျယ်ဝန်းတဲ့ မျက်နှာပြင် ဟာ 3200 x 1800 ကြည်လင်ပြတ်သားမှု ရှိတဲ့ Touchscreen ကို အထောက်အပံ့ ပေးပါတယ်။ Intel HD 5300 Graphic ကဒ် လည်းပါဝင်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၁၃၀၀ ၀န်းကျင် ဖြစ်ပါတယ်။

၂။ Alienware Alpha 

ဒီနှစ်ထဲမှာ ဂိမ်းသမားတွေအတွက် တစ်ခုတည်းသော အသေးစား PC ကွန်ပျူတာ တစ်မျိုးဖြစ်ပါတယ်။ PC အမျိုးအစား ဂိမ်းတွေကို တီဗွီနဲ့ချိတ်ဆက်ပြီး Xbox ဂိမ်းတွေလိုမျိုး ကစားနိုင်မယ့် Desktop PC တစ်မျိုး လည်းဖြစ်ပါတယ်။ ဒီနည်းပညာဟာ ၂၀၁၅ ခုနှစ်အထိ ရေပန်းစားနေဦးမယ်လို့ မျှော်လင့်ရ ပါတယ်။ ဈေးနှုန်း ကတော့ ဒေါ်လာ ၅၅၀ ၀န်းကျင် ရှိပါတယ်။

၃။ Apple iMac with 5K Retina display (27-inch) 

MacBook တွေထဲမှာမှ ဒီနှစ်ထဲ ထုတ်လုပ်ခဲ့တဲ့ 5K (5120 x 2880 ) ရုပ်ထွက်ကိုပေးနီုင်တဲ့ ၂၇ လက်မ iMac ဟာ အကောင်းဆုံး နည်းပညာ တစ်ခုဖြစ်နေ ဆဲပါ။ ဒီ iMac ကတော့ ဗီဒီယိုတွေနဲ့ပတ်သက်ပြီး တည်းဖြတ်ဖို့ အကောင်းဆုံး နည်းပညာဖြစ်ပါတယ်။ CPU ကတော့ 3.5GHz Intel Core i5 4690 ကို အသုံးပြုထားတဲ့အတွက် မြန်ဆန်တဲ့ စွမ်းဆောင်ရည် ကို ပေးနိုင်ပြီး 16GB DDR3 SDRAM 1600MHz Memory ကို သုံးထားသလို 1TB ရှိတဲ့ အတွင်းပိုင်း သိုလှောင်ခန်း ကလည်း အားရစရာပါပဲ။ ဈေးနှုန်း ကတော့ ဒေါ်လာ ၂၄၀၀ ၀န်းကျင်ရှိတယ်လို့သိရပါတယ်။

Ref:cnet.com
Trend Myanmar
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...