သင်သည်သာ ​သ​င့်​ဘဝ​ရဲ့​ မန်ေ​နဂျာ

Written by သ​ရက်တ​န်း​ စိုးေ​ရွှ (စိတ်ပ​ညာ)

မိခင်၏ ဝမ်းအတွင်းမှ ထုံးဖြူဖြူ အုတ်ဂူအထိ သွားသော ခရီးကို ဘဝခရီးဟု အလွယ် ဆိုနိုင်ပေသည်။ ဘဝတစ်ခုကို ရလာသူ တိုင်း မဖြစ်မနေ လုပ်ဆောင်ရသော အရာမှာ စီမံခန့်ခွဲခြင်း များ ပင်ဖြစ်သည်။ တစ် နည်းအားဖြင့်လူသည် ကိုယ့်ဘဝ အတွက် တာ ကိုယ်သာမန်နေဂျာ ဖြစ်နေ တတ်ပေသည်။ မန်နေဂျာ တစ်ဦးအတွက် စီမံခန့်ခွဲမှု တို့ကောင်းရန် လိုအပ်လှပေသည်။ ထို့အပြင်လူတိုင်းမသိမသာ ပြုမူနေသော စီမံခန့်ခွဲမှု ကလေးများ ကို မေ့နေတတ်ကြပေသည်။ လူတိုင်းသည် ကိုယ့်ဘဝအတွက် မန်နေဂျာဖြစ် သည့်အတွက် အိပ်ရာထမှစကာ မျက်နှာသစ်ခြင်း၊ သွားတိုက်ခြင်း၊ အိမ်မှုကိစ္စ လုပ်ခြင်းမှ အမျိုးမျိုး ကိုယ်တိုင် စီမံခန့်ခွဲ လုပ်ဆောင်ပြီး ဖြစ်နေပေသည်။ သို့အတွက် စာရှုသူပထမဦးစွာ သိရှိရသည့် အရာမှာ လူတိုင်းဟာ မန်နေဂျာ ပင်ဖြစ်ပေသည်။

လူတိုင်းနေ့စဉ် သင်ယူနေကြရသည်။ အသက်ကြီးသည်အထိ သင်ယူနေကြရသည့် လူမှုပတ်ဝန်းကျင် မှလူတိုင်းကို သင်ပေးနေမြဲပင် ဖြစ်သည်။ အသက် ၈၀ အရွယ်အဘွားဖြစ်သူမှ သူ့မြေးမလေး ဝတ်စား ပုံကိုကြည့်ကာ စိုးရိမ်စွာ သတိပေးသောစကားတွင် “ငါ့မြေး ထမီကွဲနေတယ်ဟဲ့ မသိဘူးလား” ဟု မေး လာတတ်ပေသည်။ မြေးဖြစ်သူက ထမီကွဲတာမဟုတ်ပါဘူး ထမီစကတ်ကို သက်သက် ခွဲထားတာဟု ရှင်းပြချင်သည်ပင် အလိုလို သင်ယူပြီးဖြစ်သွား တတ်ပေသည်။

သင်ယူခြင်းနှင့် ပတ်သက်သမျှ သုတေသနပြုလုပ်ထားသည်မှာ ကြားခြင်းသည် ၂၀ ရာခိုင်နှုန်းမှတ်မိ စေ သည်။ ငါကြားတယ်။ ငါမေ့တယ်ဟု အလွယ်မှတ်ထားလေ့ရှိသည်။ မြင်ခြင်းသည် ၂၀ ရာခိုင်နှုန်း မှတ်မိစေ ကာ မြင်ခြင်းသည် စွဲမြဲစေပြီး ငါမြင်တယ် ငါမှတ်မိတယ်ဟု မှတ်သားလေ့ရှိသည်။

ထို့အတူပင် ကိုယ်တိုင်လက်တွေ့ပြုမူခြင်းသည် ၈၀ ရာခိုင်နှုန်းအထိ မှတ်မိပြီးပြုလုပ်ရန် အသင့်တော် ဆုံးနှင့် အသုံးအဝင်ဆုံးပင်ဖြစ်သည်။ အလွယ်မှတ်သားမှုတွင် ငါကိုယ်တိုင်လုပ်တယ်။ ငါနားလည်သွား ပြီဟု မှတ်သား ထားတတ်ကြပေသည်။

လူတိုင်းကိုယ့်ဘဝအတွက် မန်နေဂျာဖြစ်သည့်အတွက် ကိုယ့်ဘဝအောင်မြင်ရေးအတွက် အဓိက ဆောင် ထား ရမည့် အရာတစ်ခု ရှိပေသည်။ ထိုအရာမှာ စေ့ဆော် တိုက်တွန်းခြင်း စိတ်တွန်းအားပေးခြင်း (Mothivation) ပင်ဖြစ်သည်။ လုပ်ကိုင်ဆောင်ရွက်မှုအစုစုတွင် စိတ်တက်ကြွစွာ ပါဝင်ဆောင်ရေး စိတ်ကို တွန်းအားပေးကြ ရပေမည်။

တောင်တက်မည်ဆိုပါက တောင်တက် ကြတာပေါ့ဆိုသော လေသံထက် တက်မယ်ကွာ ရောက်အောင် တက်မယ်ဆိုသော အားပါသည့် လေသံတို့ဖြစ်အောင် တွန်းအားပေးကြရပေမည်။ ပြေးမည်ဆိုက ပြေး ကြတာပေါ့ဆိုခြင်းထက် ပြေးမယ်ကွာ ပန်းတိုင်ရောက်အောင် ပြေးမယ်ဟုဆိုကာ ပြေးသင့်လှပေသည်။

အနေအထိုင်အပြုအမူ အပြောအဆိုတိုင်း တက်ကြွနေစေရန် ဘဝမန်နေဂျာများ ပြုလုပ်ပေးကြရပေ မည်။ ကိုယ့်ဘဝအတွက် ကိုယ်တိုင်တက်ကြွစွာ စီမံတတ်ကြရပေမည်။ ဘဝမန်နေရဂျာများ အောင်မြင် ရေးအတွက် သစ္စာရှိခြင်း၊ ပန်းတိုင်ရှိခြင်း၊ အကောင်းမြင်တွေးတတ်ခြင်း၊ ဖြစ်နိုင်ခြေဘက်မှ စတင်ခြင်း၊ အောင်မြင်မှု မရမခြင်းဆက်လက် လုပ်ဆောင်တတ်သော ဇွဲများရှိအောင်မွေးမြူကြရပေမည်။ အောင်မြင် လိုသူ တိုင်း အောင်မြင်စေသည့် သီအိုရီများကို လေ့လာကျင့်သုံးကြရမည်ဖြစ်သည်။

၂၁ ရာစုတွင် အောင်မြင်တိုးတက်ရေး အဘက်ဘက်မှ ထူးချွန်သူများကို တိုင်းတာရာတွင် စံငါးချက် ဖြင့် တိုင်းတာတတ်သည်။ ထိုစံများမှ 1. Physical Quotient (pQ) 2. Intellectual Quotient (IQ) 3. Emotional Quotient (EQ) 4. Social Quotient 5. Cultural Quotient တို့ပင်ဖြစ်သည်။ သက်ဆိုင် ရာအထူးပြု လုပ်ငန်းစဉ်အလိုက် သက်ဆိုင်ရာ စွမ်းဆောင်မှုတို့ အားသာခြင်းအားနည်းခြင်းပေါ် ကြည့်ရှု ဆုံးဖြတ်နိုင်ပေသည်။

သာမန်ပြောဆိုသော အရွယ်သုံးပါး လုပ်ငန်းစဉ်တွင် ပထမအရွယ်ပညာရှာ၊ ဒုတိယအရွယ် ဥစ္စာရှာ၊ တတိယ အရွယ်တရားရှာဟု သတ်မှတ်ထားပေသည်။ ဘဝမန်နေဂျာကောင်း များအတွက်မူ အရွယ် သုံးပါးတွင် လုပ်ဆောင်ရန် အချက်များစွာပါဝင်နေပေသည်။

ပထမအရွယ် ပညာရှာဖွေခြင်းတွင် ပညာရှာခြင်းလုပ်ငန်းခွင်ဝင်ကာ လုပ်ငန်းခွင်အတွင်းမှ ထပ်မံပညာ ရှာခြင်း မိမိကျင်လည်ရာ လူမှုပတ်ဝန်းကျင်ကမ္ဘာတစ်ခွင် ဖြစ်ပျက်နေသမျှထဲမှ ပညာရှာခြင်းများမှ သည် မိမိမိသားစုဘဝကို စတင်တည်ထောင်ခြင်းများလည်း ပါဝင်နေပေသည်။

ဒုတိယအရွယ်အတွက်မူ လုပ်ငန်းခွင်အတွင်း လူမှုဝန်းကျင်အတွင်း အောင်မြင်မှုကို ဖော်ဆောင်ကြရ ပေ မည်။ အောင်မြင်ခြင်းကျရှုံးခြင်း၊ ဖြစ်ရပ်များ အခက်အခဲများစွာ အတွင်းမှ အတွေ့အကြုံများကို အခြေခံကာ မျှတမှုကို ရယူကြရမည်ဖြစ်သည်။ အစွန်းရောက်ခြင်း မရှိသောအလယ်အလတ် လမ်းစဉ် ဖြင့်သာ ဆောင် ရွက်နိုင်အောင် ကြိုးစားကြရပေမည်။

ထို့အတူပင် ပတ်ဝန်းကျင်အသိုက်အဝိုင်း လူမှုဖွံ့ဖြိုးမှုများကိုလည်း ဟန်ချက် ညီညီဆောင်ရွက်ပေး တတ် ရပေမည်။ ဒုတိယအရွယ် လုပ်ဆောင်ဖွယ်ရာ များစွာထဲတွင် နောက်ဆုံးအနေဖြင့် မိဘများကို ကူ ညီနိုင်သော သားကောင်း၊ သမီးကောင်းများဖြစ်အောင် စွမ်းဆောင်ကြိုးစား ကြရပေမည်။ သို့မှသာ ကိုယ်တိုင်ကောင်းစွာ စီမံခန့်ခွဲတတ်သည့် ဘဝမန်နေဂျာကောင်း တစ်ဦး ဖြစ်လာပေမည်။

တတိယအရွယ်၏ လုပ်ဆောင်မှုတွင်မူ အသက်အရွယ် အပိုင်းအခြားအရ အနားယူမှုတို့ ပြုလုပ်ကြရပေမည်။ ရုပ်ပိုင်းဆိုင်ရာများကို ဂရုပြုလာကြရပေမည်။ ကျန်းမာရေးအတွက် ဂရုစိုက်ပေးလာကြရပေမည်။ လုပ်ငန်းမှ အနားယူကာ ဘဝအတွက် အကောင်းဆုံး ပြင်ဆင်ရမည့် ကာလများပင်ဖြစ်သည်။ တာဝန် ကျေသူ၊ မိဘ ကိုကောင်းစွာ လုပ်ကျွေးနိုင်ခဲ့သူ၊ တိုင်းပြည်တာဝန်ကိုကျေပွန်ခဲ့သူ၊ ပတ်ဝန်းကျင်အတွက် ကောင်းကျိုးပြုနိုင်ခဲ့ သူအဖြစ် စာရင်းဝင်အောင်ပြုလုပ်ကာ ရဲရဲရင့်ရင့် တာဝန်ကျေစွာသေခြင်းအတွက် ပြင်ဆင်ကြရပေမည်။

ထို့နောက်တွင် ကိုယ်တိုင် စီမံခဲ့သော ကိုယ့်ဘဝမန်နေဂျာ တစ်ဦးအနေဖြင့် မျိုးဆက်သစ်တို့ကို သမိုင်း ကောင်းများ ညွှန်ပြခြင်းဖြင့် လက်ဆင့်ကမ်းရပေမည်။

စာရှုသူအဆွေ . . . . . သင့်ဘဝအတွက်သာ . . . . . . သင်သာမန်နေဂျာပင်ဖြစ်သည်။ သင်နေ့စဉ် ပြုမူပြော ဆို လုပ်ကိုင်မှုတိုင်းသည် သင်၏စီမံခန့်ခွဲမှုများပင်ဖြစ်သည်။ သင်၏ သမိုင်းကောင်းရေး သင် ကိုယ်တိုင် သင်ယူ လုပ်ကိုင်ပေးကြရပေမည်။ သို့အတွက် လူတိုင်းသည် ကိုယ့်ဘဝအတွက် ကိုယ်တိုင် မန်နေဂျာ များဖြစ်နေသောကြောင့် စကားတစ်ခွန်းပြောလိုသည်က ‘ကိုယ့်ဘဝအတွက်သာ ကိုယ်တိုင် မန်နေဂျာ’ ဟူ၍သာလျှင် ဖြစ်ပေသည်။

ကြေးမုံသတင်းစာ
နိုဝင်ဘာ (၁၁) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...